အကြင်တို့လယ် ကောက်စိုက်တုန်းက

“မိုးကလည်းနော်.. ရွာမှာဖြင့် ရွာတာ မဟုတ်ဘူး.. အလုပ်ပျက်ရုံ စွက်ကယ် စွက်ကယ်နဲ့ တကတည်း..”

“ဘာတွေ မြည်တွန်နေတုန်း အဘွားကြီးရဲ့..”

“အဝတ်တွေ မခြောက်လို့ တော်ရေ.. ဒီ မိုးနှယ်ကြောင့်.. ဟွမ်း..”

“ဟ.. မိုးကို အဲ့သလို မပြောရဘူးလေ.. မင့်နှယ်.. လယ်ထဲကိုင်းထဲ ကြီးခဲ့တာ မဟုတ်တဲ့ တိုင်းပဲ..”

“ဒါတော့ ဒါပေါ့တော်.. ခုလို ရာသီများတော့ ရွာက အိမ်နဲ့ ခြံဝိုင်းပဲ သတိရမိပါတယ်.. မြို့ကြီးပြကြီးမယ် တိုက်ခန်းကျဉ်းလေးနဲ့ နေပြီး မိုးလည်း မိုးမို့.. နွေလည်း နွေမို့.. အဝတ်ကလေး လှန်းဖို့တောင်မှ ဒုက္ခကများ.. အနေကြပ် အသေကြပ်.. ဟင်းးး”

“ငှယ်.. ဒီမိန်းမ ဓာတ်ပြားဟောင်းကြီး အပ်ကြောင်း ထပ်နေ.. တန်တော့ မင့် ကြည့်ရတာ မြို့မယ် အနေကြာတော့ ရွာနဲ့လယ်တောကို လွမ်းနေထင်ရဲ့..”

“လွမ်းသပေါ့တော်.. လွမ်းသပေါ့..”

“မေးစမ်းပါရစေ.. မင့် လွမ်းတဲ့ထဲ ကောက်စိုက်တုန်းက အကြောင်းလေးရော.. မပါဘူးလား..”

“ဟမ်..”

“အဟေးဟေး.. ဘာတဲ့ အကြင်တို့လယ် ကောက်စိုက်တုန်းက.. မျှော့ ရေးငယ့် ရွှေဖူးစာ.. အိုးဟိုးဟိုး.. ခွီး..”

“တော်ကြီးနော်.. တော်ကြီး.. လူကဖြင့် အိုကြီးအိုမ.. ရွချက်က ကမ်းကိုကုန်ရော.. ဟွင့်..”

အဘွားဒေါ်မြကြင်တစ်ယောက် လင်တော်မောင် အဘိုးဦးသာဒွန်းကို မျက်စောင်းကလေးထိုးကာ ဖင်တုံးကြီးနှင့် တုံကနဲ ပစ်တိုက်ရင်း အိမ်ထဲဝင်သွားပါတော့သည်။ လက်ထဲမှ အဝတ်များကို အိမ်တွင်း အဝတ်စင်တွင် ထပ်ကာ စီကာ လှန်းလိုက်သည်။ ဇရာ၏ အရေးအကြောင်းတို့ ထပ်စပြုနေသည့် နှုတ်ခမ်းတစ်စုံကတော့ မပြုံးတုန့်တုန့် ပြုံ့တုန့်တုန့် ဟန်ဖြင့်။

ဒီမိုးစွေပုံနှင့် အဝတ်တွေ အိမ်ရှေ့ ထုတ်လှန်းဖို့ လမ်းမမြင်။ သားနှင့် ချွေးမကလည်း အလုပ်က တစ်ဘက်။ မြေးငယ်က မူလတန်း ကျောင်းသား။ တရားသူကြီးအလုပ်မှ ပင်စင်ယူပြီးသည့်တိုင် ရပ်ကွက် အရေးကိစ္စများနှင့် မအားလပ်သည့် ခင်ပွန်း ဦးသာဒွန်း။ အားလုံးက နေ့စဉ် အပြင်ထွက်နေရသူများမို့ မိုးတွင်းဆို အဝတ်တွေ အချိန်မှီခြောက်ရေး မိုးကင်းစောင့်ရင်း လှန်းရတာ အလုပ်တစ်ခု။

ဘွားကြင်တစ်ယောက် ပါးစပ်က ပြုံးရင်း လက်က အဝတ်လှန်းကာ မျက်လုံးထဲ မြင်နေသည်က ဘိုးသာဒွန်း အစဖော်လိုက်သည့် ကောက်စိုက်ပွဲ။

……………………………………………………

“မိုးလေး တအေးအေးနဲ့ ဟန်ကတော့ ကျပဟေ့.. ကောက်စိုက်သမတွေ ဖင်အကုန်း.. ရေစိုတုန်း ဟိုဒင်းလေးတွေက အမြောင်းလိုက်.. အဟေးဟေး..”

“မင့်မလည်း ဒါပဲ..”

“အဟုတ် ပြောတာဟ သာဒွန်းကြီးရ.. မင့်လို မြို့ကျောင်းသား ဒါတွေ မသိပါဘူးကွာ.. တချို့များ မိုးသည်းသည်းနေ့ဆို ထမီရေစို ပါးပါးမယ် အဖုတ်မွေး ထူလဗြစ်လေးတွေပါ မြင်ရသာ မောင်..”

“ဟ.. နောက်ကကြည့်တာ အဖုတ်မွေးထိ မြင်ရသလား.. ဒါတော့ များတယ်ကွာ မင့်..”

“ရော်.. မြင်မမြင် ကနေ့ စောင့်ကြည့်ဟ ငါ့ကောင်ရ..”

သူငယ်ချင်းလှဘော် စကားကြောင့် သာဒွန်းတစ်ယောက် တံတွေးတစ်ချက် ဂလုကနဲ မြိုချလိုက်ရသည်။ ကောက်စိုက်သမ ဖင်ကုန်းတာ အဖုတ်မွေးပါ မြင်ရသတဲ့လား.. မဖြစ်နိုင်လိုက်တာ။ ပြီးတော့ သူတို့တတွေက ထိုးဝါးနှင့်။ မိမိငယ်စဉ်က အမ ( အမေ) တို့ ကောက်စိုက်တာ တခါမြင်ဖူးသည်။ လက်ထဲမှ ပျိုးပင်ကို ထိုးဝါးတွင် အရင်တပ်ပြီးမှ လယ်မြေထဲ စွက်ကနဲ နှစ်ချပြီး စိုက်ခြင်း ဖြစ်၏။ အဖုတ်ပေါ်အောင်ကုန်းဖို့ မဆိုထားနှင့် ခါးမျှပင် ချိုးရသည် မဟုတ်။ ယခုတော့ ကြားရသည်က ဘယ့်နှယ် ဘယ့်နှယ်..။

“ထိုးဝါးနဲ့ စူးထိုး စိုက်တာ မဟုတ်လား ဘော်ကြီးရာ.. ငါ မြို့မယ် ကျောင်းအိပ်ကျောင်းစား သွားနေရပေမဲ့ မင့်ပြောသလောက်လည်း ရွာဓလေ့နဲ့ မဝေးပါဘူးဟ..”

“ပြိုင်ပွဲ မောင်.. ပြိုင်ပွဲ.. ထိုးဝါးတပ်လို့ ပျိုးပင် ကျွတ်ကျမယ့် အချိန် ဘယ်သူမှ မဖြုန်းဘူး.. အကုန် လက်နဲ့ စိုက်မှာ..”

“အော.. ဂလိုလား.. ကောင်းပေါ့ကွာ.. ဟီဟိ..”

“ဟော ဟိုမယ် လာနေပေါ့.. မင့် ချစ်နှမ အကြင်..”

လှဘော် ညွှန်ရာ လှမ်းကြည့်တော့ သနပ်ခါး အဖွေးသား၊ အသင်းဝတ်စုံ တူညီလေးများနှင့် ခါးမောက်လေးတွေ ကိုယ်စီ ဆောင်းလျက် ကြွကြွရွရွ လျှောက်လာသည့် မိန်းမငယ်လေးများ။ ရှေ့ဆုံးမှ အလှဆုံး (မိမိရှေ့မို့ ဟန်မူအပိုဆုံး)က ချစ်ရသူ ကွမ်းတောင်ကိုင် မြကြင်။ မြကြင်နှင့် သူ ချစ်သူဖြစ်ကြတာ နှစ်တစ်ပတ်ဖြင့် လည်လေပြီ။ သို့သော် ကောလိပ်ကျောင်းသား သာဒွန်းအဖို့ ချစ်သူလေး နှင့် ထိတွေ့ရချိန် နည်းပါးလွန်းလှ၏။

ကျောင်းပိတ်ချိန်လေး တိုက်ဆိုင်တိုင်း ရွာသို့ အပြေးပြန်လာ။ တစ်ခေါက်ထက် တစ်ခေါက် တိုးသထက်တိုး ဖြိုးသထက် ဖြိုးနေသည့် ချစ်ရသူ ညိုစိမ့်ချောအလှကို နမ်းမဝ ချစ်မဝ။ ဟိုဟိုဒီဒီ ကိစ္စလည်း လက်တည့်က စမ်းချင်။ ဒီလိုမို့ဖြင့် ကြုံရာ မိန်းမနဲ့တော့လည်း မအိပ်လိုပြန်။ ချစ်သူ အရင်းခေါက်ခေါက်ကလည်း ရိုးစင်းလှသော အရိုင်းကလေးမို့ မည်သို့ ကြံဖန်ရမည် မသိရက် မကြံရက်။ ဒီလိုနှင့်ပဲ သာဒွန်းနဲ့ မယ်ကြင်တို့ ချစ်ခရီးက ပါးလေးကိုင်၊ နှုတ်ခမ်းချင်းစုပ်၊ နို့ ကလေး ဖင်ကလေး မထိတထိ ပွတ်ရုံထက် မပိုသေး။

“ကျုပ်တို့အသင်းကို အားပေးနော် ကိုရင်..”

“အွမ်း.. အွမ်း ဘာ.. ဒါနဲ့ အကြင်ရယ်.. ထမီကလည်း ပါးလိုက်တာ..”

“အသင်းဝတ်စုံလေ ကိုရင်ရယ်.. ကျုပ်ဘာသာ ဝတ်ချင်လို့ ဝတ်တာမှ မဟုတ်ရပဲ..”

“မိုးကလည်း ရွာ.. မိုးကာလည်း ခြုံမထား.. ထမီပါးပါး ကုန်းကုန်းကွကွနဲ့.. ကွာ.. ထိုးဝါးလေးနဲ့များ စိုက်ပါရော့လား..”

“အိုတော်.. လက်ထက်ပဲ ထိုးဝါးက မြန်ပါ့မလား.. မိုးကာ တကားကားနဲ့ ဟန်ရေးလည်းပြ မနေအားဘူး တော်ရေ့.. ပြိုင်ပွဲပါဆိုနေမှ.. အနိုင်ရဘို့ အဓိက.. သိပလား.. ဟွမ့်..”

“အေး.. အေးပါကွာ..”

ခေါင်းကလေး တခါခါနှင့် ပြောပြောဆိုဆို ထသွားကြသည့် ချစ်ရသူ။ ချစ်သူထမီ ဝါလဲ့လဲ့က ယခုကိုပဲ ရေစိုစိုမှာ ကပ်စပြုပြီ သေးသွယ်သွယ် ခါးအောက်တွင် နိမ့်တုံမြင့်တုံ ဖြစ်နေသော တင်ပဆုံကားကားနှစ်ဘက်က ထမီလှပ်၍ ဖက်ကိုက်ပစ်ချင်စရာ.. အို ဘယ်နှာ.. ဟူးး..။

သာဒွန်းတစ်ယောက် ဆင်တူအသွေးနှင့် ရွာသူလေးများအကြားတွင် လှလွန်းသည့်ပန်း၊ မနမ်းရကြသေးသည့် ပန်းကလေးကို ငေးရင်း ကန်သင်းထက်၌ ငူငူကြီး ကျန်ခဲ့ပါလေတော့သည်။

“ပြောပါ့ရော.. မယ်ကြင်ပါရင် အနိုင်ပါလို့ အဟင်းဟင်း..”

“ဟုတ်ပါ့အေရယ်.. ဟုတ်ပါ့.. ခိခိ..”

“တော်ရုံလည်း မြှောက်စမ်းပါ ကောင်မတွေရယ်.. အများညီလို့ နိုင်တဲ့ ပွဲပါအေရဲ့.. ကျုပ်တစ်ယောက် ကောင်းရုံနဲ့ ရမလား..”

“ခါးတောင် ပြန်မဆန့်ဘဲ စိုက်တာ ညည်းပဲလေ မယ်ကြင်ရယ်.. ကောက်ငန်းထဲ ထိပ်ဆုံးရောက်နေတာလည်း ညည်းပဲ.. ခြေကုတ်ကလည်း မြဲချက်တော်.. တစ်လှမ်းဆိုမှ တစ်လှမ်း.. ရွှံ့ထဲ တစ်ချက်မှ မယိုင်တာများ အံ့ပါရဲ့..”

“တောင်ပိုင်းက ကောင်မတွေ ကောက်တစ်လိုင်းနဲ့ ကပ်တိုးလေး ကျန်ခဲ့တာများ.. ခိခိ..”

“ကျော့မေတစ်ယောက် ဆွေ့ဆွေ့ခုန်နေတာ ကြည့်အကောင်းဆုံး.. သူ့ခင်မျာ ကိုရင်သာဒွန်းရောက်နေလို့ ဟန်ရေးပြပါတယ် ဆိုကာမှ.. ဟီဟိ..”

“အိုအေ.. မိန်းမချင်း ပေါင်တင်စကားတွေ မပြောစမ်းပါနဲ့.. သူ့ဘာသာ ဘာနေနေ ကျုပ် ကိုရင်က ကျုပ်မှ ကျုပ်ပါတော်..”

“ကောင်မ မာန်တက်နေတယ် ကြည့်စမ်း..”

“တက်တယ်အေ တက်တယ်.. ဘာဖြစ်သတုန်း..”

ခိုးခိုးခစ်ခစ် ရယ်သံလေးများ တလွင်လွင်နှင့် ပထမဆုရှင်တို့ ပြုံးပျော်နေကြသည်။ ဂုဏ်ပြုသဘင် ဆင်ပေးမည့် လှဘော်တို့ ကာလသား အဖော်တစ်သင်း ကလည်း လယ်စောင့်တဲလေးတွင် ထန်းရည်အိုးနှင့် လယ်ကြွက်ကင်များ အသင့်။ စဲလုလု မိုးဖွဲအောက်မှာပင် ခမောက်ကိုယ်စီနှင့် ဒိုးပတ်ဝိုင်းကလည်း မြူးကြွကခုန်လျက်။

“မြောက်ပိုင်းသူတို့ လက်စွမ်းပြ.. ပထမဟေ့ ပထမ… “

“မိုးယံတိုင်အောင် စိုက်မဟေ.. မြောက်ပိုင်းလုံမေ သာချက် မြန်ချက်..”

“ကောက်ငန်းအလုံး ခြိမ့်ခြိမ့်ညံ.. မြောက်ပိုင်းသားတို့ လက်ခုပ်သံဗျာ့..”

“မြောက်ပိုင်းသူကို ယှဉ်ဖို့ရာ.. သိကြားပင်လျင် မစွမ်းလေကား”

“ဟေ့ စိန်လား.. ဟေ့ မြလား.. ဟေလာ မောင်တို့ ဝါးးး..”

“အို့ ဘာတဲ့.. အိုး ဘာတဲ့.. အိုး ဟိုးဟိုး ဘာတဲ့ ဘာတဲ့..”

“ဟေ့ စိန်လား.. ဟေ့ မြလား.. ဟေလာ မောင်တို့ ဝါးးး..”

အောင်ပွဲ၏ အနှစ်သာရ ဒိုးသံကလည်း မြိုင်မြိုင်။ ချစ်သူနှစ်ဦး၏ ကြည်နူးအပြုံးတို့လည်း လှိုင်လှိုင်။ ပါးထက်မှ တစ်ဝက်တစ်ပျက် သနပ်းခါးပါးကွက်နှင့် ရေစိုစို ကိုယ်အလှကလည်း ပွေ့ပိုက် ရှိုက်နမ်းလိုစိတ်ကို မြိုချရတာ အနိုင်နိုင်..။

“အဝတ်စားလဲကြဖို့ ပြင်လေ.. အအေးတွေ ပတ်ကုန်မှဖြင့်ရယ်..”

“အမလေး ကိုရင်သာဒွန်းရယ်.. ကျုပ်တို့ အပတ်တွေက ရေစိမ်ခံ.. အဲလေ.. ကောက်စိုက်သမပါတော်.. ဒီအအေးလောက်ဖြင့် မှုမနေဘူး..”

“အဲ့ဒီ ခင်မေ တစ်ယောက်ဟာလေ.. ဘယ့်နှာတွေ ပြောနေတာတုန်းလို့.. အနားမယ် လူသူလေးပါးနဲ့ဟာကိုမှဖြင့်..”

“ညည့်သာ ရှက်ရမယ့်သူ အနားရှိတာပါ အကြင်ရယ်.. ခိခိ..”

“အို.. ပြောလေ ကဲလေပါရော့လား.. မိခင်မေနော်.. ဟွင့်..”

“ကဲပါအေ.. အမူပိုမနေစမ်းပါနဲ့.. အေးလည်း ဘာ ပြုတုန်း.. ကိုရင်လှဘော်ကြီး ယူလာတဲ့ ထရေ သောက်.. အချမ်းဖျောက်ရုံပေါ့ အေရယ်..”

“သောက်မှာဖြင့်လည်း သောက်ကြ လုံမတို့.. မိုးရိပ် ရှိနေသေးလို့သာရယ်.. အချိန်အတိုင်းဆို နေက မြင့်လာပြီဟ.. ထန်းဖျားကျော်ဆို ထရည် အချိုပျောက်တော့မယ်နော့.. သဘောပေါက် သဘောပေါက်.. ဟွင်းဟွင်း..”

“သာဒွန်းကြီးကို မူးအောင်တိုက်.. ဒင်းက နက်ဖြန်ခါဆို မြို့ပြန်ရပြီ.. မင့်တို့မြို့ကြီးမယ် ဒါမျိုး မရှိမဟုတ်လား မောင်..”

“ရော့ ရော့.. ဒါက အကြင့်ကို ဂုဏ်ပြုတာ.. ဟော သဟာက တစ်သင်းလုံးကို ဂုဏ်ပြုတာ.. မြူလိုက်သာချကွာ.. သာဒွန်းကြီး.. သောက်စမ်း..”

“အေး.. အေးပါ.. အွမ့်..”

တစ်ယောက် တစ်ဖလား ဆူညံစွာ ပျော်ကြ စားကြ သောက်ကြ။ သောက်စရာ စားစရာ ကုန်တော့ လူတွေလည်း အရှိန်သေပြီ။ အိမ်ပြန်ရန် အလျိုလျို ပြင်ကြပြီမို့ သာဒွန်းက အကြင့်ကို..

“ပြန်ချင်ပြီလား အကြင်..”

“ကိုရင်ရော..”

“အကြင် ပင်ပန်းနေလားလို့ပါ.. အဝတ်ကလည်း အစိုနဲ့.. မဟုတ်ရင်တော့ နှစ်ယောက်တည်း နေချင်သေးတာပေါ့..”

“အဝတ်က ခြောက်လုပါပြီ.. ရိုးကြီးဘက် သွားမယ်လေ.. ဒီမှာက လေစိမ်းတိုက်တယ်..”

“အွမ်း..”

…………………………………………………..

လယ်ကွင်းများနှင့် မနီးမဝေးတွင် ရွာသားတို့အခေါ် ရိုးကြီး ဟူသော ရေသွယ်မြောင်းကြီး တစ်ခုရှိသည်။ မြောင်းထိပ်တွင် ဆည်မြောင်းဌာနမှ အဆောက်အဦးလေး တစ်ခုလည်း ရှိသည်။ လူသူမနီးသော ထိုနေရာလေးက ရွာရှိ သမီးရည်းစားစုံတွဲတို့ ကျက်စားရာ နယ်မြေလေး တစ်ခု။

“သူများလည်း ရောက်နှင့်နေဦးမယ်..”

“နေ့ခင်းကြောင်တောင် ဘယ်သူမှ မလာပေါင်တော်..”

လာလည်း ပြန်လွှတ်မယ်.. ကိုရင်နဲ့ ကျုပ်က တွေ့ရခဲတယ်.. ဆိုသော စကားကိုတော့ နှုတ်မှ မပြောဖြစ်တော့။ ကဲချင်တိုင်း ကဲပြဖို့ရာ မိမိမှာ မိန်းမသားပေမို့လားနော်။ ဒီလိုနှင့်ပဲ ရိုးထိပ်ရှိ အဆောက်အဦးလေးဆီ ရောက်ဖြစ်ခဲ့ကြသည်။ လူနေအဆောက်အဦး မဟုတ်သော်လည်း အမိုးအကာနှင့် အုတ်တိုက်လေး။ ပြတင်းနှင့် တံခါးများ ပျက်စီးနေသည်မှလွဲ၍ ကြမ်းပြင်တွင် ထိုင်ချလိုက်လျင်ဖြင့် လယ်စောင့်တဲထက်တော့ လုံလုံခြုံခြုံရှိသည်။ နံဘေးတွင်လည်း ချုံနွယ်မြက်ရိုင်းတို့က လူတစ်ရပ်စာမက မြင့်နေသည်မို့ အဝင်ပေါက်နှင့် ပြတင်းပျက်တို့ကိုပင် လူမမြင်နိုင်။ နှစ်ဦးသား အုတ်တိုက်လေးထဲဝင်ကာ ထောင့်လေးတစ်နေရာတွင် ထိုင်ချအပြီးမှ..

“အမလေး.. ကိုရင်.. ကျုပ်.. ကျုပ်ခြေထောက်မှာ.. မျှော့တော်.. မျှော့ မျှော့..”

“ဟာ.. ဟုတ်သားရော.. လာလာ ထမီမ..”

“အီး ဟီး.. မျှော့ကြီး.. မျှော့ကြီး.. ကျွဲမျှော့ကြီး.. အီးဟီး.. ကိုရင်ရေ.. ဟင့်ဟင့်..”

“ဖယ်ပေးနေတယ်လေ အကြင်လေး.. ငြိမ်ငြိမ်နေမှ ပေါ့.. အော်ကဲ.. မင့် လုပ်တာနဲ့ မျှော့က အထက် တက်သွားပလားပဲ.. ငြိမ်ငြိမ်နေပါ အကြင်ရဲ့..”

“ဟင်.. ဘယ့်နှာလုပ် မျှော့က အထက်တက်သတုန်း.. ဟမ်.. တွယ်နေတဲ့ မျှော့က အထက်တက်တယ်လား.. ဟိုဒင်း.. အင်း.. ဟုတ်မှာရယ်တော့.. အလိုလေး ကိုရင်ရေ.. ကျုပ် ကြောက်တယ်တော့်.. ဟော့်ဟော့်..”

“ရတော့မယ်.. ရတော့မယ် ခဏ.. အော် ကဲ.. ငြိမ်းငြိမ် နေပါဆိုနေမင့် အကြင်ရယ်..”

ဒူးကောက်ကွေးထက်မှာ သွေးဝလုလု မျှော့က နေရာမရွေ့ အမိအရ ကပ်တွယ်ထား၏။ သာဒွန်းတစ်ယောက် မျှော့ကို ဇတ်ကနဲ ဆွဲဖြုတ်ပြီးသည့်တိုင် လက်ကတော့ ထမီအောက်မှ ထွက်မလာနိုင်သေး။ အေးစက်စက် ပေါင်တွင်းသားလေးတွေဆီ မွှေနှောက်ပွတ်သပ်ရင်း လက်ထဲမှ အမောင်မျှော့ခင်မျာတော့ ညိုတုတ်တုတ် လက်ချောင်းများကြားမှာ စိစိညက်ညက် ကျေရှာလေပြီ။

“ငြိမ်ငြိမ်မနေတော့ ဖမ်းရခက်ချေပေါ့ အကြင်ရဲ့.. မှန်း.. အထက်တက်သွားပြန်ပလား.. မတော်တရော်တွေထဲ ရောက်ကုန်မှ ဒုက္ခကွာ..”

“ဟင်.. အဟုတ်ကြီးလား ကိုရင်.. တက်သွားပြန်ပလား.. ဒီမျှော့နှယ် ခြေမြန်လှပါ့ရော.. ကျုပ် .. ကျုပ် ကြောက်တယ်တော့်.. ပြောခါမှ ပေါင်ခြံကြားမယ် ရွစိစိနဲ့.. ရအောင်ဖမ်းပေးပါ ကိုရင်ရဲ့.. အီးဟီး..”

အကြင့်စကားဆုံးတော့ သာဒွန်းလက်က ဟိုအဝ ရောက်နေပြီ။ တမလွန်ရောက် မျှော့ခင်မျာတော့ မိမိကို အကြောင်းပြု၍ သမီးရည်းစားစုံတွဲ အကဲပိုဟန်ကို မမြင်နိုင်ရှာတော့ပေ။

“အကြင်..”

“ရှင်..”

“အွမ်း..”

“အိုးး..”

“ချစ်တယ် အကြင်ရယ်..”

“အို.. ကိုရင် ရယ်..”

သနပ်ခါးနံ့သင်းသည့် ပါးပြင်လေးကို ဖွဖွရှိုက်နမ်းရင်း ပြောလိုက်၏။ ကြာငုံလေးလို ဖူးနေသည့် နှုတ်ခမ်းစုစုကို ငုံကာ ဖြည်းဖြည်းချင်း စုပ်နမ်းသည်။ မျှော့ဖမ်းလက်စ လက်ချောင်းများကတော့ မြက်ရိုင်းများ ဖုံးအုပ်ထားသည့် ကမူမို့မို့ကို ဖွဖွချင်း တူးဆွလျက်။ ရှက်သွေးနှင့် ရမ္မက်သွေး ရောဖြာနေသည့် မယ်ကြင်လေးလည်း ဟန်ဆောင်ပန်ဆောင် မျှော့ကြောက်ဇာတ်လမ်း သူ့အလိုလို တစ်ခန်းရပ်လေပြီ။

သကာရည် စိုလူးလက်စ တွင်းဝလေးက အထဲတွင် မြေအောက်ချောင်း ရှိလေသလား မသိ။ နွေးစိမ့်စိမ့် စမ်းရေတို့ သာဒွန်းလက်ထဲ စီးကျလာသည်။ ကျန်နေသည့် လက်တစ်ဘက်ကို အင်္ကျီခါးအောက်ကနေ လျှိုသွင်းပြီး ဘော်လီချိတ်များကို တစ်ခုချင်း ဖြုတ်သည်။ သိပ်မလွယ်လှသော်လည်း ပြောလောက်အောင်တော့ မခက်။ ရင်စိုင်တစ်ဘက် လက်ထဲ ပိုင်ပိုင်ရောက်ချိန်မှာတော့..

“ကိုရင်ရယ်.. ကျုပ်.. ကျုပ် ကို.. အင်း ဟင့်.. ရှီးး ကျစ်ကျစ်..”

Scroll to Top