မှတ်မိနေသည်။ ပါတိတ်အဆင်အပြင်ပွင့်တွေ လှပသော လိပ်ပြာလေးများ နားနေဟန် ဒီဇိုင်းနှင့် ထမီကို ဝတ်ထားသည်။ တင်ပါး အလုံးအထည်က အလွန်အမင်းကြီးတာမျိုးမဟုတ် ကျစ်လစ်လှပသော ဖွဲ့စည်းမှုကို ဖော်ဆောင်သည်။ အရပ်အမောင်းက မြန်မာမိန်းကလေးထဲတွင် ခပ်ရှားရှား အရပ်မျိုး ငါးပေလေးလက်မခန့် မြင့်သည်။ အရပ်မြင့်သဖြင့် ပေါင်တန်ကြီးတွေက ရှည်သွယ်ကြသည်။ လုံးပတ် အတော်ထွားကြိုင်းပုံက အချိုးအဆစ် ဦးစားပေး ထုလုပ်ထားသော ပန်းပုရုပ်နှယ်လှပပြေပျစ်လွန်းသည်။ ဘလောက်စ် အင်္ကျီလက်ပြတ် အဝါလေးအောက်မှ မစို့မပို့ ယဉ်ယဉ်လေး ကြွားရွားနေသော ရွှေရင်အစုံက ရင်သပ်ရှူမောစဖွယ် အထက်မှအောက်သို့ ပြန်လည်သုံးသပ်လျှင် မျက်နှာသွင်ပြင်၏ ရိုးသားတည်ငြိမ်မှု အိန္ဒြေသိက္ခာ ပြည့်ဝမှုတို့က စာဖွဲ့မကုန်အောင် ခန့်ညားတည်ကြည်သည်။
သူ့အလှကို ရေးဖွဲ့ပါဟု ဆိုလျှင် မျက်ခုံးလေးတစ်ဖက် နှာတံလေးတစ်ချောင်း နှုတ်ခမ်းလေးတစ်လွှာ သွားကလေးတစ်စေ့နှင့်ပင် ကျမ်းစာတစ်ဆောင်အထိဖွဲ့လောက်သူ ဖြစ်သည်။ အထူးရေပန်းစားသော သူ့ခန္ဓာကိုယ်အလှကိုမူ ကဗျာဆရာ အချို့က ကဗျာဖွဲ့ကြသည်။ သီချင်းသ မားကလည်း သီးချင်းစပ်ကြသည်။ ဗွီဒီယိုသမား အချို့ပင် ရှာဖွေတွေ့ရှိပြီး စကားကမ်းလှမ်းခဲ့ကြ ဖူးသည်။ သို့သော် သူမက အနည်းငယ်မျှ စိတ်ဝင်စားမှု မပြခဲ့။
အလှနတ်ဘုရား ဗီးနပ်စ်အလှကို ကမ္ဘာကျော်အောင် ရေးဖွဲ့ခဲ့သော စာရေးဆရာကြီးသည် စင်စစ် အိခိုင် ဆိုသော မိန်းကလေးကို မတွေ့ဖူးခဲ့၍သာ ဖြစ်သည်ဟု တင့်ဆွေ ထင်သည်။ ဗီးနပ်စ်အရုပ်ကို တင့်ဆွေ တွေ့ဖူးပါသည်။ အိခိုင် ဆယ်ပုံပုံ၍ တစ်ပုံမမှီသော ဤရုပ်ထုသည် ဘဇာကြောင့် ကမ္ဘာကျော်ခဲ့သနည်းဟု ယနေ့ထိ အဖြေမပေါ်….။ အလှဘုရင်မဆိုသော ကလီယိုပက်ထရာကို သူလူကိုယ်တိုင် မမြင်ဖူးခဲ့သော်လည်း အိခိုင်လောက် မလှသည်ကိုတော့ သူ ကျိန်တွယ်ပြောရဲသည်။ မိုနာလီဇာ၏အပြုံးဆိုသော ပန်းချီကားကလည်း ကြံဖန်ပြီး ဈေးကောင်းနေသည်။ အိခိုင် မပြုံးပဲ တည်တည်ကလေး ကြည့်နေသည်ကပင် မိုနာလီဇာထက် အဆတစ်ရာ သာလေသည်။
မြန်မာရာဇဝင်တွင် ဥမ္မာဒန္တီအလှသည် မြင်သူတိုင်း ရူးသွပ်ရသည်ဟုလောက်သာပါသည်။ တင်၊ ရင်၊ ခါး ဘယ်မျှ အရပ်အမောင်း အတိအကျမပါ။ ပပဝတီကိုလည်း ခုနှစ်ဆောင်တိုက်ခန်း မီးမထွန်းဘဲ လင်းလောက်အောင် လှပြန်သတဲ့။ ဘာတွေလဲ ရှုပ်နေတာပဲ..။ အိခိုင်အလှကို အဲ့ဒီ ဒဏ္ဍာရီတွေထဲက အလှတွေနဲ့ မယှဉ်နဲ့ အရေးမပါတာ မလုပ်နဲ့…။ တင့်ဆွေ စိတ်ထဲ၌ အိခိုင်ထက်လှသူတောင် အိခိုင်လောက်လှမည် မထင်ပါ..။
အိခိုင် ဆိုသည်က တင့်ဆွေဘဝ၏ ထိပ်ထားဧကရီ..။ ခန်းနားကြီးကျယ်လှစွာသော အဆောက်အဦးများစွာဆီသို့ တင့်ဆွေ ရောက်ခဲ့ဖူးသည်။ ကြက်သရေရှိသော အဆာက်အအုံကြီးက ငွေကုန်ကြေးကျခံတာက လူအင်အား မခန့်သား မလှပ။ အိမ်တံစက်မြိတ်၌ ချိတ်ဆွဲထားသော သစ်ခွအုံလေး တစ်အုံကပင် တင့်ဆွေအတွက် ဒေါ်လာသန်းပေါင်းများစွာ ပေး၍ မရောင်းနိုင်သော အရာဖြစ်သည်။
အိခိုင်စီးသော ဖိနပ်ကလေးကို ကာလတန်ဖိုးနှင့် တစ်ရာပတ်ဝန်းကျင် သတ်မှတ်ကြမည် ဖြစ်သော် လည်း သူကမူ ပြတိုက်တစ်ခု၌ ကတ္တီပါခံပြီးတောင် ပြထားချင်သေးသည်။ အိခိုင် အသုံးအဆောင်နှင့် ပျဉ်ထောင်အိမ်ကလေးကို မဆိုထားနှင့် နေရာင်မှာကျသော အရိပ်ကလေးကိုပင် တင့်ဆွေ ဈေးမဖြတ် နိင်အောင် တန်ဖိုးကြီးမားစွာ ထားသည်။သို့သော်.. အိခိုင်သည် ယနေ့ထိ သူနှင့် ရင်းနှီးကျွမ်းဝင်မှု မရှိသေးသော မိန်းကလေးတစ်ယောက် ဖြစ်ချေသည်။
“ဟေ့ကောင်…စောက်ရူး..ဖွန်ကြောင်…”
“ထွန်းလွင်.. အဲ့ဒီကောင်ပါးစပ်ကို ရာဘာဖိနပ်နဲ့ ကောက်ပိတ်ထားလိုက်စမ်း..”
“ဟာ…မှားပါတယ်ဗျာ…”
သူငယ်ချင်းသုံးယောက် ဆုံမိလျင် နောက်ကြ ပြောင်ကြနှင့် ရယ်မောစရာများ ပြောကြသော်လည်း သူတို့သုံးယောက်လုံး ရင်းနှီးချစ်ခင်ကြသည့် ညီအစ်ကိုများလို နေကြသည်။
“မနက်က အိခိုင် ဈေးသွားတာ..တွေ့တယ်..”
“ဘယ်သူပါသေးလဲ…အောင်မင်း..”
“သူတစ်ယောက်ထဲပါပဲ.. ပြန်တောင်ရောက်ရောပေါ့…”
အောင်မင်း ပါးစပ်မှပြောရင်း လက်က ထွန်းလွင်ကို လှမ်းကုတ်ပြီး မေးငေါ့ပြသည်။ ထွန်းလွင်ရယ်၍ သာနေသည်။
“လုပ်ကွာ.. လက်ဖက်သုတ်မှာ..။ လက်ဖက်စားရင်း စောင့်ကြတာပေါ့..။ လာတော့လည်းကြည့်… ကြည့်ပြီးတော့ပြန်.. ဒါပဲ..”
“အင်း..မင်းအလုပ်က.. ဒါပဲမှုတ်လား..”
စကားအဆုံး၌ အောင်မင်း သက်ပြင်းချသည်။ ထွန်းလွင်က ခေါင်းကိုခါရမ်းပြီး ဆေးပေါ့လိပ်ကို ရှိုက်ကာ ဖွာပြီးမှ…
“မိန်းကလေးတစ်ယောက်ကို စိတ်ဝင်စားတာ ဘာလုပ်ဖို့လဲ..”
“ချစ်ဖို့လေ…ချစ်ဖို့..ဟဲဟဲ…ဟဲ”
“ငါ..အကောင်းမေးတာပါ…။ ချစ်တယ်ဆိုတာနဲ့ ဖိုက်တာနဲ့… ဘာကွာလဲ..”
“ဟာ…ကွာတယ်ကွ..။ မင်းကလည်း သဘောကြီးဖြစ်ပြီး..”
“ကဲ..ရှင်းစမ်းကွာ..”
“ဖာ…ကိုဖိုက်တာ.. ချစ်လို့ မှုတ်ဖူး… ဒါက တစ်အချက်..။ မတူညီတဲ့ ဖိုမလိင်အင်္ဂါတွေ ကာမစပ်ယှက်တာကို အချစ်နဲ့ရောရင်.. အရမ်းသေးသိမ်သွားလိမ့်မယ်..”
“အေးပါ…မင်း အချစ်အဘိဓမ္မာကို အနက်ဖွင့်ပါ..”
“အနက်ဖွင့်ဖွင့်.. အဖြူဖွင့်ဖွင့်.. အချစ်ကို ငါနားလည်သလိုပြောမယ်…။ ကြောင်ကလေးကို ချစ်တယ်.. ကဲ.. အဲ့ဒါ.. ဖိုက်ဖို့မှုတ်ဘူး.. ဒါ..နှစ်အချက်..”
တင့်ဆွေ လူတတ်ကြီးလုပ်ပြီး ဒိုင်တွေလွှတ်လေ၏။ ငှဲ့ပြီးသား ရေနွေးခွက်ကို ယူသောက်လိုက်သေးသည်။
“ပန်းတစ်ပွင့်ကို မြတ်နိုးတယ်… အဲ့ဒါ.. ဖိုက်ဖို့လား.. သုံး..”
“တော်စမ်းကွာ.. အဲဒါ… ဒိုင်ကြောင်တွေကွ…. မှတ်ထား..။ အိခိုင်ဟာ မိန်းမ..၊ ခွေးမဟုတ်ဘူး.. ကြောင်မဟုတ်ဘူး..။ အဲ.. ပြီးတော့ ပန်းပွင့်လည်း မဟုတ်ဘူး..။ မိန်းမတစ်ယောက်ကိုယူပြီး.. အပုတ်ခံထားတဲ့ကောင် ဘယ်နှစ်ကောင်ရှိလဲ..။ မင်းတစ်ကောင်ပဲရှိမယ်… တင့်ဆွေ”
“တစ်နေ့လာ ကြည့်ပြီးပြန်… အိမ်အထိ အနံ့ခံပြီးပြန်.. ဒါဘာလုပ်တာလဲ..။ မင်းဥစ္စာ.. စောက်ရေးမပါ တာ..။ အခွင့်အရေးရတုန်း.. ရွှီးပါဆိုမှ… ရှိူးနေရုံနဲ့ ပြီးမှာလားကွ…”
သူ့အစား သူငယ်ချင်းအောင်မင်းနှင့် ထွန်းလွင် အားမလိုအားမရ ဖြစ်နေကြရသည်။ ထိုစဉ် သူတို့ထိုင်နေသော လက်ဖက်ရည်ဆိုင်ရှေ့မှ အိခိုင် ဈေးခြင်းတောင်းလေးဆွဲပြီး ခပ်သွက်သွက်ကလေး လျှောက်သွားလေသည်။
“ဟေ့..သွားပြီ… လိုက်ဟ… အာ… ဆေးလိပ်ကို ထားခဲ့…”
တင့်ဆွေ ကယောင်ကတမ်းနှင့် အိခိုင်နောက်သို့ ထလိုက်သည်။ ဝင့်ထည်ခန့်ညားလွန်းသော အလှ ဘုရားမလေးနောက်မှ တင့်ဆွေ အရိပ်လို ကပ်ပါသွားသည်။ လက်ဖက်ရည်ဆိုင်တွင် ကျန်ရစ်သော အောင်မင်းနှင့် ထွန်းလွင်က လက်ဖက်ရည်ဖိုးရှင်းပြီး ပြိုင်တူထကာ ဆန့်ကျင်ဘက်သို့ ထွက်ခွာသွားကြသည်။
သူတို့ပြောလည်း ပြောချင်စရာဖြစ်သည်..။ အိခိုင် သူ့အိမ်လေးထဲသို့ ဝင်သွားသည်အထိ တင့်ဆွေ ကပ်လိုက်သွားသည်။ ပြီးတော့ အိမ်သုံးလေးလုံးကျော်မှ ပြန်လှည့်လာသည်။ တင့်ဆွေ လက်ဖက်ရည်ဆိုင် ပြန်ရောက်လာသောအခါ ဟိုနှစ်ကောင်မရှိတော့..။ တစ်နေ့တာ ဝတ္တရားကို ကျေပြွန်စွာ ထမ်းဆောင်ပြီးသော စစ်သူရဲလို သူ့အိမ်သို့ ကျေနပ်ရွှင်လန်းစွာ ပြန်သွားခဲ့လေသည်။
……………………………………………….
“ဟော့တော့…ဖိနပ်ကလည်း..ဒုက္ခပါပဲ…”
အိခိုင် ဖိနပ်ကလေးကို ကုန်းကောက်လိုက်သည်။ လက်ထဲမှ ပိုက်ဆံအိပ်ကလေးကို ချိုင်း၌ညှပ်ပြီး သဲကြိုးပြတ်သွားသော ဖိနပ်ကို ကိုင်ကြည့်နေသည်။
“ဖိနပ်ပြတ်သွားတယ်ထင်တယ်..ဟုတ်လာ…”
“အာ…အင်း…ဟုတ်ကဲ့…”
“ပေး….အစ်ကိုက ဖိနပ်ချုပ်သမားပါ…”
သားနားရည်မွန်သော လူရွယ်က အိခိုင်ဖိနပ်ကလေးကို မပေးခင် ဆွဲယူပြီး အသင့်ပါလာသော ဖိနပ်ချုပ်အပ်နှင့် ချုပ်ပေးလိုက်သည်။
“ကျေးဇူး…နော်…အစ်ကို…”
“ရပါတယ်…”
လူရွယ်က လက်နှစ်ဖက်ခါပြီး မပြုံးမရယ် ထွက်သွားသည်။ ဖိနပ်ချုပ်သမားက ဂျင်းပင်နှင့် တီရှပ်နှင့် ဝေါ့ကင်းရှူးကို စီးထားသည်။ ဝင်ငွေကောင်းလို့လားမှ မသိတာ..။ အိခိုင် အမှတ်တမဲ့ပင် ကျူရှင်မှ ပြန်ခဲ့သည်။ ဖိနပ်ချုပ်သမားကို မေ့ပျောက်ပျောက် ထားလိုက်၏။
“အို…ဒုက္ခပါပဲ..မိုးရွာနေတဲ့..အထဲ…”
ထီးကိုင်းက ကျိုးပြန်သည်။ သူရောက်လာပြန်သည်။
“ထီးကိုင်းကျိုးသွားတာလား… ခဏလေးနော်… အစ်ကိုက ထီးပြင်သမားပါ… မကြာပါဘူး..”
လွယ်ထားသော သားရေကင်ဘတ်ထဲမှ ကရိယာများထုတ်ပြီး ထီးကိုင်းကို ပြင်ပေးလိုက်သည်။
“ဟို..လေ….ဟိုတစ်ခါ…”
“အော်…အင်း…ရပါတယ်..”
အိခိုင်ရဲ့စိတ်ကို ဖမ်းစားစ ပြုလာသည်။ ဘယ်သူလဲ.. ဘာလဲ… ဘာကြောင့် အိခိုင် အခက်တွေ့တိုင်း သူ ပေါ်ပေါ်လာရတာက… အိခိုင်နောက်ကို အမြဲလိုက်နေတာများလား… ဟုတ်မှာ..။
“အစ်ကို…နာမည်က…ဘယ်သူလဲဟင်….”
“လိုအပ်လို့လား…ညီမရယ်..”
“လိုအပ်တာပေါ့…ကျေးဇူးရှင်ပဲဥစ္စာ..”
မျက်စောင်းလေးထိုး နှုတ်ခမ်းလေးစူဆောင့်စောင်းကာ ပြောလိုက်သော မျက်နှာလှလှလေးကို တစ်ချက်ကြည့်ပြီးမှ သူက ရယ်သည်။ ပြီး… အအေးဖိုးကို သူရှင်းပေးလိုက်သည်။
“နောက်တစ်ခါတွေ့ရင်.. အစ်ကို ပြောမယ်နော်… ညီမ…”
“ကြည့်ပါလား..အစ်ကိုဟာလေ…တစ်မျိုးကြီးပဲ…”
သူ့မျက်နှာ၌ လျှို့ဝှက်သော အပြုံးတစ်ခုကို ပြုံးရင်း ဟွန်ဒါဆိုင်ကယ်ကလေးပေါ်သို့ ခွစီးကာ ဝေါကနဲ ထွက်သွားလေသည်။
——————————————
“ဖိနပ်ချုပ်ပေးတာ.. ထီးပြင်ပေးတာလေးတွေက ရင်းနှီးမှုကို ရယူလိုက်တာ..။ နာမည်မေးတာကို မပြောပဲနဲ့.. ထွက်သွားတာက စိတ်ဝင်စားမှု ပိုအောင်လို့”
“တော်ပါတယ်ဗျာ…တော်ပါပေတယ်..”
“အဲဒီတော့ အချစ်ဟာ စိတ်ဝင်စားအောင် လုပ်နိုင်မှုကလည်း စတင်ပေါက်ဖွားလာနိင်တယ်..။ အဲဒါ.. ပထမဆုံး.. အဖြေ”
ကျန်နှစ်ယောက်က အထင်မကြီးစွာ ရယ်ပြသည်။
“အေးလ… ဇာတ်သိမ်းအောင်တော့ ကြည့်သေးတာပေါ့…”
——————————————-
“ဟင့်…. အိခိုင်ကို… အဲ့လို… မလုပ်နဲ့ကွာ… မနေတတ်ဘူ..”
“ချစ်လို့ပါ…အိခိုင်လေးရယ်…”
“ချစ်တာနဲ့… ဒါကိုင်တာနဲ့ ..ဘာဆိုင်လဲ…လို့…”
ရဲရဲနီနေသော မျက်နှာလေးကို သူက ငုံ့ကြည့်ရင်း သက်ပြင်းတစ်ချက် မှုတ်ထုတ်လိုက်သည်။
“ပြောလေ..ဘာဆိုင်လို့လဲ…ကဲ…”
“ဆိုင်တာပေါ့..အိခိုင်…။ ဖိုမ.. ဆက်ဆံမှုဆိုတာ.. အချစ်ရဲ့ .. အထိရောက်ဆုံး သက်သေတွေပဲပေါ့.. အချစ်ရယ်..”
“သွားပါ.. .သူလိုရာဆွဲပြောနေတာ..ခစ်ခစ်..”
သူ့မျက်နှာသည် အိုသလို ညိုမှိုင်းသွားသည်။ သူငိုင်သွားတော့လည်း အိခိုင် မနေတတ် မကြည့်ရက်..။
“ကဲ..ချစ်လေး… ဘာလို့မျက်နှာကြီးက အိုသွားရတာလဲ..”
“အိခိုင်ကမှ…အစ်ကို့အလိုကို မလိုက်တာ..”
“အစ်ကို့အတွက်ဆိုရင်လေ… အိခိုင်ကိုယ်လုံးတင် မဟုတ်ပါဘူး အစ်ကိုရယ်..။ နှလုံးသားကိုပါ.. ပေးဝံ့ သူပါ..။ ယုံပါ အစ်ကိုရယ်…”
ချစ်ရသော အစ်ကိုထံမှ မယုံသင်္ကာမှုမျိုးကို အိခိုင် မလိုချင်ပါ…။ ဘာမဟုတ်သော ကိစ္စလေးနှင့် အိခိုင် အစ်ကို့အမုန်းမျိုးကို မလိုချင်ပါ..။ အိခိုင် လက်ကလေးတစ်ဖက်ကို ပုဆိုးအောက်မှ တောင်စပြု လာသော အစ်ကို့ဟာကြီးကို အရဲစွန့်ပြီး ခပ်တင်းတင်းလေး ကိုင်ပေးလိုက်သည်။ အစ်ကို့ကိုယ်လုံးသည် ဆတ်ကနဲ တောင့်တင်းသွားသည်။ ကြမ်းတမ်းသော အနမ်းရိုင်းကြီးများက အိခိုင်ပါးပြင်မို့မို့လေးကို ဖိကပ်နမ်းရှိုက်လာသည်။
အိခိုင် လက်ဖဝါးထဲ၌ ပူနွေးစွာ ကိုင်ထားမိသော အစ်ကို့ဟာကြီးက လက်ဆုပ်လက်ကိုင်မက ကြီးမားသည်။ ဒါကြီးကို ယခုကဲ့သို့ ကိုင်ထားရင်း အနည်းငယ် လှုပ်ရှားပေးနေရသည်ကို အိခိုင်မှာ ရင် တလှပ်လှပ် ခံစားရပြီး မောဟိုက်နေသည်။