ခင်ခင်လေးတစ်ယောက် သူနာပြုသင်တန်းဆင်းပြီး တောရွာလေးတစ်ရွာမှာ တာဝန်ကျတယ်။ အသက်ကငယ်ငယ် ရုပ်ရည်လေးကလည်းရှိတော့ အဖြူနှင့်အနီလေး တွဲဝတ်ထားရင် ကျက်သရေရှိသလို လုံးဝန်းပြီးတောင့်တင်းတဲ့ တင်သားလေးက အိချောပိုထက် သာတယ်။ အွန်း တင်ပဲရှိတယ်ထင်လား ရင်လည်းရှိတယ်။ မြန်မာဝတ်စုံလေးနှင့်ဆို မြင်သူတိုင်း ချစ်ကြတယ်။
ဒါပေမယ့် ခင်ခင်လေးမှာ ရည်းစားသနာ မရှိခဲ့ဘူး။ ကြိုက်တဲ့သူတွေ ရှိပေမယ့်လည်း ခင်ခင်လေး စိတ်မဝင်စားရဲဘူး။ ဘာလို့လဲဆိုတော့ ခင်ခင်လေးရဲ့မိဘက ဆင်းရဲတယ်။ မိဘက ပညာသင်ပေးနေတဲ့အရွယ်မှာ ရည်းစားသနာများထားခဲ့ရင် မိဘက ပြောဆိုပြီး ပညာဆက်သင်ခွင့်ရမှာ မဟုတ်လို့ပဲ။
“ကဲ ညီမ ညီမလေးကို ဒီရွာကလူတွေနဲ့ မိတ်ဆက်ပေးမယ်”
“ဟုတ်ကဲ့ရှင့် ဆရာ”
“ဒီနေ့ ခင်များတို့ရွာကို အသစ်ရောက်လာတဲ့ သားဖွားဆရာမလေးပါ။ သူ့နာမည်က ခင်ခင်လေးတဲ့။ ဝန်ထမ်းအသစ်တွေ ချပေးတဲ့အတွက် အဆင်မပြေတာလေးတွေရှိရင် ဒီရွာက ရပ်မိရပ်ဖတွေက ကူညီစောင့်ရှောက်ပေးစေချင်တယ်”
“ဟုတ်ကဲ့ပါ ဆရာကြီး။ ကျနော်တို့ စောင့်ရှောက်ပေးပါ့မယ်။ အခုတော့ ဆေးပေးခန်းက ဆောက်နေဆဲ ကာလဆိုတော့ ဆရာမလေးကို ကျနော်တို့ရွာက သင့်တော်တဲ့ အိမ်တစ်အိမ်မှာ နေရာစီစဉ်ပေးပါ့မယ်”
“ဒီကိစ္စက ဥက္ကဌကြီးတို့ကို အားကိုးရမှာပဲ”
“ရပါတယ် ဆရာကြီး။ ကျနော်တို့ရွာရဲ့ ကျန်းမာရေးနိမ့်ကျတဲ့ အခြေအနေတွေ တိုးတက်လာအောင် ကျေးရွာဆေးပေးခန်းနှင့် ဝန်ထမ်းချပေးတဲ့အတွက် ဆရာကြီးတို့ကို အထူးကျေးဇူးတင်ပါတယ်”
“ကဲ ဒီလိုဆို ကျနော် ဥက္ကဌကြီးတို့နဲ့ ကျနော့်ဝန်ထမ်းကို စိတ်ချထားခဲ့ပါမယ်”
မြို့နယ်ဆရာဝန်ကြီး ပြန်သွားပြီးနောက်မှာတော့
“ဆရာမလေး ဘာမှအားမငယ်နဲ့”
“ဟုတ်ကဲ့ရှင့်”
“ဆရာမလေးကို ဒေါ်ထားတို့အိမ်မှာ နေရာချပေးပါ့မယ်။ ဒေါ်ထားတို့အိမ်က ကျယ်လည်းကျယ်တယ် ရေတွင်းနဲ့လည်း နီးတယ်။”
“ဟုတ်ကဲ့ ဦး… သင့်တော်အောင် စီစဉ်ပေးပါ”
“ဒေါ်ထားရေ ကျနော် ခင်များကို တာဝန်ပေးလိုက်ပြီ”
“အမလေး ကိုရင်ရယ်။ ကျမက ဒီလိုသမီးချောချောလေး အိမ်လာနေတာကိုပဲ အရမ်းဝမ်းသာလှပါပြီ”
“လာ သမီးလေး အဒေါ်တို့အိမ်ကို လိုက်ခဲ့”
“မင်းမင်းအောင်ရေ နင် ငါ့သမီးလေးရဲ့ အထုပ်တွေ သယ်ခဲ့တော့”
ခင်ခင်လေးက ကိုမင်းမင်းအောင်ကို လှမ်းကြည့်လိုက်တယ်။ တောသားဆိုပေမယ့် အသားက မမဲဘူး။ ရုပ်ရည်ခပ်သန့်သန့်လေးနဲ့ ကျန်းမာသန်စွမ်းတဲ့သူမျိုးလို့ တွေးနေတုန်း
“သမီးလေး လိုအပ်တာရှိရင် မင်းမင်းကို ခိုင်း။ အဲ့ဒါ အဒေါ့်တူပဲ”
“ဟုတ်ကဲ့အဒေါ်”
ရွာစပ်လေးမှာ ဒေါ်ထားရဲ့အိမ်ကို လိုက်ခဲ့တယ်။ အိမ်ခြံဝင်းမှာ ရေတွင်းလေးနှင့် အိမ်ရှေ့လမ်းဘေးမှာ လယ်ကွင်းတွေ၊ သန့်ရှင်းတဲ့လေကို ရှူလို့ရတာပဲဆိုပြီး ခင်ခင်လေး သဘောကျသွားတယ်။
“လာ သမီးလေး သမီးလေးနေမယ့် အခန်းကိုပြမယ်”
“ဟုတ်ကဲ့ အဒေါ်”
“မင်းမင်းရေ သမီးလေးနေမယ့် အခန်းကို ရှင်းပေးစမ်းပါဦးကွယ်”
“ဟုတ်ကဲ့ ဒေါ်လေး”
မင်းမင်းတစ်ယောက် ဖင်ပေါ့စွာ အခန်းကို ရှင်းလင်းပေးလိုက်တယ်။ အဒေါ့်အိမ်နှင့် မင်းမင်းတို့အိမ်က ခြံဝင်းတစ်ဝင်းထဲ။ ဆရာမလေးကလည်း အရမ်းလှတော့ မင်းမင်း ရင်ခုန်နေရပြီလေ။
“ဆရာမလေးရေ ပြီးပြီဗျ”
“အာ ကိုမင်းမင်းကလည်း ဆရာမလို့ မခေါ်ပါနဲ့ရှင်။ ခင်လေးလို့ပဲ ခေါ်ပါ”
“ဟုတ်ကဲ့ ခင်လေး”
ခင်လေး အခန်းကို နေရာလေးချလိုက်တယ်။ အခန်းနောက်ဘက်မှာ ပြတင်းပေါက်ကလေးနှင့်မို့ အလင်းရောင်လေးရတယ်။ ပါလာတဲ့ အလှပြင်ပစ္စည်းကို နေရာလေးချ၊ အိပ်ရာလေးခင်းပြီး လှဲချလိုက်ပြီး နားလိုက်တော့ အိပ်ပျော်သွားတော့တယ်။
“ခင်လေး ခင်လေး”
“ဟင် ”
“အိပ်ပျော်နေတာလား”
“ဟုတ်ကဲ့ ကိုမင်းမင်း”
“ခင်လေး ရေချိုးဖို့ ကျနော် ရေဖြည့်ထားတယ်”
“အားနာစရာ ကိုမင်းရယ်”
“အားမနာနဲ့ဗျ။ ရေတွင်းနားမှာ ရေအိုးရှိတယ်။ အဲ့ဒီမှာ ချိုးရမယ်”
ခင်လေး ရေတွင်းနားကို လှမ်းကြည့်လိုက်တော့ ခြောက်လုံးဝင် စဉ့်အိုးလေးနှင့် သစ်သားပြားကြီးတစ်ပြား ခင်းထားတဲ့ နေရာလေး။ ဟင်းလင်းပြင်ကြီးမှာမို့ ခင်လေး ရှက်သွားတယ်။ အဆောင်မှာနေတုန်းက ရေချိုးရင် တကိုယ်လုံး ချွတ်ပြီး ရေချိုးခဲ့တာ အခုတော့ ဟင်းလင်းပြင်ကြီး။ “အင်းလေ သူဓလေ့နှင့် သူပဲလေ”။
“ခင်လေး ရေချိုးရတာအဆင်မပြေလို့လား”
“ဟုတ်တယ် ကိုမင်းမင်း”
“အင်းလေ ခင်လေးက အပျိုလေးဆိုတော့ ရှက်နေမှာပဲ”
”အဲဒီလိုမျိုးတော့ မဟုတ်ဘူး ကိုမင်းမင်း။ ချိုးနေကြနေရာ မဟုတ်လို့ပါ။ ကျမတို့အနေနဲ့ ရှက်တာတွေကို ခွာချပြီး အလုပ်လုပ်ရတာမလား”
“အင်း ဟုတ်တယ်ဗျ။ မမြင်ဝံ့ ဆေးဆရာတဲ့။ ခင်လေးတို့အနေနဲ့က ကျတော်တို့ မမြင်ဖူးတဲ့ အရာတွေလည်း မြင်ဖူးနေမှာပဲ”
“အင်း အဲတာလည်းဟုတ်တယ်။ သိတဲ့အတိုင်းပဲလေ ခင်လေးက သားဖွားဆရာမဆိုတော့လည်း မမြင်ဝံ့တာ မရှိဘူးပေါ့”
“ဟုတ်ပါပြီ။ သူများဟာတွေ မြင်ဖူးပြီး ကိုယ့်အလှည့်ကြရင် ကြောက်မနေနဲ့တော့”
“ဟော့တော် ကိုမင်းမင်း”
“ဟား စတာပါဗျာ။ ကျနော် ရှောင်ပေးပါ့မယ်”
မင်းမင်းနှင့်တွေ့ပြီး ခင်လေး ပျော်လာတယ်။ ရွာမှာ တာဝန်ကျရင် ပျင်းနေမှာလို့ ထင်ခဲ့ပေမယ့် အခုတော့ မပျင်းရတော့ဘူးလေ။ ခင်လေး ရေချိုးပြီး ရင်ဘတ်ပေါ် သဘက်လွမ်းပြီး အိမ်ပေါ်တက်ခဲ့တယ်။ အခန်းထဲဝင်ပြီး သနပ်ခါးရေကြဲလေး လိမ်းကာ အဝတ်လဲပြီး ထွက်ခဲ့တယ်။
“သမီးရေ စားလို့ရပြီကွဲ့”
“ဟုတ်ကဲ့ အဒေါ်”
“မင်းမင်း နင်လည်း တစ်ခါတည်းစားလိုက်လေ”
“ဟုတ်ကဲ့ ဒေါ်လေး”
မင်းမင်းနှင့် ဒေါ်လေးတို့ စားဝိုင်းကို ခင်လေး ဝင်စားလိုက်တယ်။
“စားကောင်းရဲ့လား သမီး”
“ကောင်းတယ် အဒေါ်”
ထမင်းစားပြီးသွားတော့
“လာ သမီး လက်ဖက်လေးစားပြီး စကားလေးပြောကြတာပေါ့ကွယ်”
“ဟုတ်ကဲ့အဒေါ်”
ရေနွေးကြမ်းဝိုင်းလေးမှာ ခင်လေးတို့ စကားပြောနေကြတယ်။ ရှစ်နာရီခွဲအချိန်ရောက်တော့
“သမီးလေး စကားပြောချင်သေးရင်ပြော၊ အဒေါ်တော့ အိပ်ချင်ပြီ”
တောဓလေ့က လူတွေ အစောကြီးအိပ် အစောကြီးထရတော့ ဒေါ်ထား အိပ်ရာဝင်သွားပြီ။
“ခင်လေး အိပ်ရင်အိပ်တော့လေ”
“နေ့လည်က အိပ်ထားတော့ ခင်လေး မအိပ်ချင်သေးပါဘူး”
“အင်း ကိုမင်းလည်း မအိပ်ချင်သေးပါဘူး။ ခင်လေး မအိပ်ချင်သေးဘူးဆိုရင် ဆက်စကားပြောကြမယ်”
“ဟုတ်ကဲ့ ကိုမင်း”
သင်တန်းတုန်းက အတွေ့အကြုံတွေကို ဟာသပြောဖြစ်ကြတယ်။ ဒီလိုနဲ့ စကားပြောရင်း ရင်နှီးသထက် ရင်းနှီးလာကြတယ်။ တဖြေးဖြေးနဲ့ ကလေးမွေးတာကို ပြောပြဖြစ်လာတဲ့အဆင့် ရောက်ခဲ့တယ်။ ညနက်လာတော့
“အင်း ခင်လေးနှင့် စကားသာပြောနေရရင် တစ်ညလုံး ပြောဖြစ်မယ်”
“ဟော့တော့ ကိုမင်း အိပ်ရေးပျက်မယ်လေ”
“ကျနော်က ရပါတယ်ဗျ။ ခင်လေးအတွက်ပဲ စိတ်ပူတာ”
“ရှင် ဘာဖြစ်လို့ ကိုမင်း”
“ဒီလိုဗျာ မီးထွန်းပြီး စကားပြောနေရင် လမ်းသွားလမ်းလာတွေက ခင်လေးအပေါ် တမျိုးမြင်မှာစိုးလို့ပါ”
“ဘယ်လိုမြင်ကြမှာလဲ ကိုမင်း”
“အခုမှရောက်လာတဲ့ ဆရာမလေးကို မင်းမင်းတို့က ချိုင်နေပြီလို့လေ”
“ခစ် ခစ် ခစ်”
“တကယ်ပါ ကျနော်တို့ တောရွာတွေက အမြင်မကျယ်သေးတော့ ပြောကြသေးတယ်လေ”
“အင်း ဒါနဲ့ ရွာတွေမှာ သမီးရည်းစားတွေကြ စကားဘယ်လိုပြောကြလဲ”
“ညဘက်ပြောချင်ရင် အချိန်းအဆက် လုပ်ရတာပေါ့”
“ဘယ်သွားပြောကြလဲ”
“အဝေးကြီးမသွားဘူးလေ၊း။ အဆင်ပြေရင် အိမ်အနီးအနားမှာပဲ ပြောကြတာ”
“အင်း”
“အဲဒါထက် အဆင်ပြေရင် ကောင်မလေးဆီမှာပဲ ပြောဖြစ်တာပေါ့”
“ခစ် ခစ် အခန်းထဲ ခေါ်ပြောတာလား”
“အင်း ကျနော်တို့လည်း ကင်းစောင့်လုပ်ဖူးတယ်”
“ဟော့တော် ကိုမင်းမင်း”
“မနက်ဖြန် ဘာလုပ်စရာရှိလဲ ခင်လေး”
“အင်း မနက်ဖြန် ရွာနီးစပ်က ရွာတွေကို သွားချင်တယ်။ သူတို့တွေသိအောင်လည်း ပြောပြချင်တယ်”
“ကျနော် လိုက်ပို့ပေးမယ်”
“ကျေးဇူးပါ ကိုမင်းမင်း”
“ဟင်းဟင်း အခုတော့ မသွားဖူးသေးဘဲနှင့် ကျေးဇူးတင်နေတာ။ သွားကြည့်မှ ကျနော့်ကို အပြစ်မပြောနဲ့”
“ဟင် ဘာလို့ ကိုမင်းမင်း”
“ကျနော်တို့ ရွာတွေကိုသွားရင် လှည်းလမ်းကြောင်းကနေ ဆိုင်ကယ်မောင်းရတာလေ။ လမ်း အရမ်းဆိုးတယ်”
“အယ် တကယ်လား”
“မနက်ဖြန်ကြရင် သိရပြီပေါ့”
“ဟုတ် ကိုမင်းမင်း။ စကားပြောကောင်းနေတာ ညတော်တော်နက်ပြီ။ ကိုမင်းမင်းလည်း အိပ်တော့”
“ခင်လေးရော အိပ်တော့မလား”
“အင်း အိပ်မယ်လေ။ မနက်ကြရင် စောစောသွားလို့ရအောင်”
“ဟုတ်ပါပြီဗျာ”
ခင်လေး စောစောအိပ်လိုက်တယ်။ ကိုမင်းမင်းရှိလို့ ရွာနီးစပ်တွေကို သွားလို့ရတယ်ဆိုပြီး တွေးကာ မင်းမင်းကို ကျေးဇူးတင်မိတယ်။ မနက် အိပ်ရာက နိုးလာတော့
“သမီးလေး နိုးလာပြီလား”
“ဟုတ်ကဲ့ အဒေါ်”
“ဒီမှာ ကောက်ညင်းပေါင်းရှိတယ်။ ရေနွေးလည်း ရှိတယ်။ ကော်ဖီသောက်ချင်ရင် ကော်ဖီမစ်ရှိတယ်။ မင်းမင်း လာပို့သွားတာ”
“ဟုတ်ကဲ့ အဒေါ်”
ခင်လေး မျက်နှာသစ်ပြီး ကောက်ညင်းပေါင်းနှင့် ကော်ဖီသောက်လိုက်တယ်။ ပြီးမှ သနပ်ခါးလိမ်းကာ အဝတ်အစားလဲပြီး အိမ်ရှေ့က စောင့်တယ်။ မင်းမင်းက ဆိုင်ကယ်နှင့် ရောက်လာပြီး
“ခင်လေး သွားလို့ရပြီလား”
“ရပြီလေ ကိုမင်း”
“ဟေ့ မင်းမင်း ဖြေးဖြေးမောင်းဦး”
“ဟုတ်ကဲ့ ဒေါ်လေး”
“လာ ခင်လေး သွားကြရအောင်”
ခင်လေး ကိုမင်းမင်းဆိုင်ကယ်နောက်ကနေ ထိုင်လိုက်တယ်။ ရွာပြင်ရောက်လာတော့
“ခင်လေး ပြုတ်ကြမယ်နှော်”
“ဟုတ် ကိုမင်း”
“အားမနာနဲ့ ကျနော့်ခါးကိုဖက်ထား”
“အံမယ် ကိုမင်းနော်”
“တကယ်ပြောတာ လမ်းကြမ်းတယ်”
ခင်လေး မဝံ့မရဲဖြစ်ကာ ကိုမင်းခါးကို ဖက်လိုက်တယ်။ လမ်းကလည်း အရမ်းဆိုးတော့ ကိုမင်းခါးကို တင်းတင်းလေး ဖက်လိုက်တော့ နို့တွေက ကိုမင်းကျောကို ထိကပ်နေတယ်။ အခုလိုမျိုး ဆိုင်ကယ်စီးရတော့ ခင်လေးစိတ်ထဲ တမျိုးကြီးဖြစ်နေတယ်။ ရင်လည်းခုန်တယ်။