မလွှဲသာလို့သာ ရီလေးမှာ စက်ဘီးကို ဆွဲပြီး ထွက်လာရသည်။ ဒီ ကြည်ကြည်အေး ဆိုသော မိန်းမဆီကို သွားချင်တာ မဟုတ်ပေ။ ဒီမိန်းမက ရပ်သိရွာသိ နှာဘူးမဖြစ်သည်။ အသက်က သုံးဆယ်လောက်။ လူကတော့ လှသည်။ မိန်းမချင်း မနာလိုလောက်အောင် လှသည်။ သူက စျေးရုံထဲတွင် ကလေးဝတ် အဝတ်အစားလေးတွေ ရောင်းသည်။ ဒါပေမယ့် ဒါက အဓိက အလုပ်မဟုတ်။ စျေးထဲတွင် နေ့ပြန်တိုးပေးတာက ကြည်ကြည်အေး၏ အဓိကအလုပ်ဖြစ်သည်။
ကြည်ကြည်အေးဆိုင်မှာက ကောင်လေးတွေ တရုန်းရုန်းနဲ့ အမြဲစည်ကားနေသည်။ ရီလေးမှာ ကြည်ကြည်အေးကို ကြည့်လို့ရတာမဟုတ်။ ကြည်ကြည်အေးက မုဆိုးမဆိုပေမယ့် အပျိုရှုံးလောက်အောင်ကို ဝတ်စားပြင်ဆင်သည်။ သေသွားသော ယောက်ျားထားခဲ့သည့် စီးပွား ဥစ္စာများနှင့် ချမ်းသာနေသည်။ ရင်ထဲက ဘယ်လိုပဲ မကျေနပ်ပေမယ့် တကယ့် တကယ်မှာတော့ ရီလေးမှာ ကြည်ကြည်အေး နှင့် မကင်းနိုင်ပါ။ မနက်ဖြန် မနက် အမေ့ကို ဆေးခန်းပြရမည်။ ဒါကြောင့် လိုသောငွေကို ကြည်ကြည်အေးထံမှ ယူရမည်။
အမေ့နှလုံးရောဂါက တစ်လတစ်ကြိမ် ဆေးခန်းသွားပြရသည်။ ဆေးခန်းက အထူးကုဆရာဝန်ကြီး၏ ဆေးခန်းဆိုတော့ ငွေကလိုသည်။ ရီလေး အပ်ချုပ်ဆိုင်က ချုပ်ရတယ်ဆိုပေမယ့် လိုသလောက်တော့ မရနိုင်။ ဒါကြောင့် လိုတာကို ကြည်ကြည်အေးထံ မနေ့ကတည်းက ပြောထားသည်။
အချိန်က ညနေ (၆) နာရီခန့် ဖြစ်နေပြီ။ ရီလေး လက်မှ လက်ပတ်နာရီ လေးကို ကြည့်ရင်း စက်ဘီးကို ဖိနင်းလိုက်သည်။ (၇) နာရီတွင် ရည်းစားဖြစ်သူ ခင်ထွန်း နှင့် ချိန်းထားသေးသည်။ ဒါကြောင့် ရီလေး၏ စိတ်တွေ လောနေတာဖြစ်သည်။
“ ဟယ်… ရီလေး… လာ…. မမက မင်းကို စောင့်နေတာ…. အခုပဲ အပြင်သွားတော့မလို့… ထိုင်ဦးနော်…”
“ ဟုတ်ကဲ့….”
ရီလေး အိမ်ရှေ့မှ ကော်ခုံတစ်လုံးတွင် ဝင်ထိုင်လိုက်သည်။ ကြည်ကြည်အေး အိမ်အတွင်းပိုင်းသို့ ဝင်သွားရာသို့ လှမ်းကြည့်မိသည်။ မနာလိုစရာကောင်းလှသည်။ ကြည့်ပါဦး။ ခါးက သေးသေးလေး။ အောက်ဖက်က တင်သားကြီးတွေက တလုံးတခဲကြီး။ လုံးတစ်၍ လမ်းလျှောက်လိုက်တိုင်း တလှုပ်လှုပ် တုန်ခါနေသည်။
“ ဟင်း…”
သက်ပြင်းချလိုက်ပြီး ရီလေးအကြည့်က အိမ်ရှေ့လမ်းမဖက်ဆီသို့ လွှဲလိုက်သည်။
“ ရီလေး… ရော့… ဒီမှာ ပိုက်ဆံ….”
ရီလေး လှမ်းယူပြီး ငွေကို ရေလိုက်သည်။
“ ဒါနဲ့ စကားမစပ် ထွန်းထွန်းတစ်ယောက်လည်း မတွေ့ပါလား… ဘယ်ပျောက်နေလဲ….”
“ ဟင်…ဟို…”
ဗြုံန်းကနဲ ရီလေး မျက်နှာလေးတစ်ခုလုံး နီရဲသွားပြီး ဘာပြောရမှန်းမသိအောင် ဖြစ်သွားသည်။ ထွန်းထွန်းဆိုတာက ရီလေး၏ရည်းစား ခင်ထွန်းကို မေးနေခြင်းဖြစ်သည်။ ရီလေး တံတွေးတစ်ချက် မြိုချလိုက်ပြီးမှ….
“ ဟို… ကျမလည်း မတွေ့မိဘူး အစ်မ…။ ပြန်ဦးမယ် အစ်မ…။ အိမ်မှာ အမေတစ်ယောက်ထဲ ထားခဲ့တာ….”
ပြောပြောဆိုဆို ရီလေးက မတ်တပ်ထရပ်သည်။
“ အေးအေး ညီမလေး…. မှောင်နေပြီ…. စက်ဘီးကို သတိထားနင်း….”
“ ဟုတ်ကဲ့ အစ်မ…”
ရီလေး စက်ဘီးကို ခပ်သုတ်သုတ်နင်းပြီး ပြန်လာခဲ့သည်။ အိမ်ပေါက်ဝမှ ရပ်ပြီး ရီလေးကို ကြည့်နေသော ကြည်ကြည်အေး၏ အပြုံးများက တစ်ဝက်တစ်ပျက် ရပ်သွားသည်။
“ ငါကြားတဲ့ သတင်း ဟုတ်မှာပါ….။ ရီလေး နဲ့ ခင်ထွန်း ကြိုက်နေကြတယ်ဆိုတာ သေချာသလောက်ပဲ…။ ငါ တစ်ခွန်းထဲ ထောက်လိုက်တာနဲ့ ကောင်မလေး မူပျက်သွားတာ….။ မဖြစ်ဘူး…. မဖြစ်ဘူး… ကိုယ့်အိမ်ထဲက ပစ္စည်းတော့ သူများဆီ အပါမခံနိုင်ဘူး… ဟင်း….”
ကြည်ကြည်အေး သက်ပြင်းချပြီး အိမ်ထဲ လှည့်ဝင်ခဲ့လေသည်။
ခင်ထွန်းတို့ ရီလေးတို့ဆိုတာက အသက် (၂၀) (၂၃) ဝန်းကျင်တွေ ဖြစ်သည်။ ခင်ထွန်းက ယောက်ျားပီသသော ရုပ်ရည်ရှိသည်။ အားတဲ့အချိန်မှာ မြို့ဦးဘုရားကြီးဝင်းထဲက ဝိတ်ရုံမှာ ကစားနေတတ်သူဆိုတော့ ခန္ဓာကိုယ်တောင့်တင်း ကြံ့ခိုင်မှုကတော့ ပြောစရာမလိုပေ။
ခင်ထွန်းက ဆိုင်ကယ် ကယ်ရီသမား ဖြစ်သည်။ ဒါပေမယ့် ခင်ထွန်းတို့မှာက မိသားစုများကာ မပြေလည်သဖြင့် ကြည်ကြည်အေး၏ လောင်းရိပ်အောက်မှ မလွတ်ကင်းနိုင်ပေ။ ခင်ထွန်းက မွန်မွန်ရည်ရည် ရှိသည့်အပြင် ကြည်ကြည်အေးအိမ်ကို ဝင်ထွက်သွားလာပြီး လိုအပ်တာမှန်သမျှ ကူညီလုပ်ကိုင်ပေးနေသူဖြစ်သည်။ ဒါကြောင့်လည်း ကြည်ကြည်အေးက စေတနာဗလပွနှင့် ခင်ထွန်းအတွက် ဆိုင်ကယ်တစ်စီးဝယ်ပေးကာ အတိုးမယူဘဲ အုံနာခကို ဆိုင်ကယ်သို့ သွင်းငွေအဖြစ် လုပ်ပေးခဲ့သည်။ အခုဆို ဆိုင်ကယ်ဖိုး တစ်ဝက်လောက် ကြေသွားပြီဖြစ်သည်။
တကယ်တော့ ရီလေးဆိုတဲ့ မိန်းကလေးကလည်း အကျည်းတန်သူတစ်ယောက် မဟုတ်ပါ။ အသားညိုညို စိမ့်စိမ့်လေး၊ နှာတံစင်းစင်း မျက်လုံးဝိုင်းဝိုင်းလေးဖြင့် သူ့နေရာနှင့်သူ အချိုးကျကာ အမို့အမောက် အသိမ်အကားလေးများဖြင့် အလှတွေ ဝံ့ဝံ့ကြွားကြွားရှိသော မိန်းကလေး တစ်ယောက်ဖြစ်သည်။ ရီလေးမှာ ဆွတ်ခူးချင်သူတွေပေါသော ပန်းလေးတစ်ပွင့်ပင် ဖြစ်သည်။
ကြည်ကြည်အေး၏ အိမ်မှပြန်လာပြီး အိမ်သို့ ပိုက်ဆံဝင်ထား၍ ရီလေး ပြန်ထွက်ခဲ့သည်။ သူ ကြည်ကြည်အေးထံ သွားနေတုန်း အမေ့ညီမ သူမ၏ဒေါ်လေးအိမ်တွင် အမေရောက်နေသဖြင့် အမေ့ကို ရီလေး စိတ်ချသွားသည်။ ရည်းစားနှင့် တွေ့ရတော့မည်ဆိုတော့ ရီလေး ရင်တွေခုန်နေမိသည်။
ဒီတစ်ခါ ချိန်းတာက ထူးထူးဆန်းဆန်းဖြစ်သည်။ နှစ်ယောက်ထဲ တွေ့ချင်တယ်တဲ့။ အရေးကြီးတာ ပြောစရာရှိလို့ လာခဲ့ပါတဲ့။ ရင်တွေ တဒိတ်ဒိတ်ခုန်နေသည့်ကြားက ရီလေး၏ အတွေးထဲတွင် ကြည်ကြည်အေး၏ ပြုံးစစ မျက်နှာပေးက ပေါ်လာသည်။
ခင်ထွန်း သူ့ဆီမလာတာကို ရီလေးကို မေးရသည်တဲ့…။ ဘယ်လာမလဲ။ ရီလေးက မသွားရဘူးလို့ ခင်ထွန်းကို မှာထားတာ။ ဆိုင်ကယ်အုံနာခ ပေးစရာရှိတာကို ဆိုင်မပိတ်ခင် ဆိုင်မှာသွားပေးလို့ ပြောထားသည်။ အစ်ကိုထွန်းကို ဒီမိန်းမနှင့် ဘယ်လိုမှ စိတ်မချနိုင်။ စိတ်ချစရာလည်း မရှိ။ ကြည်ကြည်အေး ဆိုတာက နာမည်ကြီး မုဆိုးမမို့ အပျိုတွေထက်ရဲသည်။ ကောင်လေးတွေနှင့် တရုန်းရုန်းနေသည်။ ဒီထဲမှာမှ အစ်ကိုထွန်းက ကြည်ကြည်အေး၏ အိမ်သို့ အဝင်အထွက်ရှိပြီး အရင်းနှီးဟု ဆိုရမည်။ ဘယ်လိုနည်းနဲ့မှ အစ်ကိုထွန်းကို ကြည်ကြည်အေးနှင့် အဖြစ်မခံနိုင်။ ရီအေး ရင်ကျိုးရမည့်အဖြစ်ကို အရောက်မခံနိုင်ပေ။
အခုလည်း ခင်ထွန်းက နှစ်ယောက်ထဲ တွေ့ချင်တယ် ဆိုတာကို ရီလေး လက်ခံလိုက်တာ ဒီအကြောင်းလည်းပါသည်။ အရင်တုန်းက နှစ်ယောက်ထဲ တွေ့ချင်တယ်ချိန်းတိုင်း ရီလေးက ရှောင်နေခဲ့သည်။ အကြောင်းအမျိုးမျိုးပြခဲ့သည်။ အခုတော့ အန္တရာယ်က နီးကပ်လာပြီဖြစ်တော့ သူ့ကို လိုက်လျောသင့်သလောက် လိုက်လျောကာ ကိုယ့်ဖက်က အပိုင်ချည်ရန် လိုအပ်နေပြီ။ လက်ထပ်ဖို့ ကတိပြုသစ္စာဆိုထားကြတဲ့ သူတွေပဲဟာ။ ဘာနစ်နာစရာရှိတာမှတ်လို့ဟု ရီလေး တွေးရင်း စိုးရိမ်စိတ်၊ မခံချင်စိတ်တွေနှင့် ဆုံးဖြတ်ချက်ချပြီး ထွက်လာခဲ့တာ ဖြစ်သည်။
“ လာ…ရီလေး…အိမ်ထဲဝင်….”
အစ်ကိုထွန်းက ရီလေး၏ လက်မောင်းတစ်ဖက်ကိုဆွဲပြီး အိမ်ထဲသို့ ဆွဲခေါ်သည်။
“ ဦးလေးသိန်းရော…ဘယ်သွားလဲ…”
“ ဦးလေးသိန်းက ဆိုင်ကယ်ညထွက်ဆွဲတယ်…။ နေ့ခင်းက အလှူအိမ်မှာ သွားပြီးလုပ်ပေးနေလို့….”
ချိန်းသည့်နေရာက ခင်ထွန်းတို့ ဆိုင်ကယ်ဂိတ်မှူး ဦးလေးသိန်း၏ အိမ်တွင်ဖြစ်သည်။ ဝါးထရံကာ သွပ်မိုး ဆယ်ပေအိမ်လေး။ ဦးလေးသိန်းမှာ မိန်းမဆုံးသွားတာကြာပြီဖြစ်ပြီး အိမ်ထောင်ခွဲ သားတစ်ယောက်က သူ့အိမ်နှင့်သူနေတာကြောင့် ဦးလေးသိန်းမှာ တစ်ကိုယ်ရေတစ်ကာယသမား ဖြစ်သည်။ အခုတော့ အိမ်တွင် ဦးလေးသိန်းမရှိ၍ ခင်ထွန်းနှင့် ရီလေးတို့ နှစ်ယောက်ထဲဖြစ်သည်။
“ ကဲ…. ဘာပြောမှာလဲ အစ်ကိုထွန်း… နှစ်ယောက်ထဲ ပြောချင်တယ်ဆို….”
“ ချစ်တယ်… ရီလေးရယ်…. သိပ်ချစ်တာပဲကွာ….”
အသံတုန်တုန်ယင်ယင်နှင့် ပြောရင်း ခင်ထွန်းက ရီလေးကိုဖက်ကာ နေရာအနှံ့ နမ်းတော့သည်။ လက်တစ်ဖက်က အင်္ကျီပေါ်မှပင် နို့အုံလေးတွေကို ချေပေးနေပြီး လက်တစ်ဖက်က ထဘီပေါ်မှပင် စောက်ဖုတ်လေးကို ပွတ်ပေးနေသည်။ ရီလေးမှာ ပထမ ရုန်းကန်ငြင်းဆန်ရန် စဉ်းစားလိုက်သေးသည်။ နောက်တော့ ကိုယ်က ငြင်းလိုက်ရင် မငြင်းတဲ့သူရှိရင် ပါသွားနိုင်တယ်ဟု တွေးပြီး ငြိမ်နေလိုက်သည်။
ငြိမ်နေလိုက်ကာမှ ရီလေး၏ ရင်ထဲတွင် လှိုက်ကနဲ လှိုက်ကနဲ ဖိုလာသည်။ ခင်ထွန်းက သူမ၏ နှုတ်ခမ်းအစုံကို ဆွဲစုပ်လိုက်ပြီး ရီလေး၏ကျောမှ အင်္ကျီဇစ်လေးကို ဖြုတ်ကာ အင်္ကျီကို ချွတ်ပစ်လိုက်သည်။ ဘရာစီယာလေးအတွင်း မလုံတလုံဖြစ်နေသော နို့တင်းတင်းလေးနှစ်လုံးကို နမ်းနေသည့် ခင်ထွန်းမှာ အငမ်းမရ ဖြစ်နေသည်။
ခင်ထွန်းက ရီလေး၏ လက်တစ်ဖက်ကို အသာဆွဲပြီး သူ့လီးကြီးကို အကိုင်ခိုင်းပြန်သည်။ ခင်ထွန်း၏ လီးကြီးက အတော်ပင်ကြီးသည်။ သူမ၏ လက်ကလေးနှင့် အားကုန်ဖျစ်ညှစ်ဆုပ်ထားသည့်ကြားမှ ဆတ်ကနဲ ဆတ်ကနဲ ရုန်းနေသေး သည်။
“ အင်း…ဟင်း….အစ်ကိုထွန်းရယ်….”
ရီလေးတစ်ယောက် အရာရာကို မေ့လျော့ကာ အတွေ့နောက်သို့ ပါသွားချေပြီ။ သူမ၏ အသံလေး မဆုံးခင်မှာပင် ခင်ထွန်းက ရီလေး၏ နှုတ်ခမ်းလေးကို ဆွဲစုပ်လိုက်ပြန်ကာ စောက်ဖုတ်လေးကို ထဘီပေါ်မှ ခပ်ကြမ်းကြမ်း ပွတ်ပေးနေပြန်တော့ ရီလေး၏ စိတ်ထဲတွင် မရိုးမရွဖြင့် အားမလိုအားမရကြီး ဖြစ်နေရလေတော့သည်။