ညလေပြေညှင်းက ဖြူငယ့်ဆံနွယ်ပျော့ပျော့များကို တိုးဝှေ့ဆော့ကစားသောအခါ ရှုပ်ထွေးနေသော စိတ်များ အနည်းငယ် ပြန်ကြည်လင်လာရသည်။ ဖြူငယ့် ပထမနှစ်စာမေးပွဲက နီးနေပြီ။ အခန်းအောင်းပြီး တချိန်လုံး စာကြည့်နေရသဖြင့် ခေါင်းတွေမူးကာ မကြည်မလင်ဖြစ်နေသော စိတ်များ ဖြေလျှော့ရန် ဝရံတာသို့ ထွက်လာခြင်း ဖြစ်သည်။
” ဖြူလေး မအိပ်သေးဘူးလား”
“ဟင်”
ရုတ်တရက် အနီးကပ်ကြားလိုက်ရသော အသံကြောင့် ဖြူငယ် လန့်ဖြန့်ကာ ကိုယ်လုံးလေးပင် တုန်တက်သွားရသည်။
“ကိုကြီးမင်းသစ် ဖြူစာကျက်ရင်း ခေါင်းမူးလာလို့ ခဏထွက်လာတာ”
“ညဉ့်နက်နေပြီ ဖြူလေးရဲ့။ စာကို နားနားနေနေ လုပ်မှပေါ့”
ဖြူငယ့်တစ်ကိုယ်လုံးကို သိမ်းကျုံးစိုက်ကြည့်နေသော မျက်ဝန်းများကြောင့် ပါးပြင်တွင် ရှက်သွေးလေးများ ဖြန်းခနဲနေအောင် ထသွားရသည်။ ပါးလျသော ညအိပ်ဂါဝန်ဖြူဖြူလေးအောက်တွင် ဖြူငယ် ဘာမှခံမဝတ်ထားမိပါ။ ဒီအချိန် အိမ်သားအားလုံး အိပ်လောက်ပြီ အထင်နှင့် အခန်းထဲမှထွက်ကာ ဝရံတာဘက်လာခဲ့ခြင်း ဖြစ်သည်။
“ဖြူ သွားအိပ်တော့မယ် ကိုကြီး ”
“အေးအေး ကိုကြီးလည်း အပေါ်ထပ် မီးပိတ်ဖို့ ထွက်လာတာ။ ဖြူလေးဝင်ပြီးမှ ပိတ်မယ် သွားသွား”
ဖြူငယ် မင်းသစ်ရှေ့က သုတ်သုတ်လေးပင် ထွက်လာခဲ့သည်။ သူမအခန်းနှင့် မင်းသစ်အခန်းက ကပ်လျက်။ သူမအခန်းမရောက်မှီ မင်းသစ်အခန်းရှေ့မှာပင် ရုတ်တရက် မီးကပျက်သွားလေသည်။
“အမလေး ”
ရုတ်တရက် ပိန်းပိတ်အောင် မှောင်သွားသဖြင့် ဖြူငယ် လန့်သွားရသည်။ သူမက အမှောင်ကို ကြောက်သည်လေ။
“ဖြူလေး မကြောက်နဲ့ ကိုကြီးရှိတယ်”
အမှောင်ထဲဝယ် ရုတ်တရက် ကိုယ်ကိုနောက်ပြန်လှည့်မိတော့ မင်းသစ်ကိုယ်လုံးနဲ့ ဝင်တိုက်မိကာ ဖြူငယ့်တစ်ကိုယ်လုံး မင်းသစ်ရင်ခွင်ထဲ ရောက်သွားရသည်။ မင်းသစ်က ဆွဲဖက်ထားလိုက်သည်ကိုး။
“အဲ့ ကိုကြီး ”
ဖြူငယ့်ကိုယ်လုံး ထွေးထွေးအိအိလေး ရင်ခွင်ထဲရောက်လာသောအခါ မင်းသစ် စိတ်မထိန်းနိုင်ဘဲ ပါးပြင်ရှိမည် ထင်သော နေရာကိုစမ်းကာ အနမ်းချွေလိုက်မိသည်။ သို့သော် မင်းသစ်၏ နှုတ်ခမ်းများနှင့် ထိစပ်မိသော နေရာမှာ ဖြူငယ့်ပါးပြင်မဟုတ်ဘဲ နှုတ်ခမ်းဖူးဖူးလေး ဖြစ်နေကြောင်း သိလိုက်ရပြီးနောက် မင်းသစ် ပိုရွေ့ပင် နောက်မဆုတ်ချင်တော့။
ဖြူငယ်ကလည်း သူ့အနမ်းတွေကို ငြိမ်သက်စွာခံယူနေသည်။ ဖြူငယ့်ကိုယ်လုံးလေးကို ထွေးပိုက်ထားရင်း မင်းသစ်လက်များက ပါးလွှာသော ဂါဝန်အောက်က အကာအကွယ်မရှိသော ရင်သားလုံးလုံးလေးကို သွားစမ်းမိသောအခါ ဖြူငယ့် အသက်ရှူသံတွေ ပိုမြန်လာသယောင် ထင်ရသည်။ နုနယ်သော ရင်သားလုံးလုံးအိအိလေးကို မင်းသစ်လက်ဖြင့် ဖြစ်ညှစ်ပေးနေမိသည်။ ဂါဝန်ကပါးလွန်းတော့ နို့သီးခေါင်းလေးကိုပင် စမ်းမိနေသည်။ လက်မနှင့် အသာပွတ်ဆွဲလိုက်တော့ ဖြူငယ့်တစ်ကိုယ်လုံး တုန်တက်သွားသည်။ မင်းသစ်အနမ်းတွေကို နှုတ်ခမ်းမှတဆင့် လည်တိုင်ကျော့ကျော့လေးဆီသို့ ပို့လိုက်တော့ ဖြူငယ့်နှုတ်ခမ်းဖျားမှ အသံလေးတွေ ထွက်လာသည်။
“အ အင်း ကျွတ်”
စာဖြင့်ရေးပြလို့ မတတ်နိုင်သော မပီမပြင် ညည်းသံလေးများပင် ဖြစ်ပါသည်။ ထိုအခိုက်မှာပင် မီးက ပြန်လာသည်။ လုံးထွေးနေသော နှစ်ယောက်သား မျက်လုံးများပြာဝေကာ လူချင်းခွဲလိုက်ရသည်။ ဖြူငယ့်မျက်နှာကို ကြည့်လိုက်သော ရှက်သွေးဖြင့် ပန်းရောင်သန်းနေကာ မင်းသစ်စုပ်ဆွဲထားသော နှုတ်ခမ်းဖူးလေးများက သာမန်ထက် ရဲရဲနီနေသည်။ ဖြူငယ် မင်းသစ်ကို မျက်စောင်းလှလှလေးတစ်ချက်ထိုးကာ သူမအခန်းထဲ ပြေးဝင်လိုက်သည်။
“အော် စာမေးပွဲနီးနေခါမှ ရင်ခုန်စရာတွေ လာပေးနေပါလား ကိုကြီးရယ် ”
မင်းသစ်မြင့်မားက အသက်သုံးဆယ်အရွယ် စီးပွားရေးအောင်မြင်နေသော လူငယ်လုပ်ငန်းရှင်တစ်ယောက် ဖြစ်သည်။ ငယ်ငယ်လေးထဲက အဖေနှင့်အမေ ဆုံးပါးကာ ဦးလေးဖြစ်သူ ထောက်ပံ့မှုဖြင့် ကျောင်းနေပြီး ချမ်းသာသော ဘဝရောက်အောင် ကြိုးစားခဲ့ရသည်။ ဦးလေးက နိုင်ငံခြားမှာ အလွန်အဆင်ပြေနေတော့ သူ့ကို လိုလေးသေးမရှိ လှမ်းထောက်ပံ့သည်။ အခုချိန်မှာ ဦးလေးရဲ့ အကူအညီ မလိုတော့။ သူ့အတိုင်းအတာနှင့် အမြင့်ဆုံး မဟုတ်တောင် သူ့တစ်ယောက်အတွက်သာမက သူများကိုပင် ထောက်ပံ့ကူညီနိုင်သူတစ်ယောက် ဖြစ်လာသည်။
မင်းသစ်မြင့်မားသည် ငယ်စဉ်ကတည်းက မိဘမဲ့ခဲ့ရသဖြင့် မိဘမဲ့ကလေးကျောင်းများကို တတ်နိုင်သမျှ လှူဒါန်းထောက်ပံ့သည်။ သူ့အိမ်တွင်လည်း မိဘမဲ့ကလေး နှစ်ယောက်ကို မွေးစားထားသည်။ တစ်တန်းနှင့် နှစ်တန်းအရွယ် မောင်နှမနှစ်ယောက်ဖြစ်သည်။ ကလေးများကို ထမင်းချက်အဒေါ်ကြီး ဒေါ်ပုနှင့် သူ့ယောက်ျား ဦးသံခဲတို့က ထိန်းကျောင်းပေးသည်။
ဖြူငယ်အေးချမ်းသည် မင်းသစ်ရဲ့သူငယ်ချင်း ဇေယျ ၏ ညီမဖြစ်သည်။ ဆယ်တန်းအောင်သော် မွေးရပ်တွင် ကျောင်းမတက်ချင်၊ ရန်ကုန်မှာပဲ တက်ချင်သည် ဆိုသဖြင့် မင်းသစ်အိမ်မှာနေ၍ ကျောင်းတက်နေခြင်း ဖြစ်သည်။ သူ့ဘာသာ အဆောင်ဖြစ်ဖြစ် တိုက်ခန်းဖြစ်ဖြစ် ငှားနေနိုင်သော်လည်း အစ်ကိုဖြစ်သူက စိတ်မချသဖြင့် မင်းသစ်ကို အကူအညီတောင်းခြင်း ဖြစ်သည်။ အသားဖြူဖြူ မျက်လုံးဝိုင်းဝိုင်းလေးနှင့် လှလွန်းသည် မဟုတ်သော်လည်း ချစ်စရာကောင်းသော ဖြူငယ့်ကို မင်းသစ် မြင်မြင်ချင်း သဘောကျခဲ့သည်။ သူငယ်ချင်းညီမဖြစ်သဖြင့် မတော်ပါဘူးဟု စိတ်ထိန်းကာ ညီမတစ်ယောက်လို ဆက်ဆံရင်း အချစ်စိတ်တွေကို သိုဝှက်ထားခဲ့ရသည်မှာ တစ်နှစ်နီးပါးပင် ရှိခဲ့ပြီ ဖြစ်သည်။
ထိုသို့ ထိန်းလာသည့်ကြားမှ ဒီနေ့တော့ မင်းသစ်စိတ်တွေ ခဏတာ လွတ်သွားခဲ့သည်။ အိမ်ပေါ်မှာ သူတို့ ၂ ယောက်တည်း ရှိနေသဖြင့်လည်း ပိုမိုရဲတင်းမိခဲ့ခြင်း ဖြစ်သည်။ ခါတိုင်းဆို ကျော်ဘုန်းနေခန့်က ရှိနေသည်။
ကျော်ဘုန်းနေခန့်ခေါ် ကျော်ကျော်သည် မင်းသစ်၏ကျေးဇူးရှင် ဦးလေး၏သားအရင်း ဖြစ်သည်။ ကိုးတန်းအရွယ်အထိ နိုင်ငံခြားတွင် နေလာရင်းက မြန်မာပြည်သို့ အလည်လာပြီး ပျော်သွားကာ နိုင်ငံခြားမပြန်နိုင် ဖြစ်သွားခြင်း ဖြစ်သည်။ ကျော်ကျော်သည် ဖြူငယ်နှင့် တက္ကသိုလ်အတူတူ ဖြစ်သည်။ ဖြူငယ့်ထက် တစ်နှစ်ကြီးသည်။ ဖြူငယ် အိမ်ရောက်လာကတည်းက မသိလိုက် မသိဘာသာပင်နေသဖြင့် ဖြူငယ်နှင့် သိပ်မရင်းနှီး။ မာနကြီးသလို ထင်ရလေသည်။ တစ်အိမ်တည်းနေသူချင်းမို့ တစ်ခါတလေ ကတောက်ကဆလေးတွေ ဖြစ်တတ်သော်လည်း အိမ်ရှင်တွေပဲဟု သဘောပိုက်ကာ ဖြူငယ်ကပင် ရှောင်နေလိုက်သည်။
ကျောင်းချင်း အတူတူပင် ဖြစ်သော်လည်း ဖြူငယ်က ကျောင်းကားစီးပြီး သူက ကိုယ်ပိုင်ကားနှင့်တက်သည်။ ဖြူငယ့်ကို တစ်ခါမှ လိုက်ဖို့ မခေါ်ဖူးသလို ဖြူငယ်ကလည်း လိုက်မစီးလိုပါ။ ဖြူငယ် သဘောကျသည်က မင်းသစ်ကိုပင်ဖြစ်သည်။
မင်းသစ်က အရပ်ရှည်ရှည် ထောင်ထောင်မောင်းမောင်းနှင့် ရင်အုပ်ထွားထွား ယောကျာ်းပီသသော ခန္ဒာကိုယ်ပိုင်ရှင် ဖြစ်သည်။ အသားအရည်က မဖြူလွန်း မညိုလွန်းပဲ အနေတော် ကြည့်ကောင်းသည်။ ဖြူငယ် အနှစ်သက်ဆုံးက မင်းသစ်၏ စူးရှတောက်ပသော မျက်ဝန်းတစ်စုံကို ဖြစ်သည်။ ထိုမျက်ဝန်းများနှင့် အကြည့်ခံလိုက်ရလျှင် ဖြူငယ်တစ်ကိုယ်လုံး ဖောက်ထွင်းသွားသလို ခံစားရသည်။ မင်းသစ်၏ အကြည့်စူးစူးနှင့် ကြုံလိုက်တိုင်း ဖြူငယ် မခံနိုင်ဘဲ မျက်လွှာချရသည်သာ ဖြစ်သည်။ ထိုအကြည့်ကို ဖြူငယ်က မှော်ဆရာအကြည့်ဟု ကိုယ့်ဘာသာ တိတ်တိတ်လေး နာမည်ပေးထားသည်။ ညှို့ယူဖမ်းစားနိုင်လွန်းသော မှော်ဆရာ၏ နှုတ်မှ ချစ်စကားကို ဖြူငယ် စောင့်စားခဲ့ရသည်မှာ ကာလအတော်ကြာပြီ ဖြစ်သော်လည်း ဒီနေ့လို အဖြစ်မျိုးကိုတော့ တစ်သက်နှင့်တစ်ကိုယ် မမျှော်လင့်ဖူးပါ……….။
🏵️အခန်း (၂)🏵️
ဖြူငယ်တို့ နှစ်ဝက်စာမေးပွဲ မနက်ဖြန်ဆို ပြီးပြီ။ ဒီကြားထဲမှာ မင်းသစ်ကလည်း အလုပ်တွေပဲ အရမ်းရှုပ်နေလို့လား၊ မီးပျက်တဲ့ညက ကိစ္စကို မျက်နှာပူသည်လားမသိ မနက်ဆို အစောကြီးထွက်သွားကာ ညဆိုလည်း အတော်ညဉ့်နက်မှ ပြန်ပြန်လာသည်။ ဖြူငယ်တစ်ယောက်လည်း ဖြစ်ခဲ့သည့်ကိစ္စကို မကြာခဏ တွေးမိတိုင်း ရင်ခုန်မိပေမဲ့ စာလည်းကြည့်ရသေးသည်မို့ တတ်နိုင်သလောက် ခေါင်းထဲက မေ့ထားဖြစ်သည်။ တွေးမိတဲ့အခါတိုင်းလည်း အတွေးတွေက အမျိုးမျိုး ပြောင်းနေသည်။
တစ်အိမ်တည်း ရင်းရင်းနှီးနှီးနေခဲ့ပေမဲ့ တစ်ခါမှ အခွင့်အရေး မယူဖူးသူ၊ မင်းသစ်က တကယ်တမ်းကြတော့လည်း လက်ရဲဇက်ရဲ နိုင်လွန်းလှသည်။ နောက်ပိုင်းကြတော့လည်း ဘာမှမဖြစ်သလိုနေကာ ဖြူငယ့်ကို စကား တစ်ခွန်းတလေတောင် လာမပြော။ ပြန်တွေးကြည့်တော့လည်း စကားလာပြောရင် ဖြူငယ် ရှက်လွန်းလို့ မျက်နှာကို ဘယ်မှာထားရမှန်းတောင် သိမည်မဟုတ်ပါ။
မင်းသစ်အတွက် ဘယ်လိုနေလဲ မသိပေမဲ့ ရည်းစားမထားဖူးသော အပျိုရိုင်းလေး ဖြူငယ့်အတွက် မင်းသစ်ပေးသွားသော အတွေ့အကြုံက အကြီးကြီး ဖြစ်နေသည်။ ထို့ကြောင့် ဖြူငယ် တိတ်တခိုး စွဲလမ်းနေရသူ မင်းသစ်ကို စိတ်ဆိုးရမည်လား ရှက်ရမည်လား ဝေခွဲရခက်စွာဖြင့် ဒီတစ်ညလည်း အတွေးနွံထဲ နှစ်မျောရင်း ဖြူငယ် အိပ်ပျော်ရပြန်သည်။
“ဖြူလေး…..”
“အော်….ကိုကြီး”
“ဒီနေ့ စာမေးပွဲတွေ အကုန်ပြီးပြီဆို….။ အစောကြီးပြန်လာတာ ဖြေနိုင်ရဲ့လား…။ သူငယ်ချင်းတွေနဲ့ လျှောက်မလည်ကြဘူးလား…”
“ဟုတ်.. ဖြေနိုင်ပါတယ်….။ ညကြမှ ရှိုးပွဲသွားကြည့်မလို့ ဥမ္မာတို့ကို လာခေါ်ခိုင်းထားတယ်…”
“အော်… ကျော်ကျော်လည်း အဲ့ရှိုးပွဲသွားမယ်ပြောတယ်….။ ညနက်မှာပေါ့…..”
ဖြူငယ် ဘာဆက်ပြောရမှန်းမသိတော့ ဒန်းလေးပေါ်ထိုင်နေရင်း ခေါင်းကိုငုံ့ထားလိုက်သည်။ မင်းသစ်က မတ်တပ်ရပ်ရင်း ဖြူငယ့်ကို စိုက်ကြည့်နေသည်။ သူ့အကြည့်တွေကို ဖြူငယ် ရင်မဆိုင်ချင်တော့။ တစ်ပတ်လောက် အခေါ်အပြော မလုပ်ဘဲ စာမေးပွဲပြီးလို့ အိမ်ပြန်ခါနီးမှ စကားတွေလာပြောနေသော သူ့ကို စိတ်နာသလိုလို ဖြစ်နေမိသည်။
“ဖြူလေး……. ကိုယ်လေ……။ ဟို……… တနေ့ညက ကိစ္စလေ ကိုယ်အနူးအညွတ် တောင်းပန်ပါတယ်ကွာ………။ ကိုယ် စိတ်မထိန်းနိုင် ဖြစ်သွားလို့ပါ…………….”
စကားကို တစ်လုံးချင်းပြောနေသော မင်းသစ်ကို ဖြူငယ် အကြည့်စူးစူးဖြင့် မော့ကြည့်လိုက်ရင်း…
“ဘာကို စိတ်မထိန်းနိုင်တာလဲဟင်……..။ ကိုကြီး ဘာလို့ အဲလိုလုပ်တာလဲ……”
“ဟိုလေ… ဟင်းး… မီးပျက်သွားပြီးတော့လေ ဟို.. ကိုယ်လည်းမသိတော့ဘူးကွာ……..။ ဖြူလေးက ကိုယ့်ရင်ခွင်ထဲ ရောက်နေပြီး ကိုယ်မထိန်းနိုင်လိုက်တာ…။ ပြီးတော့ ကိုယ် ဖြူလေးကိုလေ………..”
“ဟားး….. ကိုမင်းသစ်က ဒီရောက်နေတာကိုး။ ကျနော်က လိုက်ရှာနေတာ……။ ဟဲဟဲ… ကျနော် ပိုက်ဆံပြတ်သွားလို့ နည်းနည်းလောက် ပေးပါဦး”
“အော် အေး ညီလေး… အပေါ်တစ်ခါတည်း လိုက်ခဲ့လေ…..။ အစ်ကို့ပိုက်ဆံအိတ်က အပေါ်မှာ… ”
ဖြူငယ် တော်တော်စိတ်ပျက်သွားသည်။ ကောင်းခန်းရောက်မှ မသာလေးကျော်ကျော်က ဝင်နှောက်ယှက်ပြန်ပြီ။ ပုခုံးဖက်ပြီး ထွက်သွားသော ညီအစ်ကိုနှစ်ယောက် ကျောပြင်အား ဖြူငယ် မျက်စောင်းကြီးကြီး ထိုးပစ်လိုက်သည်။
ဖြူငယ် အခုဆို မော်လမြိုင်ကို ပြန်ရောက်နေပြီ။ တစ်နေ့တစ်နေ့ အိမ်မှာနေရင်း မင်းသစ်အကြောင်းတွေပဲ စဉ်းစားနေမိသည်။ ရန်ကုန်ကပြန်တဲ့နေ့က သူမကိုလိုက်ပို့တာ မျက်နှာငယ်လေးနဲ့ ကိုယ်ဖုန်းဆက်လိုက်မယ်နော် မြန်မြန်ပြန်လာခဲ့နော် ဆိုပြီး မှာတမ်းချွေခဲ့တာတွေ တွေးရင်း သူ့အပေါ် စိတ်ဆိုးမိတာတွေ ဘယ်ရောက်သွားမှန်းတောင် မသိတော့ပါ။ ဖြူငယ်ပြန်ရောက်ပြီး တစ်ပတ်လောက်အကြာမှာပင် မင်းသစ်က သူမအား ဖုန်းထဲမှ ဖွင့်ပြောခဲ့ပြီး ချစ်သူတွေ ဖြစ်ခဲ့ကြသည်။ လွမ်းလွန်းလှပြီဖြစ်သော မင်းသစ်၏မျက်နှာကို မြင်ရဖို့ ကျောင်းပြန်မဖွင့်ခင် တစ်လလောက်အလိုကတည်းက ရန်ကုန်ပြန်ရန် အိမ်ကို အကြောင်းအမျိုးမျိုးပြထားပြီ ဖြစ်သည်။
ဖြူငယ် ရန်ကုန်ကို မောကြီးပန်းကြီး ပြန်ရောက်လာတော့ မင်းသစ်က အိမ်မှာမရှိ။ အလုပ်သွားချိန်မို့ မရှိလောက်ပါဘူးဟု ကြိုမျှော်လင့်ထားပေမဲ့ တကယ်တမ်း မတွေ့ရတော့လည်း ရင်ထဲ မောသလိုလို ဖြစ်သွားသည်။ ခရီးလည်းပန်းတာကြောင့် ရေဝဝချိုးပြီး ကုတင်ပေါ် ခဏလှဲရင်း အိပ်ပျော်သွားသည်။ အိပ်ရာကနိုးလာပြီး အခန်းပြင်ထွက်ကြည့်တော့ မင်းသစ်က အိမ်ရှေ့ခန်း ဆိုဖာပေါ်မှာ ထိုင်နေသည်။ သူမကိုတွေ့တော့ ပြုံးစစဖြင့်
“ဖြူလေး နိုးပြီလား……. လာထိုင်ပါဦး”
ဖြူငယ် မင်းသစ်နှင့် မျက်နှာချင်းဆိုင် ဆိုဖာမှာ ဝင်ထိုင်လိုက်သည်။
“ကိုယ် ဖြူလေးကို အရမ်းလွမ်းနေတာ..။ အလုပ်တွေတောင် ဒီနေ့ နေ့တစ်ပိုင်းနဲ့ ဖြတ်ထားပြီး ပြန်လာခဲ့တာ..။ လာမကြိုဖြစ်တာ ခွင့်လွှတ်ပါ ဖြူရယ် နော်”
“အင်းပါ….။ ကိုကြီးအလုပ်များတာ ဖြူငယ် သိပါတယ်…..။ ထမင်းစားပြီးပြီလား မစားရသေးရင် ဖြူငယ် သွားပြင်ပေးမယ်”
ပြောပြောဆိုဆိုဖြင့် ထရပ်မည်ပြုသော ဖြူငယ့်ကို မင်းသစ် လက်လှမ်းဆွဲပြီး သူ့နားမှာ ထိုင်ခိုင်းလိုက်သည်။
” နေပါဦး ဖြူလေးရယ်”
အနီးကပ်ကြည့်လိုက်တော့ စူးရှတောက်ပနေသော မင်းသစ်၏ မျက်ဝန်းညိုများက အရောင်တလက်လက် တောက်ပနေသလို ထင်ရသည်။ ဖြူငယ့်ရင်တွေ အရမ်းခုန်လာသည်။ မင်းသစ်၏ အကြည့်စူးစူးကို မခံနိုင်သော ဖြူငယ် မျက်လွှာလေးချထားလိုက်ရင်း…
“ဘာ ဘာပြောမှာလဲ ပြောလေ….”
ဖြူငယ့်အသံတွေက တုန်ရီလွန်းနေသည်မှာ သိသာလှပါသည်။
“ကိုယ် ဖုန်းထဲမှာ ပြောခဲ့တဲ့စကားက မလေးနက်မှာစိုးလို့ ထပ်ပြောမလို့ ….။ ကိုယ် ဖြူလေးကို ချစ်တယ်….. အရမ်းချစ်တယ်… ”
ချစ်သူတွေဖြစ်ပြီးသား ဆိုပေမဲ့ အခုလို မျက်နှာချင်းဆိုင် ကြည့်ပြောနေတော့လည်း ဖြူငယ် ရှက်သွေးဖြာပြီး ခေါင်းလေးငုံ့ထားမိသည်။ မင်းသစ်တစ်ယောက် ဖြူငယ်ရှက်နေပုံလေးကိုကြည့်ရင်း အသဲယားလာကာ လက်မောင်းလုံးလုံးလေးတွေကို လှမ်းဖက်လိုက်ရင်း ကိုယ်လုံးလေးကို ရင်ခွင်ထဲဆွဲသွင်းရင်း ခေါ်လိုက်သည်။