တစ်စုံတစ်ယောက်သောသူကို သတိရမိတဲ့အခါတိုင်း အလွမ်းဖြေရင်း နားထောင်ဘို့ version ၄ ခုနဲ့ ဆိုထားတဲ့ Hello Darling ဆိုတဲ့ အင်္ဂလိပ် သီချင်းလေးကို ကျွန်တော့ Laptop ပေါ်မှာ တင်ထားပါတယ်။ အထူးသဖြင့် မန္တလေး ကိုရောက်လျှင် ပိုသတိရမိပြီး ပိုနားထောင်ဖြစ်ပါတယ်။
၂၀ဝ၈ ခု၊ နှစ်ဆန်းပိုင်းလောက်ကပါ။ အောင်မင်္ဂလာအဝေးပြေးဝင်း ရန်ကုန်-မန္တလေး Express ကားတစ်စီးပေါ်မှာ ည ၇ နာရီကား လက်မှတ်ဝယ်ပြီး ကားထွက်မည့် အချိန်ကို စောင့်နေတာ ၁၀ မိနစ်ကျော်တဲ့အထိ ကားကမထွက်သေးဘူး။ ခရီးသည်တွေ ကျန်နေသေးလို့ ထင်ပါရဲ့။ ထိုင်ခုံတွေကလည်း ဟိုနား တစ်ခုံ ဒီနားနှစ်ခုံဆိုသလို လွတ်နေသေးတယ်။ ကျွန်တော့် ဘေးခုံကလည်း မလာသေးဘူး၊ တစ်ချို့က လမ်းကစောင့်ပြီး စီးတာတွေလည်း ရှိတတ်ပါတယ်။
ကျွန်တော်ကတော့ များသောအားဖြင့် ဘုန်းကြီးတွေနဲ့အတူ ကျတတ်ပါတယ်။ ကားပေါ်မှာ ဖွင့်ထားတဲ့သီချင်းလေးတွေ နားထောင်ပြီး စောင့်နေတုန်း အသားဖြူဖြူ၊ နှာတံပေါ်ပေါ် လူရည်သန့်သန့် အသက် ၃၀ ခန့်အမျိုးသမီးတစ်ဦး ကားလက်မှတ်ကိုင်ပြီး တက်လာပါတယ်။ စပါယ်ယာက သူ့ပစ္ဇည်းတွေသယ်လို့ အနားရောက်တော့ အပေါ်မော့ကြည့်ရင်း
“ခုံနံပါတ် ၁၂ ”
လို့ ပါးစပ်က ရေရွတ်လိုက်ပါတယ်။ ကျွန်တော့်ကိုလည်း ပြုံးနေတော့ သဘောပေါက်လိုက်ပြီး လမ်းထဖယ်ပေးလိုက်ပါတယ်။
စပါယ်ယာက သူ့ပစ္ဇည်းတွေ စင်ပေါ်တင်နေတုန်း လက်မှတ်ရောင်းတဲ့ ကောင်မလေးနောက်က ထပ်လိုက်လာပါတယ်။
“အစ်မ အဆင်ပြေလား၊ အဆင်မပြေလျှင် နောက်ကားနဲ့ ချိန်းပေးမယ်”
ဟု လှမ်းပြောနေပါတယ်။ သူကတော့
“ရတယ် အဆင်ပြေပါတယ်”
ဟု ပြောရင်း ကားအောက်ဖက်ကို လိုက်ကြည့်နေပါတယ်။ လင်မယားဟု ယူဆရသော အသက် ၆၀ ခန့် ဘိုးတော်နှင့် ဘွားတော်ကို
“ဒယ်ဒီတို့ ပြန်တော့လေ”
ဟု လှမ်းပြောနေတာ ကားမှန်တွေက လုံနေသဖြင့် အောက်က ကြားရမယ်လို့ ကျွန်တော်မထင်ပါဘူး။
ကားလည်းစတင်ထွက်ခွာပါပြီ၊ တစ်ခါမှ မမြင်ဘူးပေမဲ့ စတွေ့တွေ့ချင်း ပြုံးပြတဲ့ သူ့အပြုံးက ကျွန်တော့်ရင်ထဲ စမ်းချောင်းလေး စီးဆင်းသွားသလို အေးမြသွားတယ်ဗျာ။
“မန္တလေးအထိလား”
သူက စမေးပါတယ်၊ ကိုယ့်ထက်ငယ်မှန်း သိသော်လည်း ယဉ်ကျေးမှုအရ
“ဟုတ်ကဲ့” လို့ ဖြေလိုက်ပြီး
“ညီမကရော” ဟု ပြန်မေးလိုက်ရာ
“ကျွန်မလည်း မန္တလေးအထိပါဘဲ၊ မနက်ဖြန်မှပြန်ဘို့ လက်မှတ်ဖြတ်ထားတာ အရေးပေါ် ကိစ္ဇတစ်ခု ပေါ်လာလို့ ကမန်းကတန်း ကောက်ထွက်လာတာ၊ ဒီထိုင်ခုံကလူ ဘွတ်ကင်တင်ထားပြီး မလာတာနဲ့ အတော်ဘဲ ဖြစ်သွားတယ်”
“ညီမက မန္တလေးကလား”
“မဟုတ်ဘူး၊ ကျွန်မက ဝန်ထမ်းပါ၊ မန္တလေးမှာ တာဝန်ကျတာ ၁ နှစ် ကျော်ကျော်ဘဲ ရှိသေးတယ်၊ အစ်ကိုကကော မန္တလေးကဘဲလား”
“မဟုတ်ဘူး ကျွန်တော်လည်း အလုပ်ကိစ္ဇနဲ့ တစ်လတစ်ပတ်လောက် မန္တလေးကို သွားရတယ်”
လို့ ပြန်ဖြေလိုက်တယ်။ ကားနည်းနည်းလှုပ်တော့ ပေါင်ချင်းထိမိသွားလို့ ပြန်ပြင်ထိုင်တော့
“ရပါတယ် အားမနာပါနဲ့ရှင်” တဲ့။
စကားတပြောပြောနဲ့ စီးလာတာ ဇရပ်ကွင်းစစ်ဆေးရေးဂိတ်မှာ လမ်းဆင်းလျှောက်ပြီး မှတ်ပုံတင်ပြရတယ်။ အဲဒီတုန်းက အမြန်လမ်း မပြီးသေးဘူး၊ လမ်းဟောင်းကဘဲ သွားရတာ။ ကားတွေကလည်း စောထွက်တယ် ည ၈ နာရီကားဆို နောက်ဆုံးဘဲ။
မှတ်ပုံတင်စစ်ပြီး ကားပေါ်ပြန်တက်တော့ သူကအစွန်ခုံမို့ သူအရင်ဝင်ပြီးမှ နောက်ကလိုက်တက်မယ်ဆိုပြီး သူ့နောက်ကလိုက်လာတာ အခုမှ သူ့ကို နောက်ကနေ မြင်ရတယ်။ ခါးသေးလို့ရင်ချီ၊ တင်ကလည်း စံချိန်မှီတယ်ဗျာ။ မေသန်းနု ဘော်ဒီမျိုး။ အရပ်ကတော့ ၅ ပေ ၄ လက်မခန့် ရှိမယ် ထင်ရတာဘဲ။ စိတ်ထဲမှာတော့ တွတ်ပီ ဒီနေ့ တယ်ကံကောင်းပါလားပေါ့။
ပဲခူးရောက်တော့ ခရီးသည် တစ်ချို့ထပ်တက်လာတယ်။ ရွှေအုန်းပင်မှာ ထမင်းစားနားတော့ သူ့ကို
“တစ်ခုခု ကျွေးပါရစေ” လို့ ပြောတာ
“ကျေးဇူးတင်ပါတယ် ကျွန်မအိမ်က တစ်ခါတည်း စားလာလို့ အစ်ကိုဘဲ သုံးဆောင်ပါ” တဲ့။
ထမင်းစားနားပြီး ည ၉ နာရီ ၄၀ လောက် ရွှေအုန်းပင်က ပြန်ထွက်တယ်။ ကားပေါ်မှာ အဲယားကွန်းက ပိုအေးလာပြီ။ ဒီတစ်ခေါက်မှ ကျွန်တော်လည်း အနွေးထည် ထည့်လာဘို့ မေ့ကျန်ခဲ့တယ်။ ဒိုက်ဦးကျော်တော့ ကားပေါ်မှာ ပြနေတဲ့ ဗွီဒီယိုလည်း ပြီးသွားပြီ၊ တော်တော်များများလည်း အိပ်ကုန်ကြပြီ။ ကျွန်တော်ကတော့ လက်ကိုပိုက်ထားပြီး အအေးဒဏ်ကို ကြံ့ကြံ့ခံရင်း မျက်လုံးကလေး မှိတ်လိုက်လာတယ်။
“အစ်ကို အနွေးထည် မပါဘူးလား၊ အရမ်းအေးနေမှာဘဲ”
“ဟုတ်တယ် ဒီတစ်ခေါက်မှ ယူလာဘို့ မေ့သွားတယ်”
ဟု ပြောလိုက်တော့ သူခြုံထားတဲ့ စောင်ကို ဖြန့်ပြီး ကျွန်တော့်ကိုယ်ပေါ် တစ်ဝက် လှမ်းတင်ပေးတယ်။
“ရပါတယ်၊ ညီမဘဲ ခြုံပါ”
ဟုပြောတော့
“အားမနာပါနဲ့ ညီမစောင်က နှစ်ယောက်ခြုံလို့ ရပါတယ်” တဲ့။
ဘယ်လောက် လူမှုရေး အသိစိတ်ရှိပြီး ကျေးဇူးတင်စရာ ကောင်းတဲ့ အမျိုးသမီးလေးလည်းဗျာ၊ လူချင်းလည်း ပူးကပ်ထားပေးတယ်။