ပြန်ပေးဆပ်လိုက်ရသည်က

ကျွန်မအဖေက အမြဲ ပြောဖူးတယ်။ “လောကမှာ လွယ်လွယ်ချောင်ချောင် ရတယ်ဆိုတာ မရှိဘူး၊ သမီး။ တစ်စုံတစ်ခုကို ပြန်ပေးရတာချည်းပဲ။ ပြန်ပေးဆပ်လိုက်ရတာက ဘာလဲဆိုတာ သမီး အမြဲ မျက်ခြေမပြတ်ဖို့ လိုတယ်” တဲ့။

ကျွန်မ နာမည်လား၊ နာမည် အပြည့်အစုံကတော့ မပြောပါရစေနဲ့။ လဲ့လဲ့လို့ပဲ ထားလိုက်ပါ။ အလုပ်က မူလတန်းပြ ဆရာမပါ။ ဒါကလည်း ပိုက်ဆံအတွက်လုပ်တာ မဟုတ်ပဲ ဝါသနာပါလို့ လုပ်နေတာပါ။ ကျွန်မအမျိုးသားက အကောင်ကြီးကြီး အမြီးရှည်ရှည်ထဲကဆိုတော့ ငွေမလိုပါဘူး။ သူ ကျမကို တင့်တောင့်တင့်တယ် လိုလေသေး မရှိရအောင် ထားနိုင်ပါတယ်။။

ကျမ အခုပြောပြမဲ့ အကြောင်းက ဘယ်သူမှ မသိကြသေးတဲ့ ကျမရဲ့ လျို့ဝှက်ချက်ပါ။ ကျမ အမျိုးသားတောင် မသိပါဘူး။ ဘယ်သူ့ကိုမှ မပြောဘူးဆိုတာက ရှက်စရာ ကိစ္စမို့ပါ။ ပြီးတော့ သူ သိသွားရင် ကျမတို့အိမ်ထောင် ပျက်စီးရလိမ့်မယ်။ ဒါပေမဲ့ မပြောပဲတော့လည်း မြိုသိပ်မထားနိုင်တာမို့ ဒီမှာ လျို့ဝှက် ရင်ဖွင့်တာပါနော်။

ကျမ အကြောင်းကို ပြောမယ်ဆိုရင် ကျမရဲ့ ပုံစံကို ရှင်တို့ မျက်စိထဲ မြင်အောင် အရင်ပြောရလိမ့်မယ်။ ကျမက ငယ်ငယ်ကတည်းက သေးသေးသွယ်သွယ်၊ တောင်ပေါ်သူဆိုတော့ အသားက ဖြူဖြူနုနုနဲ့၊ မေးရိုးထင်းထင်း။ အရပ်က ၅ ပေ ၅ ဆိုတော့ မမြင့်ပေမဲ့ မိန်းကလေးတွေထဲမှာတော့ ပုတဲ့အထဲ မပါဘူးပေါ့။ ရှိသင့်တာတွေတော့ ရှိသင့်သလောက် ရှိပါတယ်။ အဟင်း … ရှင်တို့ သိမှာပါ၊ ဘာကို ပြောတာလဲဆိုတာ။

လိုရင်းပြောရရင် လွန်ခဲ့တဲ့ ၁၅ နှစ်၊ ကျမ အသက် ၂၀ အရွယ်မှာ ကျမ မော်ဒယ်လ်လုပ်ဖို့ စိတ်ကူးယဉ်နိုင်ခဲ့တာပေါ့ရှင်။ ကျမအကြောင်း နောက်တစ်ခုက ကျမ ပင်တီ ဝတ်ရတာ မကြိုက်ဘူး။ တောသူလို့ပဲ ပြောချင်ပြော၊ ရှုပ်တယ်လို့ ခံစားရလို့။ ပြီးတော့ အရင်ခေတ်တုန်းက ပင်တီတွေက ချုပ်ကြောင်းတွေ အထူကြီးတွေ၊ ထမီဝတ်ရင် ထင်းနေတာ၊ ဘာကြောင့်မှန်းမသိဘူး … အဲဒါကို ရှက်လို့။ အတွင်းခံ စကပ်နဲ့ ချည်ထမီ ထူထူတွေပဲ ဝတ်တတ်တာ။ ကဲ … လိုရင်းကို မရောက်တော့ဘူး။

လွန်ခဲ့တဲ့ ၁၅ နှစ်၊ ကျမ ဒုတိယနှစ် ကောလိပ်ကျောင်းသူ ဘဝမှာပေါ့။ ကောလိပ်မှာ ကျမ တွဲမိတာ သူငယ်ချင်း တစ်ယောက်ရှိတယ်။ မီမီဟန် တဲ့။ သူက ကျမလိုမျိုး သေးသေးသွယ်သွယ် မဟုတ်ဘူး။ ပစ္စည်းရှိ လူတန်းစား။ ခေတ်စကားနဲ့ဆို အကိတ်ထက်ကို ပိုတယ်။ တော်တော် ပြည့်တယ်ပေါ့။ သူမိဘက မန္တလေးဘက်က၊ အညာသူပေါ့။ ရန်ကုန်မှာ တိုက်ခန်းတွေ ရှိပေမဲ့ ကျမကို ခင်လို့ ကျမနဲ့ အဆောင်တူတူ လာနေတယ်။ အဆောင်ဆိုပေမဲ့ အဆောင်စည်းကမ်းဆိုတာမျိုး ညဘယ်အချိန်ပြန်ရမယ်၊ ထမင်းစားချိန်က ဘယ်အချိန်၊ ဧည့်သည် မခေါ်ရဘူးဆိုတာမျိုးတွေနဲ့ မဟုတ်ဘူး။ သူက မေမေ သမီးလဲ့နဲ့ အဆောင်နေချင်တယ်ဆိုတော့ သူ့အမေက အဆောင်ဖွင့်လိုက်တာ။ ကျမက တစ်ခန်း၊ သူက တစ်ခန်း။ စည်းမရှိ၊ ကမ်းမရှိ … သောင်းကျန်းချင်တိုင်း သောင်းကျန်းလို့ရတဲ့ အဆောင်ပေါ့။

ကျမတို့ သောင်းကျန်းတာတွေထဲမှာ အပြာကားကြည့်တာ၊ ရည်းစားတွေ ထားတာ၊ အရက်သောက်တာ၊ အဲ့ခေတ်က ပေါ်ခါစ ဆေးပြားချတာ ဆိုတာ အသေးအဖွဲပဲ။ တကယ် အကြီးအကျယ် သောင်းကျန်းခဲ့ကြတာက ဖဲ။ ကျမ တက္ကသိုလ် ဒုတိယနှစ် တဝက်ရောက်တော့ ဖဲစွဲနေပြီ။ အရက်၊ ဆေးပြား မလုပ်ရရင် နေနိုင်တယ်။ ဖဲတော့ မချရရင် မနေနိုင်ဘူး။ မီမီဟန်နဲ့ တွဲဆော့တော့ ကြေးက ကြီးတယ်။

ကျမ အကြွေး ပုံး ၅၀ ကျော်တင်နေပြီ။ မီမီဟန်က ပိုဆိုးတယ် … ပုံး ၁၀၀ ကျော်။ တစ်လကို ၃ – ၄ သိန်း ဖဲ့ဆပ်ဖို့ ပြောလာတယ်။ မီမီဟန်ကလည်း သူ့အိမ်က စီးပွားရေးအခြေအနေ မကောင်းလို့ မကူနိုင်ဘူး။ အိမ်ကပို့တဲ့ ပိုက်ဆံဆိုတာ ကျမ စားလောက်ရုံပဲ ရှိတာ။ ချွေတာလို့လည်း သိပ်ထူးမှာ မဟုတ်ဘူး။ အလွန်ဆုံး ချွေတာနိုင်လှ တစ်လကို ၂ သောင်း ၃ သောင်းထက် ပိုထွက်မလာနိုင်ဘူး။ ကျမ ငွေရအောင် တစ်ခုခုလုပ်မှ ဖြစ်မယ်။

ရေကန်အသင့် ကြာအသင့်ဆိုသလိုပဲ တစ်နေ့ လှည်းတန်းမှာ မနက်စာ ထမင်းကြော် ထွက်စားပြီး အပြန် ဓာတ်တိုင်မှာ ကြော်ငြာစာတစ်ရွက် တွေ့တယ်။

“မိန်းကလေး မော်ဒယ်လ် အလိုရှိသည်။ အသက် ၁၈ နှစ် ပြည့်ပြီး ဖြစ်ရမည်။ အတွေ့အကြုံ ရှိရန် မလို”

အဲ့ဒီခေတ်က မော်ဒယ်လ်ဆိုတာ ပေါ်ခါစ ဂျွန်လွင်တို့၊ တင်မိုးလွင်တို့ တစ်ခေတ်ထတဲ့ အချိန်။ မော်ဒယ်လ် ဖြစ်ဖို့ဆိုတာ လွယ်တာမှ မဟုတ်တာ။ ကိုယ်လုံးလှဖို့ အားကစား လုပ်ရတယ်၊ အစားအသောက် ဆင်ခြင်ရတယ်၊ အသွားအလာ၊ အပြောအဆို အကုန် စမတ်ကျနေအောင် နေရတယ်။ အခုထလုပ်၊ အခုချက်ချင်း ဖြစ်တာမှ မဟုတ်တာ။ အတွေ့အကြုံ ရှိရန် မလိုဆိုတော့ ရိုးမှရိုးရဲ့လားပဲ။

ဘာရယ်မဟုတ်ဘူး၊ ကျမ အဲ့ဒီစာရွက်ကို ဓာတ်တိုင်ကနေ ခွာယူလာခဲ့ပြီး အဆောင်ပြန်ရောက်တော့ စာကြည့်စားပွဲပေါ် တင်ထားလိုက်မိတယ်။

“ဟဲ့ … ဒီဟာက စိတ်ဝင်စားစရာပဲ။ ရှင်နဲ့ဆို ဖြစ်မှာ။”

“…”

ကျမ ဘာမှ ပြန်မပြောပဲနေတော့ မီမီဟန်က အနားရောက်လာတယ်။

“ဟာ … ဘာပဲပြောပြော ဖုန်းဆက်ကြည့်ပါလား။ မေးကြည့်ပြီး မကြိုက်ရင် မလုပ်နဲ့ပေါ့။ မော်ဒယ်လ်ဆိုတာက ကြော်ငြာ ၁ ခုရိုက်ရင် ၅ သိန်း ၁၀ သိန်းပဲ၊ တစ်ရက်ကို ၂ ခု ၃ ခု ရိုက်ကြတာ။”

“ငါ့ပုံနဲ့ ဖြစ်ပါ့မလားဟယ်။”

“သြော် … ဖြစ်တာပေါ့။ ကဲပါ၊ ဖြစ်တာ မဖြစ်တာက သူတို့ ဆုံးဖြတ်ဖို့။ ဖုန်းဆက်ဖို့က ရှင့်အလုပ်။”

ပြောနေရင်း မီမီက သူ့ ဂျီအက်စ်အမ်ဖုန်းကို ထုတ်ပြီး နံပါတ်တွေကို နှိပ်နေတယ်။ ဖုန်းက ချက်ချင်း မဝင်ဘူး။ ၃ ခါမြောက်ကြမှ ဝင်သွားတယ်။

“ဟဲ့ … ဝင်ပြီ။ ရော့ …”

“ဟာ … ငါ ဘာပြောရမှာလဲ။ မပြောတတ်ဘူး။ နင်မေးပေး”

“အို … ဘယ့်နှယ်။ ရှင့်ဘာသာ ပြောလေ။”

ကျမတို့ ဖုန်းကို သူ့ပေး ငါ့ပေး လုပ်နေတာနဲ့ လိုင်းကျသွားတယ်။

“အင့် … ကိုယ့်ဘာသာကိုယ် ခေါ်”

အေးလေ … မေးကြည့်လို့ အရှုံးမရှိပါဘူး။ အခုက တခြားလုပ်စရာလည်း ရှာလို့မှ မတွေ့တာ။ မနေ့ကတောင် ဇံကြီးတို့က လကုန်လို့ ပြန်မဆပ်နိုင်ရင် ရဲစခန်းမှာ ရှင်းတော့လို့ ပြောတာ ခံရသေးတယ်။

ကျမ ပြန်ခေါ်တော့ ဖုန်းက မဝင်တော့ဘူး။ ဒုတိယ တစ်ခါမှ ဝင်သွားတယ်။

“ဟဲလို၊ မိုးသောက်ပန်း မော်ဒယ်လ် အေဂျင်စီကပါ။”

“ကျမ … ဟို ဟိုလေ … ကျမ ကြော်ငြာတွေ့လို့ ခေါ်လိုက်တာပါ ရှင့်”

“အသက် ဘယ်လောက်ရှိပြီတုန်း။”

“ဆယ့် ဆယ့် … အဲ့ နှစ်ဆယ်ပါ။”

“ဟုတ်ပြီ။ အသံကြားရတာနဲ့တင် ချစ်စရာလေးပဲ။ ဒါဆို အင်တာဗျူး လာနိုင်မလား။”

“အဟီး … ခစ်ခစ် … ဟုတ် … ဟုတ်ကဲ့ရှင့်။ … ခဏနော်။”

မီမီက ဘောပန်တစ်ချောင်းနဲ့ စာရွက် ကျမလက်ထဲ လာထည့်ပေးတယ်။ သူပြောတဲ့ လိပ်စာကို ကျမ လိုက်ရေးနေမိတယ်။ ကမ္ဘာအေးဘက် ကန်ဘောင်နားက ကွန်ဒိုတစ်ခုပဲ။ ကျမတို့ နေရာနဲ့ သိပ်မဝေးဘူး။ လမ်းလျှောက်သွားလို့တောင် ရတယ်။ နောက်နေ့ နေ့လည်ကို ချိန်းလိုက်တယ်။ နောက်ပြီး အင်တာဗျူးလာတဲ့အခါ သနပ်ခါး ကြော်ငြာရှင်ကို ပြဖို့ အလှဓာတ်ပုံ ရိုက်မှာမို့ ထမီဝတ်လာခဲ့ဖို့ရယ်၊ အဲဒါအတွက် ၅ သောင်း လက်ငင်းပေးမဲ့ အကြောင်းရယ် သူပြောတယ်။ ၅ သောင်းဆိုလည်း ဇံကြီးကို နည်းနည်း မျက်နှာချိုသွေးလို့ ရမှာပါလေ။

ကျမအတွက် ကံကြမ္မာက ဘယ်လို ဖန်လာမယ်ဆိုတာ ကျမ ကြိုမသိခဲ့ပါဘူး။ စိတ်တွေလှုပ်ရှားနေလို့ ညက သိပ်အိပ်မပျော်ခဲ့ဘူး။ မနက်မှာလည်း ကျမ အစောကြီး နိုးနေတယ်။ ဘုရားရှိခိုးပြီး မနက်ပိုင်း ကျူရှင်ကို အစောကြီးရောက်နေတာ။ စာထဲလည်း စိတ်မဝင်စားပါဘူး။ ကျမ စိတ်ထဲမှာ ပိုက်ဆံ ၂ သောင်းရယ်၊ မော်ဒယ်လ်ဖြစ်ရင် လှလှပပ ဝတ်ရစားရမှာရယ်၊ မကြောင့်မကြ နေရမှာရယ်ကိုပဲ စိတ်ထဲ ရောက်နေတယ်။ စိတ်ကူးထဲမှာ ဖဲတောင် လည်ရိုက်လိုက်သေးတယ်။

အဆောင်ပြန်၊ သီချင်း တကြော်ကြော်နဲ့ ရေချိုးနေတဲ့ ကျမကို မီမီဟန်တောင် မျက်စောင်းထိုးပါတယ်ဆို။ မလိုပေမဲ့ အချိန်တွေ ပိုနေတော့ ခါးအောက်ပိုင်းက အမွှေးအမျှင်တွေ အကုန်ရိတ်ပစ်လိုက်တယ်။ ကင်မရာထဲ ခြေသလုံးမွှေးတွေ ပါသွားရင် ရုပ်ဆိုးနေမှာ။

ကျမ သွားဖို့ ပြင်နေတော့ မီမီဟန်က လာမေးတယ်။ ပြီးတော့ …

“ရှင် အဆင်ပြေရင် ကျုပ်ကိုလည်း မိတ်ဆက်ပေးဦး”

သူ့ကိုယ်လုံးကြီးနဲ့လို့ စိတ်ထဲ တွေးမိပေမဲ့ …

“အင်းပါဟာ”

လို့ပဲ ပြန်ပြောဖြစ်တယ်။ ကျမကို မီမီဟန်က ခြေသည်းတွေတောင် ကူဆိုးပေးသေးတယ်။ ခြေသည်း လက်သည်း ခြောက်သွားတော့ ကျမ မှန်ထဲ ကြည့်လိုက်တယ်။ လှပါတယ်၊ ဆံပင်ရှည်နဲ့ ရင်စေ့အင်္ကျီရိုးရိုး၊ အောက်က တက်ထရွန် ထမီဗြောင်နဲ့။ ထမီတိုတို ဝတ်တာ သိပ်ခေတ်မစားတော့ဘူးဆိုတော့ ကျမ သိပ်တိုအောင် မဝတ်ပါဘူး၊ ခြေမျက်စိ မြင်ရရုံပဲ။

ပေးထားတဲ့ လိပ်စာရောက်တော့ ကွန်ဒိုအဝမှာ လုံခြုံရေးကောင်တာ ရှိနေတယ်။ ကျမ သွားရမဲ့ အခန်းနံပါတ်ကို ပြောပြလိုက်တော့ ဦးလေးကြီးက ကျမကို ကြည့်တယ်။ အကြည့်က တမျိုးပဲ။ ဘာမှမပြောပေမဲ့ ကျမစိတ်ထဲ သိပ်မကျေနပ်ဘူး။ လူကို အထင်သေးသလိုလိုနဲ့။ သက်ပြင်းတစ်ချက်လည်း ချတယ်။ မသိရင် ထောင်ကျတော့မဲ့ ရာဇဝတ်သားကို ကြည့်တာမျိုးလိုလိုနဲ့။ လှည့်ပြန်ရင် ကောင်းမလား။ အို … မဟုတ်တာ။ သူ့ဘာသာသူ ကြည့်တာနဲ့ပဲ ကျမက ကျမအလုပ် ကျမ မလုပ်ပဲ နေရမလား။

ကျမကို ဓာတ်လှေခါးကို လိုက်ပို့ပေးပြီး အပေါ်သွားဖို့ ခလုတ်ပါ နှိပ်ပေးလိုက်တယ်။ မနှိပ်ခင်မှာ သက်ပြင်းတစ်ခါ ထပ်ချသေးတယ်။ ဘယ်လိုလူကြီးလည်း မသိဘူး။

ဓာတ်လှေခါးက ဒင်ကနဲ မြည်ပြီး ရပ်သွားတယ်။ ကျမ သွားရမဲ့ အထပ်ကို ရောက်ပြီ။ ကျမ လက်ဖျား၊ ခြေဖျားတွေ အေးစက်လာပြန်တယ်။ ပေးထားတဲ့ အခန်းနံပါတ်ကို ကျမ သေချာ ပြန်ကြည့်တယ်။ ဘယ်ဘက်လား။ ညာဘက်လား။ အခန်းတွေက အစဉ်အတိုင်းပဲဆိုတော့ သိပ်ကြာကြာ မရှာလိုက်ရဘူး။

“တင်း တောင်”

ကျမ လူခေါ်ဘဲလ်ကို နှိပ်လိုက်တယ်။ အကြာကြီးပဲ။ နောက်တစ်ခါ ထပ်နှိပ်ရတယ်။

“တင်း တောင်” “တင်း တောင်”

အထဲက လှုပ်ရှားသံ ကြားရတယ်။ ခဏကြာတော့ တံခါးဟလာတယ်။

“ဘယ်သူလဲ”

ကျမ နာမည်ကို ပြောလိုက်တယ်။ တံခါးက ပွင့်သွားပြီး အထဲကနေ သက်လတ်ပိုင်းအရွယ် လူကြီးတစ်ယောက် ထွက်လာတယ်။ သိပ်အဝကြီး မဟုတ်ပေမဲ့ ဗိုက်တော့ ရွှဲနေပြီ။

“သြော် … လဲ့လဲ့လို့ ခေါ်မယ်နော်။ ဦးက တိုနီပါ။”

ကျမတို့ လက်ဆွဲနှုတ်ဆက်ကြတယ်။ ပြီးတော့ သူ့လက်ထဲမှာ ကိုင်ထားတဲ့ ဗီဒီယို ကင်မရာနဲ့ ကျမကို စရိုက်တယ်။

“အို … မရိုက်ပါနဲ့။”

သူက ကျမပြောတာ အမှုမထားပဲ ဆက်ရိုက်တယ်။

“မဟုတ်ဘူး၊ ရွေးတဲ့အခါကြ ရုပ်သေချည်း ကြည့်လို့မရဘူး လဲ့လဲ့ရဲ့။ တီဗွီရိုက်တာမျိုးကြ ရုပ်သေမှာ လှပေမဲ့ တီဗွီမှာ လှချင်မှလှတာ။”

ကျမကို ခြေဆုံး ခေါင်းဆုံး ကြည့်တာ မဟုတ်ပဲ ကင်မရာနဲ့ အပေါ်အောက် ဖြည်းဖြည်းချင်း ရိုက်နေတယ်။ ကျမအခန်းကို အကဲခတ်ကြည့်လိုက်တော့ အခန်းဖွဲ့မထားဘူး။ ပစ္စည်းတွေက ပြန့်ကျဲနေတယ်။ ထောင့်တစ်ခုမှာ ဆိုဖာ၊ ဆက်တီတွေရှိပြီး တခြားထောင့်မှာက ၂ ယောက်အိပ် အိပ်ယာကြီးတစ်ခု။ ဒီဘက်ပိုင်းမှာ မှန်တွေ၊ အလှပြင်ခုံတွေ။ မီးဆလိုက်တွေလည်း ရှိတယ်။ စတူဒီယို သဘောမျိုးပဲ။

ကင်မရာနဲ့ မှန်ပြောင်းတွေ ထည့်ထားတဲ့ အိတ်ကြီးနားမှာ လူတစ်ယောက် ထိုင်နေတယ်။ ပြီးတော့ ကျမကို လှည့်ကြည့်တယ်။ အသားနီစပ်စပ်နဲ့ မြန်မာတော့ မဟုတ်ဘူး၊ နှာခေါင်းကောက်ပေမဲ့ ကုလားလည်း မဟုတ်၊ မျက်နှာဖြူလည်း မဟုတ်ပြန်ဘူး။ ဘာလူမျိုးမှန်း ကျမ မပြောတတ်ဘူး။

“အဲဒါ ဂျိမ်းစ်လွင်လေ။ ဂျိမ်းစ် … ဒါ လဲ့လဲ့”

“ဟုတ်၊ … နိုက်စ်တူ မိယူ (တွေ့ရတာ ဝမ်းသာပါတယ်။)”

“…”

ကျမ ဘာမှ ပြန်မပြောဖြစ်ဘူး။ ကျမတို့ လက်ဆွဲနှုတ်ဆက်ကြတယ်။ ဂျိမ်းစ်က ကျမကို သူ့ဘေးမှာ ထိုင်ခိုင်းတယ်။ သူ့ကိုကြည့်ရတာ ဦးတိုနီထက်တော့ ငယ်ပုံရပါတယ်။ ကျမ မှန်းတော့ မမှန်းတတ်ဘူး။ ၃၀ တော့ မကျော်သေးတာ သေချာတယ်။ ကျမထက် ခေါင်းတစ်လုံးလောက် ပိုမြင့်တော့ ၅ ပေ ၁၁ လောက် ရှိမယ်ပဲ ထင်ရတယ်။ လက်ဆွဲနှုတ်ဆက်ပြီးတာနဲ့ ပြန်ထိုင်လိုက်တော့ သေချာပြောဖို့တော့ ခက်လိမ့်မယ်။

ပါးချိုင့် တဘက်ပဲရှိတဲ့ ဂျိမ်းစ်က ဆွဲဆောင်မှု တမျိုး ရှိပါတယ်။ အာနိုးလို ကာယဗလမောင်ကြီးပုံ ပေါက်မနေပေမဲ့ အားကစားလုပ်ပုံ ရပါတယ်။ ကြွက်သား ဖုဖုလေးတွေ ရှိတယ်။ ကျမ သူ့ကို ခိုးကြည့်နေမိတာ အတော်ကြာမယ် ထင်ပါတယ်။ သူ စကားစပြောမှ ကျမလည်း ကျမကိုယ်ကျမ သတိထားမိတယ်။ ရှက်တော့ အရှက်သား။ သူ့ဘေးမှာ ထိုင်ရတာ သိပ်မလုံတာနဲ့ ကျမ ထမီအောက်ထဲမှာပဲ ပေါင်ကို ချိတ်ထိုင်လိုက်တယ်။

“ကျနော်တို့ … အာ … မော်ဒယ်လ် အေဂျင်စီ အသစ်ပါ။ မိန်း (အဓိက) မားကတ်လုပ်ဖို့ မော်ဒယ်လ် ရှားနေတယ် …။ အဲ ကျနော်တို့ ရှာနေတယ်ပေါ့။ အဲဒါ … မိန်းကလေး … အဲ လဲ့လဲ့က လုပ်နိုင်မလား။”

ဦးတိုနီက ဝင်ရှင်းပြတယ်။ သူတို့ အေဂျင်စီအသစ်မှာ အဓိကမော်ဒယ်လ် (ရုပ်ရှင်လိုဆိုရင်တော့ ခေါင်းဆောင်မင်းသမီးပေါ့လေ) မရှိသေးလို့ ရှာနေတဲ့ အကြောင်း၊ မြန်မာပြည်မှာထက်ကို အာရှနိုင်ငံတွေကို ထိုးဖောက်မှာဆိုတဲ့ အကြောင်း၊ ပြီးတော့ အခု လက်ငင်း သနပ်ခါး အပါအဝင် အလှကုန် ပစ္စည်း ၂ ခု ၃ ခု ကြော်ငြာ လက်ခံထားတာမို့ ဒီနေ့ ကျမကို ရိုက်တဲ့ ဓာတ်ပုံ/ဗီဒီယိုတွေကို အလုပ်ရှင်ကို အမြန်ပြပြီး သူကြိုက်တယ်ဆိုရင် နောက်တစ်ပတ် ချက်ချင်း အလုပ်စရမှာဖြစ်တဲ့ အကြောင်းတွေပေါ့။

“အဲ့ … ဒါ မိန်းကလေး၊ ရိုက်ဖို့ အဆင်ပြေလား။ ပြေတယ်ဆိုရင် … လက်ငင်းကို ၂ သောင်း … အဲ အဲ ၅ သောင်းပေးမယ်။ ပြီးတော့ … ဟိုဒင်းမှာ ဆိုင်းရမယ်။ အိုင် ပြောတာ … စာချုပ်မှာ ဆိုင်း … လက်မှတ်ထိုးပေးရမယ်လို့။”

မြန်မာမဟုတ်မှန်း သိသာနေပေမဲ့ ဂျိမ်းစ်က ဗမာလို တော်တော် လည်လည်ဝယ်ဝယ် ပြောတတ်တာပဲ။ ပြီးတာနဲ့ ဂျိမ်းစ်က ကင်မရာကို ထုတ်ပြီး ဓာတ်ပုံ စရိုက်တော့တာပဲ။

“လှတယ် လဲ့ … လှတယ် … အရမ်းမိုက် … ကောင်မလေး … လှတယ်”

ဓာတ်ပုံရိုက်ရင်း ဂျိမ်းစ်က ကျမကို ဆက်တိုက် ချီးမွန်းနေတယ်။ ကျမ ရှက်ကိုးရှက်ကန်းဖြစ်လေ သူက ပိုသဘောကျပြီး ချီးမွန်းလေပဲ။ တခါတလေမှာ ဂျိမ်းစ်က ကျမကို ကိုယ်ဟန်ကိုယ်ထား ဘယ်လိုဆိုတာ ပြပေးတယ်။ လက်တွေ၊ ပခုံးတွေ အကိုင်ခံရတော့ ကျမမှာ ရှက်အားပိုရသလို တမျိုးတိုးတိုးလည်း ဖြစ်လာပါတယ်။

ကုတင်ပေါ်မှာ ခြေဆင်းထိုင်ရင်း လက်ကို နောက်ပစ်ထားတဲ့ပို့စ်၊ ပြီးတော့ … ဒူးကို ကွေးလိုက်ပြီး ခေါင်းလေး တစောင်းတင်တဲ့ ပို့စ်၊ နောက် … မမှတ်မိတော့လောက်အောင် စုံလင်တဲ့ ပို့စ်တွေ ကျမ လုပ်ပြရတယ်။ တခါမှာ အရမ်းနန်းဆန်ဆန် ခပ်တောင့်တောင့်လေး ဒူးကွေးထိုင်ပြီး ကင်မရာကို စူးစိုက်ကြည့်ပေးရသေးတယ်။ နောက်တစ်ခါကြတော့ ကြာမူပိုပိုလေး နှုတ်ခမ်းကိုက်ထားတဲ့ ပို့စ်။

ဂျိမ်းစ်က ကျမကို တောက်လျှောက် ချီးမွန်းနေတာ မရပ်မနားပဲ။ ပါးစပ်က အမြုပ်ထွက်မတတ်ဆိုတာ ဒါမျိုးနေမှာ။ ကျမ ဆံပင်ကစ ခြေဆုံး ခေါင်းဆုံး … လက်သည်းလေးတွေက ဘယ်လိုလှတာ၊ ဒူးလေးတွေက ဘယ်လိုလုံးနေတာ။ သူမို့ ပြောတတ်တယ်။ ဗမာလိုသာ ပြောတတ်ရင် … ကျမ သူ့တော်ကီနဲ့တင် ဘော်လီကျွတ်လောက်ပါတယ်။

Scroll to Top