လင်ယူရမှာ ကြောက်ပါရဲ့

လမ်းထိပ်ရှိ ပျံကျစျေးလေးမှာ အရင်ကထက်ပိုပြီး စည်လာသည်။ ဗန်းခင်းရောင်းသော စျေးသည်များနှင့် ဝါးတဲ ပလတ်စတစ်မိုးဆိုင်တန်းလေးက လမ်းဒေါင့်တဖြတ်ပင် ကျော်၍ သွားခဲ့ချေပြီ။

တနေ့တနေ့ စျေးရောင်းချသူ စျေးသည်တွေ တိုးလာသလို အနီးအနားရှိ တခြားရပ်ကွက်တွေကလည်း ဒီပျံကျစျေးလေးကို လာပြီး အားပေးကြတော့ စျေးဝယ်သူတွေကပါ ကြိတ်ကြိတ်တိုး စည်ကားနေသည်။

စျေးတည်နေရာကလည်း ကတ္တရာလမ်းမကြီး နှစ်ခုကြားတွင် ထိုလမ်းမကြီးနှစ်ခုကို ထိပ်တိုက် ကန့်လန့်ဖြတ်ရှိနေသော လမ်း၏ ဝဲယာလမ်းဘေးတွင် ရှိသည်။ စျေးရှိနေသောလမ်းက ကတ္တရာမခင်းရသေး။ ကျောက်ကြမ်းလမ်း ဖြစ်ပြီး ချိုင့်ခွက်ကြီးတွေပင် ရှိနေလေတော့ ဘယ်ကား၊ ဘယ်ဆိုက်ကားကမှ စျေးရှိသောလမ်းထဲကို ဖြတ်မမောင်း။ ဒီတော့ စျေးသည်ရော စျေးဝယ်ကြသူတွေရော လွတ်လွတ်လပ်လပ် စိတ်ချလက်ချရှိတော့ ဒီပျံကျစျေးလေးက တနေ့တခြား စည်သထက် စည်ကားလာရလေသည်။

ပျံကျစျေးလေး တနေ့တခြား စည်ကားလေ တပြုံးပြုံးဖြင့် ဟန်ကျလေဖြစ်နေသူကတော့ ဦးမောင်တင်ပင် ဖြစ်ပါသည်။ ဦးမောင်တင်သည် အသက် (၄၅) နှစ်ကျော်ကျော်လောက်ရှိပြီး အရပ်ရှည်ရှည် ဒေါင် ကောင်းကောင်း အသားမဲမဲဖြစ်သည်။ ရွှေရောင်ကိုင်းနှင့် မျက်မှန်အနက်ကြီးကို မချွတ်တမ်း တပ်ထားလေ့ရှိသဖြင့် သူ့မျက်လုံးတွေက ဘယ်ကိုကြည့်နေသည်ဆိုသည်ကို ဘယ်သူမှ မသိရ။

မျက်နှာက အမြဲတမ်း ပြုံးဖြဲဖြဲနှင့် နေတတ်ပြီး လူကထောင်ထောင်မောင်းမောင်း ဗလကကောင်းကောင်း ဆိုပေမဲ့ ခါးကတော့ ခပ်နွဲ့နွဲ့ဖြစ်သည်။ ဦးမောင်တင်က ဒီစျေးလေးအတွက် စျေးကောက်ကို လိုင်စင်ဆွဲထားသူထံမှ ပြန်ဝယ်ထားသူဖြစ်ပြီး ဒီပျံကျစျေးလေး၏ စျေးကောက်ကို သူက ကောက်သည်။

တဆိုင်ဝင် တဆိုင်ထွက် သူကိုယ်တိုင် စျေးကောက်လိုက်ကောက်သည်မဟုတ်ဘဲ အသက် (၂၀) လောက်ရှိသော တင်ငွေဆိုသော ကောင်လေးတစ်ယောက်ကို လခပေး၍ ကောက်ခိုင်းထားသည်။ တင်ငွေက အရင်တုန်းက ဆိုက်ကားနင်းသော်လည်း ယခု စျေးကောက်ဖြစ်သွားတော့ ဆိုက်ကား မနင်းတော့ချေ။

စျေးလေးတွေင် ဦးမောင်တင်က စျေးကောက် ကောက်သောလုပ်ငန်းကို လုပ်ရုံမျှမက နေ့ပြန်တိုးပေးသော လုပ်ငန်းကိုပင် ပူးတွဲ၍ လုပ်လိုက်သေးသည်။ အကျိုးပေးက တန်သည်မို့ ဦးမောင်တင်မှာ သူ့ပိုင်ငွေဖြင့်ပင် မလုံလောက်၍ လမ်းထိပ်တွင် တီဗွီပြင်ဆိုင်ဖွင့်ထားသော အခြောက် ခင်ဝင်းဆီကပင် ငွေယူရသည်ဆိုတာ တစျေးလုံးအသိပင်ဖြစ်သည်။ အခြောက်ခင်ဝင်းဆိုတာက သူ့ကွယ်ရာမှာခေါ်သည့် နာမည်ဖြစ်သည်။

ခင်ဝင်းက တကယ့်အခြောက်မဟုတ် သနပ်ခါးလည်းမလိမ်း၊ မိတ်ကပ်လည်းမလိမ်း၊ ပတ်ချွဲနှပ်ချွဲလည်း မလုပ်ပေ။ ဒါပေမဲ့ ခင်ဝင်းက အသားဖြူဖြူ လူပုံက ခပ်နွဲ့နွဲ့ဖြစ်ပြီး မိန်းမချော ချောသည်။စကားပြောလျှင် ယောကျာ်ားတွေလိုဘဲ ပြောသည်။ထိုကဲ့သို့ လူပုံနွဲ့၍ မိန်းမချော ချောသောကြောင့် သူ့ကို တစျေးလုံးက အခြောက် ခင်ဝင်းဟု ကွယ်ရာမှာ ခေါ်ခြင်းဖြစ်သည်။ ခင်ဝင်းမှာ သားတစ်ယောက် သမီးတစ်ယောက် ရှိပြီး ကလေးအဖေဖြစ်ကာ အသက်က (၃၀) လောက်ရှိပြီ ဖြစ်သည်။

နေ့ပြန်တိုးပေးသောလုပ်ငန်း တွင်ကျယ်လှလွန်းသဖြင့် သူ့ငွေနှင့်သူ မလောက်သဖြင့် ဦးမောင်တင်က ခင်ဝင်းထံမှ ငွေကိုလည်း ယူရသည်ဖြစ်သည်။ ဦးမောင်တင်၏ အိမ်မှာ ရပ်ကွက်အစွန်နားတွင် ရှိပြီး ပေ (၄၀) (၆၀) နှစ်ကွက်တွဲ မြေကွက်ထဲတွင် တွဲဆောက်ထားသည့် ခြံဝန်းထဲတွင် သစ်ပင်ပန်းမန်တွေက တခြံလုံး အပြည့်စိုက်ထားလေသည်။

ဦးမောင်တင်တွင် သားကြီးသမီးကြီးတွေရှိပြီး ဦးမောင်တင်၏မိန်းမက ထိုအိမ်ထောင်ကွဲ သားသမီးတွေနောက်လိုက်၍ နေတာက များသည်။ အိမ်တွင်က ဦးမောင်တင်တစ်ယောက်ထဲ နေသည်က များသည်။

တနေ့တခြား စျေးရောင်းသူတွေလဲတိုး၊ စျေးဝယ်သူတွေလဲ များလာသော ပျံကျစျေးလေးကြောင့် ဦးမောင်တင်တစ်ယောက် ကတော့ အကျိုးရှိပြီးရင်း ရှိကာနေရသည်။ ရောင်းဝယ်ဖောက်ကားနေသော စျေးသည်တွေကတော့ မြတ်မမြတ်မသိ။ ဦးမောင်တင်ကတော့ သပိတ်ဝင်အိတ်ဝင်သာ ဖြစ်နေရပါတော့သည်။

” ဟယ်…. အစ်မသီ….. သိမ်းနေပြီလား ….. ”

လှမ်း၍မေးလိုက်သော ဘေးချင်းကပ်ဆိုင်လေးထဲက ကွမ်း၊ ကွမ်းသီးရောင်းသော ဥမ္မာဆိုသော ကောင်မလေး၏ အသံကိုကြားရသဖြင့် ငါးခြောက်စည်းလေးတွေကို ခြင်းတောင်းထဲသို့ ထည့်နေသော မသီက လှမ်းကြည့်လိုက်မိသည်။

“ခုမှ စျေးက ကွဲတောင်မကွဲသေးဘူး အစ်မကလဲ…”

“အိမ်မှာက အလတ်ကောင်က နေမကောင်းနေပြန်ဘူး ညီမရယ်။ ဒီနေ့ ဆေးခန်းပြရမယ်လေ ဒါကြောင့် စောစော သိမ်းရတာ ညီမရေ….. ”

” အဲ့ဒါဆိုလည်း အစ်မ ဟိုလူတွေ အဝယ်များတဲ့ ငါးနှပ်ခြောက် အာပြဲခြောက်စည်းထားတဲ့ အစည်းလေးတွေ ညီမဆီထားခဲ့။ ဘယ်နှစ်စည်းဆိုတာ ရေပြီးထားခဲ့။ ညီမရောင်းပေးမယ် ”

” ကျေးဇူးပါဘဲ ဥမ္မာရယ်…… ငါ့ ညီမနဲ့ တင်ငွေတို့ အမြန်ယူဖြစ်ပါစေတော်… နှစ်လုံးလည်း ငါးရာကွက် တစ်ထောင်ကွက်လောက် ပေါက်ပါစေတော် …. ”

” အို… အစ်မကလဲ… ”

ရည်းစားဖြစ်သူ စျေးကောက်တင်ငွေ၏ နာမည်ပါလာသဖြင့် အသက် (၁၇) နှစ်သာ ရှိသေးပြီး ဖြူဖြူဖွေးဖွေး တစ်တစ်ရစ်ရစ်ဖြင့် ကစ်ကစ်လေး လှနေသော ဥမ္မာတစ်ယောက် ဖြူဖွေးသော သူမ၏ မျက်နှာလေး ရဲကနဲဖြစ်သွားအောင်ကို ရှက်သွားရသည်။

” အစ်မကလည်း….. ငါးရာကွက် တစ်ထောင်ကွက်တောင် မထိုးနိုင်ပါဘူး… သိပ်ကြိုက်မှ တစ်ရာကွက်လောက် ထိုးနိင်တာပါ… အစ်မရယ်… ”

ဟု ဥမ္မာက အရှက်ပြေ ပြောလိုက်သည်။ မသီက ခြင်းတောင်းထဲ ထည့်ထားပြီး ဖြစ်နေသော ငါးခြောက်စည်းလေးတွေကို ဥမ္မာ၏ ကွမ်းဗန်းလေးဘေးတွင် လာ၍ စီပေးနေသည်။ ဥမ္မာက မသီကိုကြည့်ရင်း သက်ပြင်းတစ်ချက် လေးလေးပင်ပင် ချလိုက်သည်။

မသီအသက်က အလွန်ဆုံးရှိမှ (၂၆) (၂၇) ထက်မပို။ ကလေးက (၂) နှစ်ကြီး (၂) နှစ်ငယ် သုံးယောက်။ ယောကျာ်းက ပန်းနာရင်ကြပ်သမား။ ဆိုက်ကားကို နေ့တိုင်းမဆွဲနိုင်။ မထွက်တစ်ရက် ထွက်တစ်ရက်ဖြင့် ဖြစ်သည်။

ကလေး (၃) ယောက် အမေသာဆိုသည် မသီက နဂိုကပင် အရွယ်တင်သော မျိုးရိုးက ဆင်းသက်လာလို့လားမသိ။ ခပ်မြင့်မြင့် အရပ်လေးနှင့် လိုက်ဖက်ညီသော ကိုယ်လုံးကိုယ်ထည်က တောင့်တင်း၍ ဖေါင်းတင်းနေသည်။ ဘယ်နေရာမှာမှ သူမ၏ အသားအရေတို့က ပျော့တွဲ၍မနေ။ ကားအိနေသော တင်သားကြီးများက မိန်းမချင်းပင် မနာလိုချင်စရာဖြစ်နေသည်။ ရုပ်ရည်က ကုလားဆင်လေးဖြစ်ပြီး အသားအရည်က နဂိုက ဖြူစွပ်ခဲ့ပုံရသော်လည်း အခုတော့ နေလောင်ထားသဖြင့် နီစပ်စပ်လေး ဖြစ်နေရသည်။

” ကျမလည်း အစ်မသီ…. ဘတ်သီဘတ်သီ ဖြစ်နေတာ ကြည့်ပြီး လင်ယူရမှာတောင် ကြောက်နေတယ်… အစ်မသီ…ရာ… ”

” အို… ဘာဆိုင်လို့လဲ အေ…။ ဆင်းရဲတယ်… ချမ်းသာတယ်ဆိုတာ…မမြဲပါဘူးအေ…။ အခု ဆင်းရဲပေမဲ့.. နောင် ချမ်းသာချင် ချမ်းသာမှာပဲ..။ အစ်မတို့ အပျိုတုန်းက တကိုယ်လုံး ရွှေကိုညွတ်နေတာ… အိမ်ထောင်ကျတော့လည်း မိဘတွေက ပေးလိုက်သေးတယ်။ ယောက်ျားက မမာတော့ အလုပ်မလုပ်နိုင် ဝင်ငွေမရှိ။ သူ့ဆေးကုရတော့ ရှိတဲ့ ပစ္စည်းတွေထုခွဲလိုက်ရတာပေါ့…။ လင်ယူတိုင်းလည်း မဆင်းရဲပါဘူးအေ…။ ဒါထားတော့ ဒီအပတ် သုံးလုံး ဘာရထားသေးလဲ…။ ပြီးခဲ့တဲ့ အပတ်က စျေးထိပ်က မုန့်ဖတ်ရောင်းတဲ့ စန်းကြည်မ တို့ပေါက်သွားတယ်။ အပြီး ပေါက်ဂဏန်း ရလိုက်တယ်ဆိုဘဲ…. ”

” ဟုတ်တယ်…. အစ်မ… သူတို့ပြောပြတော့… မထိမဖြစ် အပြီးလဲဖြစ်… ဆိုလား အဲ့ဒီဂဏန်းရလိုက်လို့တဲ့.. ”

” အေးဟယ်… တို့များကျတော့လည်း မရဘူး… ”

” ကျမ ကိုတင်ငွေကို မှာထားတယ်။ အဲ့ဒီ မထိမဖြစ် အပြီးလဲဖြစ် ဆိုတဲ့ဟာတွေ့ရင် နှစ်လုံးဖြစ်ဖြစ် သုံးလုံးဖြစ်ဖြစ် ပေးဖို့ မှာထားတယ်။ ရခဲ့ရင် အစ်မသီကို ပေးမယ် သိလား… ”

” အေး…. ညီမ မမေ့နဲ့ဦး.. အစ်မ..သွားမယ်…။ အော်… ငါးခြောက်စည်းလေးတွေက တစ်စီး တစ်ရာ့ငါးဆယ်ဘဲ…။ များများယူရင်တော့ နှစ်စီးနှစ်ရာ့ငါးဆယ်နဲ့သာ ရောင်းလိုက် ညီမရာ…။ ကဲ… အစ်မ… သွားပြီ…”

“ရတယ်… အစ်မ… စိတ်ချပြီးသာ… သွားပေတော့….”

ခြင်းတောင်းကြီးကို လက်တစ်ဖက်မှဆွဲ၍ မသီတစ်ယောက် ဥမ္မာကို ကျောပေး၍ တရွေ့ရွေ့ ထွက်ခွာသွားတော့သည်။

” ဒီ စပို့ရှပ်လေးက ဘယ်လောက်လဲ….”

ရည်းစားဖြစ်သူ တင်ငွေ၏အသံကို ကြားလိုက်ရသဖြင့် မသီကို မျက်စိတစ်ဆုံးကြည့်နေသော ဥမ္မာက သူမ၏ ဘေးချင်းကပ်ရက် အထည်ရောင်းသော ဆိုင်လေးသို့ ဖြတ်ကနဲ ကြည့်လိုက်သည်။ တင်ငွေက ချိတ်ဆွဲထားသော စပို့ရှပ်အပြာနုရောင်လေးကို လက်တဖက်ဖြင့် ကိုင်ကြည့်ရင်း မေးနေခြင်းဖြစ်သည်။

” ငါ ရောင်းတာတော့ သုံးထောင်ဘဲ… ”

အထည်ရောင်းသော မုဆိုးမ မကြည်၏အသံက ထွက်ပေါ်၍လာသည်။ တင်ငွေ၏ မျက်နှာက အိုသွားကာ စပို့ရှပ်လေးကို အားတက်သရော ကိုင်ကြည့်နေသည့် သူ၏လက်ကို ချက်ချင်း ရုတ်သိမ်းလိုက်သည်။

ဥမ္မာ၏ရင်ထဲတွင် ချစ်သူတင်ငွေ၏ အဖြစ်ကို မြင်ရကာ နာကျင်စွာ ခံစားမိလိုက်သည်။ တင်ငွေ မဝယ်နိုင်ပါ။ ဒါကို ဥမ္မာကသိသည်။ တင်ငွေ၏ အလုပ်ရှင် ဦးမောင်တင်က သူကသာ တနေ့တခြား ချမ်းသာလာသည်။ သူ့အလုပ်သမားကိုတော့ ထမင်းနပ်မှန်ရုံသာ လုပ်ခပေးထားသည်။ ဆယ်လီသမားပီပီ သေချာတွက်၍ ပေးထားသော လုပ်ခလစာကြောင့် တင်ငွေမှာ ထမင်းနပ်မှန်ရုံသာ ရှိသည်။ တခါတရံ လက်ဘက်ရည် သောက်ချင်တာတောင် မသောက်နိုင်ခဲ့ပေ။ တင်ငွေက ဦးမောင်တင်အတွက် စျေးကောက် ကောက်ရုံသာမဟုတ် နေ့ပြန်တိုးပါ သိမ်းပေးရသည်။

ဘာဘဲဖြစ်ဖြစ် ဦးမောင်တင်က သူတနေ့တခြား စီးပွားတက်လာတာဟာ သူ့ အလုပ်သမားရဲ့ အထောက်အကူလဲ ပါသင့်သလောက် ပါသည်ဆိုတာကို စဉ်းစား၍ ငဲ့ညှာမှာ မဟုတ်၊ လုပ်နိုင်ရင်လုပ် မလုပ်နိုင်ရင်သွား။ လူတွေ တပုံကြီးရှိသည်။ ဘယ်သူ့ခေါ်ခိုင်းခိုင်းရသည်ဟူသော စီးပွားရေးသမားစစ်စစ်ပင် ဖြစ်သည်။

ချစ်သူတင်ငွေ၏ ဖြစ်အင်ကြောင့် စိတ်ထဲရင်ထဲတွင်နင့်သွားရသော ဥမ္မာတစ်ယောက် ကလေးတွေး တွေးကာ လျှောက်ပြီး စဉ်းစားနေမိလိုက်သည်။

” ဟဲ့… တင်ငွေ…. မယူတော့ဘူးလား…။ မောင်လေး… ကြိုက်ရင်… ယူသွားလေ…။ မမက… မောင်လေးအတွက်… လက်ဆောင်ပေးလိုက်မယ်…. ”

မကြည်က ခပ်ပေါ့ပေါ့လေသံဖြင့် သဘောတွေကောင်းနေသည်။

” ပြီးတော့ မောင်လေးက… မမ…ကို အဝှါပြု….”

မကြည် အထည်ဆိုင်၏ ဟိုဖက်ဘေးက ဘေးချင်းကပ်လျက်ရှိ ကြက်သားသယ် ကိုတုတ်က ဝင်ပြောလိုက်တော့ ပတ်ဝန်းကျင်ရှိ စျေးသည်တွေရော စျေးဝယ်သူတွေပါ ပွဲကျသွားရသည်။ မုဆိုးမ မကြည်ကလည်း မလျှော့.. ။

” ဒီမှာ… ကိုကြက်နာရဲ့…..။ မောင်လေးတင်ငွေ… ယူလို့ကတော့… ကျမက…အကုန်ပေးမှာ သိလား…။ ရှင်က ဘာမနာလိုဖြစ်နေရတာလဲ…. ကြက်နာရဲ့….. ”

ဟုချက်ခြင်း တုန့်ပြန်၍ ပြောလိုက်သည်။ ဥမ္မာ၏ ရင်ထဲတွင်တော့ ဝမ်းနည်းစိတ်တွေရော၊ ဒေါသစိတ်တွေပါ ဖြစ်လျှက်

“မသာမကြီး…. နှာဘူးမကြီး..”

ဟု တိုးတိုးလေး ရေရွတ်မိလိုက်ပါတော့သည်။ တင်ငွေကတော့ ခပ်ရှက်ရှက်ဖြင့် နောက်ကိုမျှပင် လှည့်မကြည့်တော့ဘဲ ထွက်သွားခဲ့ပြီ ဖြစ်ပါလေတော့သည်။

——————————————

ဦးမောင်တင်က ငွေသိမ်းပြီးရင် တအောင့်တနားဘဲ စျေးမှာနေ၍ အိမ်ပြန်သွားတတ်သည်။ မသီကလည်း ဦးမောင်တင်တစ်ယောက် အိမ်သို့ ပြန်သွားသည်ကို တွေရ၍ စျေးသိမ်းပြီး သူမ၏ အိမ်သို့ ပြန်လာခဲ့သည်။ ပြီးတော့ ရေမိုးချိုး ဖီးလိမ်း၍ အဝတ်အစားလဲကာ ဦးမောင်တင်၏ အိမ်သို့ ထွက်လာခဲ့သည်။ မသီရောက်သွားတော့ ဦးမောင်တင်က ရေချိုးပြီးခါစ ဖြစ်ပုံရသည်။ ကိုယ်လုံးတီးနှင့်ဖြစ်ပြီး သူ့ကိုယ်ပေါ်တွင် ပုဆိုးတစ်ထည်သာရှိသည်။

” မသီရယ်…. ငါက သူဌေးမဟုတ်ဘူးဟ…. နင့် ဥစ္စာလည်း ကြည့်လုပ်ပါဦး…”

” ကျမ… ယူထားတာများမှန်း သိပါတယ်…. ဦးလေးရယ်….။ ဒီနေ့ အလတ်ကောင် ဆေးထိုးရမှာမို့ပါ…။ တစ်ထောင်ဘဲ ပေးပါ…. ဦးလေးရယ်….”

” ခက်လိုက်တာဟာ….. နင်ကလဲ…. ကဲ… လာ….”

မသီက ဦးမောင်တင်၏ နောက်မှ ဝင်လိုက်သွားသည်။ ဦးမောင်တင်၏အိမ်က ပြတင်းပေါက်တွေ မဖွင့်ရသေးတာလား…. မကြာခင် မိုးချုပ်တော့မှာမို့ ပြန်ပိတ်ထားတာလား မသိ။ ပြတင်းပေါက်တွေ ပိတ်နေကာ လှောင်နေသည်။

” အခုလို… လူရှင်းတာ ကောင်းတယ်။ အိမ်ကို… လာပြောတာလဲ ကောင်းတယ်။ စျေးမှာဆို ငါက ပြောတိုင်းပေးတာ မဟုတ်ဘူး။ တော်ကြာ နင့်ကိုတော့ပေးတယ်။ သူတို့ကျတော့ မရဘူး ဆိုတာတွေက လာဦးမယ်…။ ပူညံပူညံတွေ ဖြစ်နေဦးမယ်…”

ဦးမောင်တင်က သူစျေးကို ကိုင်ကိုင်လာသော လက်ဆွဲအိတ်ထဲတွင် စာရင်းစာအုပ်ကို ရှာနေလေသည်။ ဒါသူလုပ်နေကျ ဖြစ်သည်။ မသီက ကြမ်းပြင်ပေါ်တွင် ရှိနေသော စားပွဲသေးပုပုလေးပေါ်မှာ တွေ့ရသော စာအုပ်တစ်အုပ်ကို ကောက်၍ယူကာ လှန်ကြည့်လိုက်သည်။ ကာတွန်း….. မဂ္ဂဇင်းတွေဆို မသီက ငယ်ငယ်ကတည်းက ဝါသနာပါသည်။

“အို”

Scroll to Top