အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ လေယာဉ်တစ်စင်း ဆင်းသက်လာလေသည် ။ ထိုလေယာဉ်ပေါ်မှ အသားဖြူဖြူ ဗလတောင့်တောင့်ဖြင့် ကြည့်ကောင်းသော ယောက်ျားတစ်ယောက် နေကာမျက်မှန်လေးတပ်ကာ ဆင်းလာခဲ့သည်။ အနောက်တိုင်းဝတ်စုံကို စတိုင်ကျကျလေး ဝတ်ကာ ဆံပင်တိုလေးကို ဂျဲလ်ထောင်ထားသည် ။ သူ၏ စတိုင်သည် တကယ်ကို ကြည့်ကောင်းပြီး ရုပ်ရည်အရလည်း ချောမောလှသဖြင့် မိန်းကလေးများ ငေးလောက်စရာဖြစ်သည် ။
သူ၏ နာမည်မှာ လင်းလရောင် ဖြစ်သည် ။ အသက် ၂၈ နှစ်သာ ရှိသေးသည်။ လင်းလရောင် ခရီးဆောင်အိတ်လှည်းလေးကို ဆွဲကာ အပြင်သို့ ထွက်လာခဲ့သည်။
“သား”
“အစ်ကိုကြီး”
မိမိအား ခေါ်လိုက်သံနှင့် တူသဖြင့် လင်းလရောင် ခေါ်သံကြားရာ လှမ်းကြည့်လိုက်သည်။ မှန်ပေသည် ။ လင်းလရောင်ကို ခေါ်ခြင်း ဖြစ်သည် ။ အသက် ၅၀ ကျော် အမျိုးသမီးကြီးတစ်ဦးနှင့် အသက် ၂၃ နှစ်အရွယ် မိန်းကလေး တစ်ယောက်၏ ခေါ်သံဖြစ်သည် ။ လင်းလရောင် ထိုအသံလာရာမှ လူများကို မြင်ပြီး မျက်ရည်ဝဲတက်သွားသည် ။
ထိုနေရာတွင် လင်းလရောင်၏ အဖေ နှင့် အမေ ရှိနေသည့် အပြင် ညီမလေး ဆူးလရောင် နှင့် ညီမလေးနှင့် ရွယ်တူ ကောင်လေးတစ်ယောက် ရှိနေလေသည် ။ လင်းလရောင် ထိုသူများထံ အပြေးကလေး လာပြီး မိခင်ဖြစ်သူအား ပြေးဖက်လိုက်သည် ။ ကျန်မိသားစုဝင်များကလည်း ဝိုင်းလိုက်ကျသည် ။
“အမေ သားပြန်ရောက်ပြီ အမေရဲ့”
“ငါ့သားလေး မင်း နိုင်ငံခြားကို စသွားကတည်းက အမေ့မှာလေ နေ့တိုင်း စိတ်မကောင်း ဖြစ်နေရတာ”
ထိုအခါ ဖခင် ဖြစ်သူလည်း မနေသာတော့ဘဲ လင်းလရောင်၏ ပခုံးကို ပုတ်ကာ
“ဟုတ်တယ် သား၊ သား နိုင်ငံခြားထွက်သွား ကတည်းက မင်းအမေက နေ့တိုင်း မျက်ရည် ကျနေရတာ”
မိခင်၏ မေတ္တာကို လင်းလရောင် ငတ်နေသည်မှာ ကြာလှပြီ ဖြစ်သည်။ ရည်မှန်းချက်များကြောင့် နိုင်ငံခြားမှာ အလုပ်သွားလုပ်ခဲ့ပေမယ့် ယခု လိုချင်သည့် ငွေပမာဏ အတိုင်းအတာ ရသဖြင့် မြန်မာပြည်သို့ ပြန်လာခဲ့ခြင်း ဖြစ်သည် ။ လင်းလရောင် ဖခင် နှင့် ပွေ့ဖက်လိုက်ပြီးသောအခါ မိမိအား ပြုံးပြီးကြည့်နေသော ညီမလေး ဆူးလရောင်၏ ခေါင်းလေးကို ပွတ်လိုက်သည် ။
“ငါ့ညီမလေးတောင် အရွယ်ရောက်လို့ အိမ်ထောင်တွေ ကျနေပြီ”
ဆူးလရောင်လည်း အစ်ကိုဖြစ်သူအား ဖက်သိုင်း လိုက်ပြီးမှ
“မိတ်ဆက်ပေးရဦးမယ် ဒါ ညီမရဲ့ အမျိုးသား ဘုန်းသူရတဲ့”
ဘုန်းသူရလည်း မမြင်ဖူးသေးသော ယောက်ဖကြီး အား ပြုံးပြလိုက်ပြီး
“တွေ့ရတာ ဝမ်းသာပါတယ် အစ်ကိုကြီး”
လင်းလရောင်လည်း ဘုန်းသူရကို သိုင်းဖက်လိုက်ပြီး
“အေးကွာ မင်းတို့ မင်္ဂလာဆောင်မှာ ငါမရှိတဲ့ အတွက် တောင်းပန်ပါတယ်။ မင်းတို့ အတွက် လက်ဖွဲ့တော့ ပါလာတယ်”
အားလုံး နှုတ်ဆက်လို့ ပြီးလိုက်ချိန်တွင် မိခင်ဖြစ်သူမှ
“ကဲကဲ အိမ်ပြန်ကျစို့ အိမ်ရောက်မှ အေးဆေး စကားပြောကျတာပေါ့။”
“ဟုတ်ပါပြီ အမေရာ သားလည်း အမေ့လက်ရာ စားချင်နေတာ ကြာပေ့ါ ပြန်ကျစို့”
“ဟားဟား”
အားလုံး ပျော်ပျော်ရွှင်ရွှင်နှင့်ပင် တက္ကစီငှားကာ အိမ်သို့ ပြန်ခဲ့ကျသည် ။
အိမ်သည် လွန်ခဲ့သည့် ခုနှစ်နှစ်ကအတိုင်း ရှိနေသေးသည် ။ တိုက်အိမ်ငယ်လေးကို မြင်လိုက်သောအခါ လင်းလရောင် မိမိကိုယ်ကို လုံခြုံသွားသလို ခံစားလိုက်ရသည် ။ မိမိ၏ အိမ် နှင့် မိသားစုသည် မိမိ ဘဝအတွက် အလုံခြုံဆုံး နှင့် အနွေးထွေးဆုံး ဆိုတာ လင်းလရောင် လက်ခံလိုက်မိသည် ။
မိသားစုများ အိမ်ထဲရောက်သည် နှင့် ရှေးဟောင်း နှောင်းဖြစ်များ ပြောရင်း စကားဖေါင်ဖွဲ့ သွားလေသည် ။
“အမေရေ တိုးတိုးတို့ ကေသီတို့ နေမင်းတို့ နေကောင်းကြလား၊ ဖုန်းအဆက်အသွယ် မရတော့တာ ကြာပြီ ငယ်သူငယ်ချင်းတွေဆိုတော့ လွမ်းလိုက်တာ အမေရာ”
ထိုအခါ မိသားစုများ အားလုံး မျက်နှာ မကောင်း ဖြစ်သွားကျလေသည်။ လင်းလရောင်လည်း စိတ်ပူရလေသည် ။
ထိုသူငယ်ချင်း သုံးယောက်မှာ လင်းလရောင် နှင့် ငယ်စဉ်တောင်ကျေး ဘဝထဲမှ ကျောင်းနေလည်းအတူ ဆော့ကစားလည်းအတူ အရမ်းချစ်ခဲ့ကြသည့် သူငယ်ချင်းများ ဖြစ်သည် ။ လင်းလရောင် နိုင်ငံခြား အထွက် လေဆိပ်အထိ လိုက်ပို့ကြသော သူငယ်ချင်းများကို မြင်ယောင် မိသေးသည် ။ အဓိကမှာ တိုးတိုး ဖြစ်သည် ။
တိုးတိုးက အနေအေးသည် ။ အရမ်းရိုးအသည် ။ လင်းလရောင် နှင့် ခွဲရတော့မည့်အတွက် စိတ်မကောင်း ဖြစ်နေသော မျက်နှာလေးကို မှတ်မိသေးသည် ။ သဘောကောင်းသည် ။ ပုံစံမှာလည်း ရိုးသားလွန်းလှသည် ။
ကေသီကတော့ တည်ငြိမ်သည် အိန္ဒြေကြီးသည် ။ သူမ၏ ရှည်လျားသော ဆံနွယ်များသည် သူမ အလှကို ထပ်ဆင့်ပံ့ပိုးထားသည် ။ ကိုယ်လုံးကိုယ်ပေါက် မှာလည်း နိမ့်ချည်မြင့်ချည်နှင့် အလွန် ကြည့်ကောင်းလှသည် ။ လင်းလရောင် အဖို့ကတော့ ကေသီအပေါ် မောင်နှမ အရင်းလို ရိုးသားခဲ့သည် ။
နေမင်းမှာတော့ တိုးတိုး နှင့် ဆန့်ကျင်ဘက် ငွေကြေးလည်း ချမ်းသာသဖြင့် လိုတိုင်းရသည့် သူဌေးသား၊ လိုချင်တာကို မရရအောင် ယူတတ်သည့် အကျင့်လေးရှိသည် ။ လင်းလရောင်ကို နိုင်ငံခြားထွက်ဖို့ ငွေကြေး ထောက်ပံ့ခဲ့သူလည်း ဖြစ်သည်။
“အမေ သူတို့ ဘာဖြစ်လို့လည်း ဟင်”
“သား… နေမင်းနဲ့ ကေသီ လက်ထပ်သွားတာ ကြာပြီ”
“ဟင် တိုးတိုးနဲ့ ကေသီက ချစ်သူတွေ မဟုတ်လား”
တိုးတိုးနှင့် ကေသီရဲ့ အကြောင်းကို လင်းလရောင် နှင့် နေမင်း အသိဆုံး ။ ငယ်ချစ်တွေ ဆိုတော့ ။
“ဒါဆို တိုးတိုးကရော”
“သား သူငယ်ချင်း တိုးတိုးကတော့ ဆုံးသွားပြီ သား”
“ဗျာ ဘယ်လိုဖြစ်တာလည်း အမေရာ”
“သားက အခုမှ ခရီးက ပြန်ရောက်တာဆိုတော့ မသိသေးတာ ကောင်းတယ်၊ သား တည်ငြိမ်သွားမှ အမေပြောပြမယ်၊ အမေ့စကား နားထောင်ပေးပါ သားရယ်”
လင်းလရောင်က လက်မခံချင်သော်လည်း ဒီတစ်ကြိမ် မိခင်စကား နားထောင်ပြီး ထိုအကြောင်း ဆက်မပြောဖြစ်တော့ ။ ထို့နောက် အနားယူ ရေချိုး မိသားစုနှင့်အတူ နွေးနွေးထွေးထွေး နေလိုက်လေသည် ။
သို့နှင့် ညအချိန်ပင် တိုက်ခဲ့လေပြီ ။ လင်းလရောင် အခန်းထဲတွင် လူးလိမ့်နေသည် ။ အိပ်လို့ မပျော် ။ တိုးတိုး သေဆုံးရသည့် ကိစ္စကို အမေကလည်း အသိမပေး ။ လင်းလရောင် အတွေးများဖြင့် ညနက်လာလေသည် ။ တိုင်ကပ်နာရီမှ တဂျောက်ဂျောက် မြည်သံကတော့ ထွက်ပေါ်နေသည် ။ လင်းလရောင် အိပ်မပျော်သေး ။ အဖေနှင့် အမေကတော့ အပေါ်ထပ်တွင် အိပ်ပျော်နေလောက်ပြီ ။
ညီမလေးတို့လည်း အိပ်ပြီလားမသိဘူး ဟူသော အတွေးဖြင့် လင်းလရောင်အခန်း နှင့် ကပ်ရပ်သား ညီမလေး အခန်းနံရံကို နားလေးကပ်ခါ နားဆွင့်လိုက်သည် ။ ကပ်လျက်သားမို့ တစ်ဖက်မှ အသံ သဲ့သဲ့များ ကြားနေရသည် ။
“အို့ အား အ အ မောင်ရယ် နာနာလေး လုပ်စမ်းပါ”
“တိုးတိုးပြောပါ ချစ်ရယ်၊ တော်ကြာ ကိုကြီး ကြားသွားပါဦးမယ်”
နားဆွင့်နေသော လင်းလရောင်ပင် ကိုယ့်ကိုယ်ကို စိတ်မလုံ ဖြစ်သွားသည် ။ မိမိက နားဆွင့် မိသည်ကိုး။ ချက်ချင်း ကုတင်ပေါ် ပြန်လှဲလိုက်သည် ။