ဖြစ်ပါစေ

နွေးထွေးလှတဲ့ သူမရဲ့ နှုတ်ခမ်းလေးကို နမ်းရတဲ့အချိန်ဆိုတာ ကမ္ဘာပေါ်က အရာရာတိုင်းကို မေ့နေချိန်ပေါ့။ နုအိထွေးနေသော နှုတ်ခမ်းလေးကိုသာ အဆက်မပျက် တတ်မက်နေမိတဲ့အချိန် ကျွန်တော် နောက်ဆုတ်လိုက်တယ်ဆိုရင်ပဲ…..

“ကို… ဘာလို့လဲ လူလာနေလို့လား”

“ဟင်…. အော် ဟုတ်တယ်ချစ်ရဲ့ ကိုလူသံကြားလားလို့”

“ကိုကလဲကွာ ဒီကိုလာတဲ့လူတိုင်းက အတွဲတွေပဲဟာ ဂရုစိုက်မနေနဲ့”

“ဟုတ်ပါပြီကွာ……ကဲလာ”

“အွင့်”

ကျွန်တော်လည်း သူမနှုတ်ခမ်းဖူးလေးကို နမ်းရင်း လုံးဝန်းနေတဲ့ သူမရင်သားလေးအား ပွတ်ပေးလိုက်သည်။ တကယ်တော့ သူမနှုတ်ခမ်းလေးမှ ရလိုက်သော ရနံတစ်ခုဟာ…..

…………………………………………………….

ကျွန်တော်နဲ့ မေသက်နွယ်လို့ခေါ်တဲ့ အတန်းထဲက အချောအလှလေးနဲ့ ချစ်သူဖြစ်တာ အခုဆိုရင် ခြောက်လပင် ကျော်လာပြီ ဖြစ်သည်။ မေသက်နွယ်ကလည်း ခပ်အေးအေးနေတတ်တဲ့ ကျွန်တော်ကို အရင်ထဲက သဘောကျခဲ့သည်ထင်သည်။ သူမကလည်း ကျွန်တော်ကို တအားချစ်ရှာသည်။ ကျွန်တော့်မှာတော့ သူမပြုံးပြလိုက်တိုင်း ရင်တွေတဒိန်းဒိန်းခုန်ကာ သူမအား ရူးလောက်အောင် ချစ်ရသည်။ ကျွန်တော်ဟာ တကယ် ကံအကောင်းဆုံးလူပါ။ ဘာလို့လဲဆိုတော့ မေသက်နွယ်ကို လိုက်တဲ့သူတွေ အများကြီးထဲကမှ သူမအချစ်ကိုရသော တစ်ဦးထဲသော လူသားဖြစ်သည်။

“ကို… ချစ်သူငယ်ချင်းတွေနဲ့ မြို့ထဲ လျှောက်လည်မလို့”

အနားမှ ချစ်သူလေးအသံကြားလိုက်မှ သေချာကြည့်မိလိုက်သည်။ မေသက်နွယ် ဒီနေ့ အရမ်းလှနေသည်။ မြန်မာဝတ်စုံ လေးနှင့်မို့ သူမ၏ ကောက်ကြောင်းများက ထင်ပေါ်လွန်းနေသည်။ မို့ထွက်နေသော ရင်သားနှင့် လမ်းလျှောက်လိုက်တိုင်း တုန်ခါနေသော တင်သားများက မြင်သူတိုင်းက ငေးကြည့်ရမည့်သူ ဖြစ်သည်။

“ဘယ်သူတွေရော ပါမှာလဲ ချစ်ရဲ့ ”

“သူငယ်ချင်းတွေပေါ့ ယောက်ျားလေး နည်းနည်းပါမယ်”

သူတို့အဖွဲ့က များလှသည်။ ယောကျ်ားလေး လေးယောက်နှင့် မိန်းကလေး ခုနှစ်ယောက်ရှိသည်။ သူတို့အဖွဲ့လာလျှင် တခြားသူတွေ ထွက်ပြေးရလောက်အောင် ပွေး(စနောက်)ကြသူများ ဖြစ်သည်။

“ကိုကလဲကွာ ရုပ်ကြီးက ဘယ်လိုဖြစ်တာလဲ ချစ်တို့အဖွဲက ပျော်တတ်လို့ ကိုမနေတတ်မှာ စိုးလို့ပါ”

“ဟင်း………….”

“ကိုလိုက်ချင်ရင်လဲ လိုက်ခဲ့လေ ပြီးမှ မနေတတ်ဘူး မပြောနဲ့”

သူတို့က အဖွဲ့သားအချင်းချင်း ပြန်မကြိုက်ရဟူသော ကတိစကားကြောင့်သာ ကျွန်တော် မေသက်နွယ်အချစ်ကို ရခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် ကျွန်တော်သူ့ကို စိတ်မချချင်မိ။

“ဟေ့… လိုက်မယ်မို့လားနွယ် ငါတို့က သွားတော့မှာနော်”

“ကို… ကိုမလိုက်ရင် ချစ်သွားတော့မယ်နော်”

“အင်း…… အင်း…….. သွားလေ”

မေသက်နွယ်နှင့် ငယ်သူငယ်ချင်းဆိုသော ကောင်က လာခေါ်ခြင်း ဖြစ်သည်။ ထို့ကောင်က ကျွန်တော့်ကို သိပ်မကြည်ပေ။ ထို့ကြောင့် မေသက်နွယ်အား ပြောပြီးသည်နှင့် ချက်ချင်းလှည့်ကာ ထွက်သွားသည်။ သူချိန်နေသောသူကို ကျွန်တော်က ပိုင်ဆိုင်ထားသောကြောင့် ဖြစ်မည်ထင်သည်။

……………………………………………………

ထိုနေက ကျွန်တော် မေသက်နွယ်ကို ဒီအတိုင်းလွှတ်လိုက်ပြီး ကျွန်တော်ကတော့ အတန်းဆက်တက်နေလိုက်သည်။ အတန်းပြီးမှ ကျောင်းနားက ထိုင်နေကြ ကော်ဖီဆိုင်လေးမှာထိုင်ရင်း မေသက်နွယ် ပြန်အလာကို စောင့်နေလိုက်သည်။

“သားကြီး မင်းဆော် မပါဘူးလားကွ… မင်းကလဲ ဆော်ရပြီးမှ ရှောင်ဖယ်ရှောင်ဖယ်နဲ့”

“ဟာ… မဟုတ်ကပါဘူးကွာ မင်းတို့ကလဲ မေသက်နွယ်က သူ့သူငယ်ချင်းတွေနဲ့ ပါသွားလို့ကွ လာစောင့်နေတာ”

“အခုရော ငါတို့ထိုင်လို့ရတယ်မို့လား”

“ငါ့ကိုလာရွဲ့နေတယ် နှမပေးက ထိုင်…..”

“အမယ်… ငါ့နှမလိုချင်ရင် မင်းဆော်နဲ့ လဲမယ်လေ”

ကျွန်တော်တို့အဖွဲ့က ပြောမနာဆိုမနာမို့ တွေ့ကြပြီဆို ဆော်တောင်းတဲ့သူနှင့် နှမတောင်းတဲ့သူနှင့် ဆုံနေသည်။ မှုလတန်းထဲက ထန်ခဲ့တဲ့ကောင်က ကျွန်တော့်လက်ထဲက ဆေးလိပ်ကိုယူပြီး သောက်ရင်း ကျွန်တော့်နားလာထိုင်ကာ

“ဟျောင့် ဘယ်နဲ့လဲကွ မင်းဆော်ကို ဖောက်ပြီးပြီလား”

“ဟာကွာ မင်းကလဲ ငါက သူ့ကို ဒီတိုင်းချစ်တာပါကွ”

“မင်းကတော့ပိုပြီ မင်းမဖောက်ချင်ရင် ငါဖောက်ပေးမယ်လေ”

“တော်တော်တော် ဟျောင့်”

“ဒီမယ်ဟျောင့် မင်းမဖောက်ရင် သူများကဖောက်သွားမှာ အဲ့မှငိုပြီး ကျန်နေခဲ့မယ် မင်းစော်က အပေါင်းသင်းလည်းများပါဘိနဲ့”

ကျွန်တော့်သူငယ်ချင်းရဲ့ စကားမဆုံးသေးခင်မှာဘဲ မေသက်နွယ်တစ်ယောက် သူ့သူငယ်ချင်းဆိုသောကောင်နှင့် ဆိုင်ရှေ့ကို ရောက်လာသည်။ ကျွန်တော့် သူငယ်ချင်းတွေလဲ စကားလမ်းကြောင်းလွဲကာ ပြောင်နောက်ကာ နေလိုက်ကြသည်။ ကျွန်တော်လည်း မေသက်နွယ်နှင့်အတူ ဆိုင်မှထွက်ခဲ့လိုက်ပြီး ကျောင်းထဲက တွေ့နေကြ နေရာလေးကို သွားခဲ့လိုက်သည်။

Scroll to Top