ပန်းတိုင်းမွှေးသလို နမ်းတိုင်းနွေးစေသတည်း

“သူရရေ…. ဦးလေးဦးအောင်လှက အိမ်လာခဲ့ပါဦးတဲ့”

လိမ္မော်ခြင်းတွေကို တဲဆီသယ်ပို့နေတဲ့ နေရာမှာ ကြီးကြပ်နေတဲ့ ကျနော်။ ရွာထဲကပြန်လာတဲ့ ရဲကို ရဲ့ စကားသံကြောင့်

“ဟာကွာ ဒီမှာ ကားတင်ဖို့ ခြင်းမပြည့်ရသေးတဲ့ကြားထဲ။ ရဲကို ဘာအတွက်တဲ့လဲ”

“အာ့တော့ မသိဘူးကွ။ ဒါပေမဲ့ မြို့ကဧည့်သည်တွေတော့ ရောက်နေတာတွေ့တယ်။ ဪ နောက်ပြီး မှာလိုက်သေးတယ်။ ခေါင်သီးလဲ ယူလာပေးဦးတဲ့”

ခေါင်သီးဆိုတာက လိမ္မော်သီးထဲမှာ အလုံးကြီးကြီး အပြစ်အနာအဆာ ကင်းတာကို ခေါ်တယ်။ လိမ္မော်သီးမှာ အမျိုးအစားခွဲပုံက စောစောက ပြောသလို နံပါတ်တစ်က ခေါင်သီး။ နံပါတ်နှစ်က အဲ့ထက် တဆင့်နိမ့်တဲ့ ကြီးသီး။ နံပါတ်သုံးက နောက်တစ်ဆင့်နိမ့် လတ်သီး။ အဲ့အောက်ကိုတော့ သောင်းပြောင်းလို့ခေါ်တဲ့ အညံ့စားပေါ့။

ကျနော့်နာမည်က သူရဇော် ပါ။ အသက်က ၂၄ နှစ် အမေမုဆိုးမနဲ့ သားအမိနှစ်ယောက်။ ကျနော့်ရဲ့ ပညာရေးကတော့ ဆယ်တန်းကျပြီး ဆက်မတက်တော့ဘဲ ဦးအောင်လှရဲ့ စိုက်ပျိုးရေးခြံထဲ အလုပ်ဝင်တာ အခုဆိုရင် မျက်နှာလွဲရတဲ့ လူယုံအဆင့်ကို ရယူနိုင်ခဲ့ပါပြီ။ ကျနော့်အမေကလည်း အခုမှအသက် ၄၄ နှစ်ဘဲ ရှိသေးတော့ တောသူတောင်သားပီပီ လုပ်နိုင်ကိုင်နိုင်သေးတော့ ခြံထဲမှာ နေ့စားလူငှါးလိုလို့ခေါ်ရင် အပိုဝင်ငွေရတယ်ဆိုပြီး ဝင်လုပ်တယ်။ မလုပ်ဖို့ပြောတော့

“သားရယ် ဝင်ငွေပိုတော့ အမေဥပုသ်စောင့်ရင် ပိုလှူရတာပေါ့”

အမေ့ရဲ့ ဆင်ခြေကလည်း ကုသိုလ်ရေးမို့ ကျနော် မလွန်ဆန်နိုင်ပြန်ဘူးလေ။ ကျနော့်အလုပ်ရှင် ဦးအောင်လှကလည်း သမီးတစ်ဦးတည်း မွေးထားတာ နှင်းနှင်းခိုင် တဲ့။ ကျနော် သူတို့ဆီ အလုပ်ဝင်တုန်းက အဲ့ကောင်မလေးက ၁၁ နှစ်သမီး ငါးတန်းကျောင်းသူဘဲ ရှိသေးတာ။ ကျနော့်ကိုလည်း ဥတစ်လုံး တစ်ကောင်ကြွက်ချင်းမို့ အခင်ပိုကာ မောင်နှမရင်းလိုပါ။ သူ့အမေ ဒေါ်ကြီးအေးပွင့်ကလည်း ကျနော့်ကို သူ့သားအရင်းလိုပါဘဲ။

အခုလဲ အမှာတော်ရှိတာနဲ့ ကမန်းကတမ်း ရေချိုးလိုက်ရတယ်။ ရေချိုးတုန်း အောင်မိုး ကို ခေါင်သီးလှလှတွေ ကျွတ်ကျွတ်အိတ်တစ်လုံး ထည့်ခိုင်းလိုက်ရတယ်။ ရေချိုးပြီး ဂျင်းဘောင်းဘီအပြာရောင် ကောက်စွပ်လိုက်တယ်။ အပေါ်က စပိုစ့်ရှပ်ခဲရောင်နဲ့ အဲ့ပေါ်က ဂျင်းဂျာကင် ထပ်ဝတ်လိုက်တယ်။ ညနေစောင်းပြီမို့ အအေးဓာတ်ဝင်လာပြီမို့ သိုးမွှေးခေါင်းစွပ် နီရဲရဲလေးကို စွပ်လိုက်ပြီး

“အမေရေ သားဦးလေးခေါ်လို့ ရွာထဲ သွားလိုက်ဦးမယ်။ အမေဆာရင် ထမင်းစားနှင့်နော်။”

ဒီလိုအသီးခူးတဲ့ရာသီဆို ကျနော်တို့ လုပ်သားတွေက ခြံထဲမှာတဲတွေနဲ့ လာနေကြတယ်လေ။ အသီးလှောင်တဲ့ ဂိုဒေါင်တွေ မြေဩဇာ ပိုးသတ်ဆေး ဆေးဖျန်းကိရိယာ လက်သုံးကိရိယာတွေ သိုလှောင်တဲ့ အဆောက်အဦးတွေနဲ့ ခြံဆိုပေမဲ့ စည်ကားပါတယ်။ကျနော်ကျင်လည်ရာ ကမ္ဘာငယ်လေးနဲ့ ကျနော် အဆင်ကိုပြေလို့။

အမေ့ကို အမှာစကားပြောပြီး အောင်မိုး ထည့်ပေးတဲ့ လိမ္မော်သီးအိတ်လေးဆွဲပြီး ရွာဆီထွက်လာလိုက်ပါတယ်။ အိမ်ဝင်းထဲ ဝင်လိုက်တာနဲ့

“ကိုကြီးလာပြီ ကိုကြီးလာပြီ”

ကလေးငယ်လို ပြေးလာပြီး လက်မောင်းကိုဖက်ပြီး ပြောနေတဲ့ နှင်းခိုင်ကို

“အခုမှလာမဖားနဲ့ ရော့ ဒီမှာယူလာတယ်”

ဆိုပြီး လက်ထဲက အိတ်ကို ပေးလိုက်တယ်။

“ဖားစရာလား ကိုယ့်အစ်ကိုမို့ဘဲဟာ။ ပြောလေ ညီမလေးကို မလွမ်းဘူးလား။ ညီမလေးကတော့ လွမ်းလိုက်ရတာ”

“လွမ်းပါ့ဗျာ မလွမ်းဘဲနေမလား ဒီညီမလေးတစ်ယောက်ဘဲ ရှိတာကို”

“တကယ်နော် ကိုကြီး”

“ဆယ်ကယ်ဗျာ ဆယ်ကယ်”

“ဟေးး ဒါမှဒို့ကိုကြီး”

တက္ကသိုလ်ကျောင်းသူသာဖြစ်နေတာ ကလေးစိတ်ဘဲ ရှိသေးတဲ့ နှင်းနှင်းခိုင်ကိုကြည့်လို့ ကျနော် ကြည်နူးနေမိတယ်။

“ဟဲ့ သမီးအစ်ကို့ကို အိမ်ထဲရောက်ပါစေဦး။ တခါထဲ ချွဲနေတာ ဧည့်သည်တောင် အားမနာဘူး”

ဦးလေးဦးအောင်လှ စကားကြားမှ လျှာလေးထုတ် ခေါင်းလေးပုပြတာကိုက အပြစ်ကင်းတဲ့ ကလေးလေးလိုပါလားကွယ်။

“လာ လာ မောင်သူရ ”

လို့ ခေါ်တာကြောင့် အောက်ထပ်က ဧည့်ခန်း ထိုင်ခုံမှာ ဝင်ထိုင်လိုက်ပါတယ်။

“အသီးခူးတာရော ဘယ်လိုအခြေအနေရှိလဲ။”

” ဟုတ်ကဲ့ လိုတဲ့အရေအတွက် ပြည့်ခါနီးပါပြီ။ မနက်ဖြန်ဆိုရင် ရပြီ ဦးလေး။ ကားက သန်ဘက်ခါမှ တင်မှာ မဟုတ်လား”

“အေး ဟုတ်တယ် အခုဟာက အသီးကိစ္စ မဟုတ်ဘူး။ မင်းညီမ ကျောင်းပိတ်လို့ အိမ်အပြန် လိုက်လည်တဲ့ သူ့သူငယ်ချင်းကို ခြံဗဟုသုတလေးတွေရအောင် မင်းကိုတာဝန်ပေးမလို့”

အဲ့တော့မှ ဧည့်ခန်းက ထိုင်ခုံမှာ ထိုင်နေတဲ့ အသားညိုညို နဲ့ ခပ်ပြည့်ပြည့် ကောင်မလေးတစ်ယောက်ကို သတိထားမိလိုက်ပါတယ်။

“ကိုကြီး ဒါညီမလေးသူငယ်ချင်း ခင်စန္ဒာတဲ့”

“အော် ဟုတ်ကဲ့ ကျနော်က သူရဇော်ပါ”

ကိုယ့်ထက်ငယ်သော်ငြားလဲ အလုပ်ရှင်ရဲ့ ဧည့်သည်မို့ တလေးတစားဘဲ ပြောလိုက်တော့ ပြုံးပြီး

“ဟုတ်ကဲ့ ရှင့်”

တဲ့။ ပြုံးလိုက်မှ ညာဘက်အပေါ် သွားတက်ကလေးက သူ့အလှကို ပိုပြည့်စုံအောင် ဖြည့်ပေးလိုက်သလိုဘဲ။

“ဦးလေး ကျနော် ဘာလုပ်ပေးရမလဲ”

“အထူးတော့ မဟုတ်ပါဘူးကွာ။ မနက်ဖြန် ခြံထဲလာတဲ့အခါ သူတို့သိချင်တာလေးတွေကို မင်းက ရှင်းပြပေးရုံပါ”

“အော် ဒါလား ရပါတယ် ဦးလေး။ ကျနော် တတ်နိုင်သမျှ ပြောပြ ရှင်းပြလိုက်ပါ့မယ်”

“အေး အေး သမီးရေ ညီးအစ်ကိုပါ တစ်ခါထဲ ထမင်းစားရအောင် ထမင်းပွဲပြင်တော့”

“ဟာ နေပါစေ ဦးလေး ဧည့်သည်သာ ကျွေးပါ”

” ဟ သူရ့ရ ဧည့်သည်နဲ့မို့ ပိုရင်းသွားအောင်လို့ဟ။ တစ်ခါတည်းသာ စားသွားတော့”

ကျနော်လည်း မငြင်းသာတော့ဘဲ ညစာကို ဦးလေးတို့ မိသားစုနဲ့ ခင်စန္ဒာတို့နဲ့အတူ စားလိုက်ရတယ်။ ဦးလေးအိမ်ကတော့ ကျနော်က မကြာခဏ ဝင်စားနေကြပါ ။ ထမင်းစားပြီး ရေနွေးသောက်ရင်း စကားပြော။ နောက် နှင်းခိုင်က အမေ့အတွက် ဝယ်လာပေးတဲ့ ဆေးမြစ်စုံ ကျနော့်အတွက်က လျှာထိုးဦးထုပ်။

ဪ ပြောစရာ ကျန်သွားတယ် နှင်းနှင်းခိုင်က ဆယ်တန်းအောင်တော့ တက္ကသိုလ်တက်တော့ စီးပွားရေးယူတာမို့ မိတ္ထီလာမှာ သွားတက်ရတာ။ အခုကျောင်းပိတ်တော့ ရွှေဘိုသူ ခင်စန္ဒာက ရှမ်းပြည်ကို မရောက်ဘူးလို့ ဒေသန္တရ ဗဟုသုတရအောင်ဆိုပြီး လိုက်လည်တာ။ ညနည်းနည်း နက်လာပြီမို့ အားလုံးနှုတ်ဆက်ပြီးပြန်တော့ နှင်းခိုင်က အိမ်ခြံဝထိ လိုက်ပို့ပေးရင်း

“ကိုကြီး မနက်ကြရင် သစ်ခွပန်း ခူးပေးရမယ်နော်”

“အေးပါကွာ။ သွား အိမ်ထဲဝင်တော့ အပြင်မှာ အေးနေပြီ”

“ဟုတ်”

ဆိုပြီး အိမ်ထဲပြေးဝင်သွားတဲ့ နှင်းခိုင် ကိုယ်လုံးလေးကို ကြည့်ရင်း လေပူတစ်ချက် မှုတ်ထုတ်လိုက်မိတယ်။

“ဟူးးး”
မနက်အစော အမေကြော်ပေးတဲ့ ထမင်းကြော်နဲ့ လက်ဘက်ရည်သောက်ပြီး မနေ့က ခူးလက်စ အပင်တွေကို လိုက်ပြီး ကြည့်နေတုန်း

“ကိုကြီး ကိုကြီး”

လို့ ခေါ်သံနဲ့အတူ ကျနော်ရှိရာ ပြေးလာတဲ့ နှင်းခိုင်လေးကို တွေ့လိုက်ရလို့

” ဟဲ့ မပြေးနဲ့လေ ငုတ်တွေဘာတွေနဲ့ ခလုတ်တိုက်နေမယ်”

ကျနော်ကသာ ဟန့်နေတာ သူကတော့ အနားတောင် ရောက်လာပြီ။ ဆောင်းနံနက်မို့ နှင်းခိုင်ပါးစပ်က အာငွေ့တွေက အသက်ရှူလိုက်တိုင်း တထောင်းထောင်း ထလို့ပေါ့။

“ညီမလေး သူငယ်ချင်းရော”

“ပါတယ်လေ ကိုကြီး တဲမှာ လိမ္မော်သီးတွေ ရွေးနေတာ ကြည့်နေခဲ့တယ်”

“ဪ”

“မဪနဲ့ ဘယ်မှာလဲ ညီမလေးအတွက် သစ်ခွပန်း”

“အမလေး ရှိပါတယ် ပန်းသရဲမရယ် လာ လာ”

“ခိခိ အာ့ကြောင့် ကိုကြီးကို ချစ်တာ”
သူက ပေါ့ပေါ့လေး ပြောလိုက်ပေမဲ့ ကျနော့်ရင်မှာတော့ ဖိုကနဲ့ ခံစားလိုက်ရတယ်။ ငယ်ငယ်ကတည်းက အတူနေလာပေမယ့် အခုတော့ သူလေးက တက္ကသိုလ်ကျောင်းသူ ဖြစ်နေပြီ။ ၁၈ နှစ် ဆိုတဲ့ အရေအတွက်နဲ့ လိုက်ဖက်မဲ့ အရည်အချင်းတွေကလည်း ကြည့်ဦး။

ဂျင်းဘောင်းဘီအောက်က အပြင်ရုန်းထွက်နေတဲ့ တင်သားတွေက မြင်သူ ရင်ခုန်စရာ၊ သေးကျဉ်တဲ့ ခါးအထက်က ရင်သားမြတ်က သားကောင်းမိခင် ပီပီသသ၊ တောင်ပေါ်သူမို့ အသားဖြူသလို နီရောင်သန်းတဲ့ ပါးမို့မို့ နှာတံပေါ်ပေါ်လေးအောက်က နှင်းဆီငုံပုံတူ နှုတ်ခမ်းလေး။ အရာရာက မိန်းမချောတစ်ယောက်မှာ ရှိအပ်တဲ့ ကြန်အင်လက္ခဏာတွေနဲ့။ အဲ့တော့လဲ ပုရိသနွယ်ဝင် ကျနော်ဟာ အာသဝေါ မကုန်းခမ်းသေးသမို့ ရင်ဖိုမိတာ အပြစ်လား။ နှင်းခိုင်က ကျနော့်လက်ကို ဆွဲကိုင်လိုက်လာတော့ သူလက်ကလေး အေးစက်နေတာမို့

“ဟယ် ညီမလေးလက်တွေ အေးနေတာဘဲ မီးကင်မယ်တော့ မရှိဘူး ကိုကြီးနား တန်းလာရသလား။”

“ဟီးးး ပန်းလိုချင်တာကို ကိုကြီးရဲ့”

“အေးပါ မနိုင်စိန်လေး”

ဆိုတော့ လျှာလေးထုတ် ပုခုံးလေးကျုံ့ ခေါင်းလေးပုပြရော။ အဲ့ဒါက နှင်းခိုင်လေးရဲ့ ချစ်စရာ မူပိုင်တံဆိပ်။ ကျနော် သူ့လက်ဆွဲလို့ ခြံစပ်က အင်ကြင်းပင်ကြီးဆီ ခေါ်သွားပြီး သစ်ခွဖယောင်းပန်းတွေ ခူးပေးလိုက်ရတယ်။ တကယ်က သစ်ခွက အမြင့်မှာပေါက်တာ။ ကျနော်က ခူးရလွယ်အောင် ခွာပြီး အောက်လက်လှမ်းမှီတဲ့ နေရာတွေမှာ ပြန်ကပ်ပြီး မွေးထားရတာ။ ဒါလဲ နှင်းခိုင်ဆိုတဲ့ ပန်းကြိုက်မလေး အတွက်လေ။ ကျနော်တို့ ခြံထဲက လိမ္မော်တဲကို ရောက်တော့

Scroll to Top