ပီအေ

ဦးကျော်ခေါင်အဖို့ အသက်ကြီးမှ မုတ်ဆိတ်ပျားလာစွဲတာ ခံရသလားတော့ မသိ။ သူ့မိတ်ဆွေလည်းဖြစ်၊ ငယ်ပေါင်းလည်းဖြစ်တဲ့ ဦးစောမောင်က သူ့ကုမ္ပဏီမှာ ခေတ္တခဏ ရုံးသွားထိုင်ဖို့ ပြောတုန်းက ဦးကျော်ခေါင် လုံးဝ စိတ်မဝင်စားခဲ့။ ဒါကလည်း သူ့မှာ အကြောင်းရှိသည်။

ဦးကျော်ခေါင်ဆိုသည့်သူက အလုပ်လုပ်စရာမလိုဘဲ အချိန်တန်လျှင် ဝင်ငွေရှိနေသူလေ။ သူ့ကိုယ်သူ သူဌေးဟု ခေါင်းစဉ် မတပ်နိုင်သော်လည်း ဦးကျော်ခေါင်သည် ငွေကြေးနောက်ခံတော့ အတော်ရှိခဲ့သူ ဖြစ်သည်။ ထို့အပြင် သူသည် မိန်းမရ ကံကောင်းသူဟုလည်း ဆိုရမည်။ လွန်ခဲ့သော ငါးနှစ်ကျော်ကျော်က ဆုံးပါးသွားပြီ ဖြစ်သော သူ့မိန်းမ ဒေါ်သူဇာသည် ဆွေကြီးမျိုးကြီးထဲမှ ဖြစ်သည်။ သူတို့နှစ်ယောက် ညားခါစတုန်းကဆို သူမဘက်က ပိုင်ဆိုင်မှုက သူ့ထက်တောင် များသည်ဟု ဆိုလို့ရသည်။

အခုတော့ သွားလေသူကြီး၏ ပိုင်ဆိုင်မှုက သူ့ဟာတွေ ဖြစ်လာခဲ့တာ ကြာလှပြီ။ ဒီတော့ ဦးကျော်ခေါင် လုပ်ချင်တာ လုပ်လို့ရသည်။ လုပ်ချင်တာတွေလည်း လုပ်ခဲ့ပြီးပြီ ဖြစ်သည်။ ကောင်းတာတွေ ရှိသလို၊ ဆိုးတာတွေ ရှိသည်။ ကောင်းတာတွေကတော့ ပေါ်တင်လုပ်ပြီး၊ ဆိုးတာတွေကတော့ ဒိုင်လျှိုလေး လုပ်ခဲ့သည်။ အဲဒီလို ကိစ္စပေါင်းစုံ လုပ်ခဲ့တာထဲမှ အခုပြောမည့် ဇာတ်လမ်းနှင့် သက်ဆိုင်တာကို ရွေးပြောရမည်ဆိုလျှင် ခင်မင်ရာ ခင်မင်ကြောင်း မိတ်ဆွေတစ်ချို့၏ အလုပ်တွေတွင် ရှယ်ယာဝင်ထားခြင်းသာ။

ဒါကြောင့်လည်း အစောတုန်းက ဆိုခဲ့သလို ဦးကျော်ခေါင်သည် ဘာအလုပ်မှ လုပ်စရာ မလိုဘဲ အချိန်တန်လျှင် ဝင်ငွေရှိနေခဲ့တာပင် ဖြစ်သည်။ ဒီလိုမျိုး အလုပ်လုပ်စရာ မလိုသည့် သူ့ကို ဦးစောမောင်က သူ့ကုမ္ပဏီမှာ ကြီးကြပ်သူအဖြစ် သွားထိုင်ပေးဖို့ စကားအစပျိုးတုန်းက ကြားကြားခြင်း အတော် စိတ်ရှုပ်ခဲ့တာပင်။ ဦးစောမောင်သာ အော်ပရေးရှင်းလုပ်ဖို့ ဆိုပြီး ဆေးရုံကုတင်ပေါ်မှာ ပက်လက်ကလေး ဖြစ်မနေလျှင် ဦးကျော်ခေါင် ငြင်းမိမှာ သေချာပါသည်။

“စဉ်းစား မနေစမ်းပါနဲ့ ကျော်ခေါင်ရာ ..။ မင်းကို အမြဲတမ်းလည်း လုပ်ခိုင်းတာ မဟုတ်ဘူး .. ခဏတဖြုတ်ပဲ ..။ ငါ ဆေးရုံက ပြန်ဆင်းရင် မင်း ဆက်လုပ်ပေးစရာ မလိုပါဘူး .. “

ငယ်သူငယ်ချင်းလည်းဖြစ်၊ လူမမာလည်းဖြစ်သည့် ဦးစောမောင်က ဒီလိုဆိုလာတော့ ဦးကျော်ခေါင် ဘာပြောရမှန်း မသိ။ နဂိုကတည်းက မျက်နှာကြောတင်းသည့် သူ့မျက်နှာသည် ပိုပြီးတော့ တင်းနေမှာမှန်းတော့ သေချာပါသည်။ သူ့မျက်နှာကို တစိုက်မတ်မတ် ကြည့်နေသည့် ဦးစောမောင်၏ အကြည့်တွေကို ကြာတော့ သူတုံ့ပြန်တောင် မကြည့်ရဲ။ ဒရစ်ချိတ်ထားသည့် ပုလင်းထဲမှ ဆေးရည်စက် တစ်စက်ခြင်း ကျနေသည်ကို ငေးကြည့်နေမိသည်။

“ဟေ့ကောင် ကျော်ခေါင် .. ဘာတွေ လျှောက်ငေးနေတာလဲ ..။ ငါပြောတာရော ကြားရဲ့လား ..။ ခွီးမှပဲ “

ဦးစောမောင်ဆီမှ အသံကျယ်ကျယ် ထွက်လာမှ ဦးကျော်ခေါင် သူငယ်ချင်းဖြစ်သူကို ကမန်းကတမ်း ကြည့်ရသည်။ ဒါတောင်မှ သူ့အကြည့်က လူနာခန်းထဲကို ဝင်လာသည့် စပါယ်ရှယ်နပ်စ်ဆီသို့ ရောက်သွားသေးသည်။ အဖြူရောင် ရင်ဖုံးအင်္ကျီထဲမှ ဖောင်းဖောင်းကြွကြွ ဖြစ်နေသော ရင်သားအစုံနေရာတွင် သူ့မျက်လုံးက ရပ်နားသွားသည်။

“ကဲ .. ဦးလေး .. ဒီမှာ အိုဗာတင်းရပြီ .. ဦးလေး သောက်ချင်ရင် အဆင်သင့်ပဲနော် “

မျက်နှာထားချိုချိုနှင့် ပြောနေသည့် သူနာပြုဆရာမလေး၏ စကားကြောင့် ဦးကျော်ခေါင် ပထမဆုံးအကြိမ်အဖြစ် ဦးစောမောင် နေရာတွင် သူရောက်ချင်သွားသည်။ ထိုအချက်က နပ်စပ်မလေးက ဦးစောမောင်ကို နောက်ကျောဘက်မှ ပွေ့ပြီး အိုဗာတင်းကို ဇွန်းနှင့် တစ်ဇွန်းချင်း ယုယုယယ တိုက်ကျွေးသည်ကို မြင်သောအခါ ပို၍ သေချာသွားသည်။

“စောမောင် .. မင်း အကူအညီတောင်းလို့ ငါလုပ်ရတာနော် ..။ ပြီးတော့မှ ငါလုပ်တာ အဆင်မပြေဘူးဆိုပြီး ငါ့ကို အပြစ်မတင်နဲ့ “

ဦးကျော်ခေါင်ဆီမှ အောင့်သက်သက်နှင့် လှမ်းပြောသံကြားမှ နပ်စ်မလေးနှင့် အဆင်ပြေနေသည့် ဦးစောမောင်က သူ့ကို လှမ်းကြည့်ဖော်ရသည်။

“မတင်ပါဘူးကွာ .. ငါလည်းပဲ တခြား စိတ်ချရတဲ့သူ မရှိလို့ပါ ..။ နောက်ပြီး ငါ့တူမ သီတာဆွေကလည်း အခုမှ အလုပ်ဝင်ခါစဆိုတော့ ဘာမှ မယ်မယ်ရရ မလုပ်တတ်သေးလို့ပါ ..။ ကျေးဇူးပဲကွာ ကျော်ခေါင် .. “

ဒီနောက်တော့ ဦးစောမောင်က သူ့ကို ကုမ္ပဏီနှင့် ပတ်သက်သည့် ကိစ္စတစ်ချို့ကို ဆက်ရှင်းပြချင်သေးသည်။ ဒါပေမယ့် ဦးစောမောင် ပြောတာတွေကို ဦးကျော်ခေါင် နားထောင်ချင်စိတ် မရှိတော့ပါ။ စပါယ်ရှယ်နပ်စ်ဆိုတာနှင့် ကိုက်ညီသည့်အလား စပါယ်ရှယ် ထွားပြီး ဖောင်းကြွနေသည့် ရင်သားတစ်စုံက သူ့အာရုံကို ဖမ်းစားထားသည့် အတွက်ကြောင့်သာ။ စိတ်ကူးနှင့် နပ်စ်မလေး၏ ဘလောက်စ်ကို ချွတ်၊ ရင်သားထွားထွားတွေကို အားရပါးရ ဆုပ်နယ်၊ ထဘီအနီရောင်ကို လှန်တင်ပြီး နောက်ကနေ ကောင်းကောင်းကြီး လိုးဆောင့်နေမိသည်။

“စောမောင် .. ငါ .. ငါ ပြန်တော့မယ် “

ကြာကြာထိုင်နေလျှင် ဒီထက် ပိုပြီး ခက်လာနိုင်တာမို့ ဦးစောမောင်ကို ကမန်းကတမ်း ထနှုတ်ဆက်ပြီး ပြန်လာရသည်။ ဒါတောင် နည်းနည်းအလုပ်မလုပ်တာ ကြာသလို ဖြစ်နေသည့် ပုဆိုးအောက်က ကောင်က ခေါင်းပြန်မကျချင်။ ကိုယ်နှင့်မကွာ အမြဲတမ်း ဆောင်လာသည့် ယောကျ်ားကိုင် ပိုက်ဆံအိတ်ကို ပုဆိုးရှေ့က ကာ၍ ဦးကျော်ခေါင် သူ့ကား ရပ်ထားရာသို့ မြန်မြန် လျှောက်လာရသည်။

ကားထဲရောက်လို့ ပိုက်ဆံအိတ်ကို ဖယ်လိုက်တော့ သူ့ကောင်ကြီးက ပုဆိုးအောက်မှာ ခပ်ဖောင်းဖောင်း ရှိနေသေးသည်။ မင်းလည်း အလုပ်ဖြစ် .. ငါလည်း အလုပ်ဖြစ်အောင် တစ်ခုခု ငါကြံပါ့မယ့်ကွာဟု ဦးကျော်ခေါင် စိတ်ထဲမှာ ပြောရင်း ကားကို မောင်းထွက်လာခဲ့တော့သည်။

———————————————

“ကြွပါ အန်ကယ် ..။ အန်ကယ်စော ပြောထားလို့ သမီး အန်ကယ် လာမှာကို စောင့်နေတာပါ . “

“အင် … အော် “

GMT ဆိုသည့် ကုမ္ပဏီတံဆိပ် ရိုက်နှိပ်ထားသည့် မှန်တံခါးအနက်ကို ဆွဲဖွင့်လိုက်သည်နှင့် သူ့ကို လှမ်းနှုတ်ဆက်သည့် မိန်းမလှတစ်ဦးကြောင့် ဦးကျော်ခေါင် ရုတ်တရက် ဘာပြောပြန်ရမှန်းတောင် မသိလိုက်။ အံ့အားသင့်နေသည့် သူ့မျက်လုံးအစုံက တပ်ထားသည့် မျက်မှန်ဝိုင်းထဲတွင် ပြူးကျယ်သွားမိမှာတော့ သေချာပါသည်။

“သမီးက သီတာဆွေပါ ..။ အန်ကယ်စော တူမဆိုတာပါ ..။ အန်ကယ်စော ပြောထားမယ် ထင်တာပဲ .. “

သီတာဆွေ ..။ စောမောင်ရဲ့တူမ .. ။ ရုတ်တရက် ရှော့ခ်ဖြစ်သွားသည့် ဦးကျော်ခေါင် ဦးနှောက်က အခုမှ ပြန်အလုပ်လုပ်လာသည်။

“အေး .. သီတာဆွေဆိုတာ သမီးလား ..။ စောမောင်ကတော့ ပြောထားတယ် ..။ တွေ့ရတာ ဝမ်းသာပါတယ် “

ပုံမှန် အသိပြန်ဝင်လာပြီးသည့်နောက်တွင်တော့ ဦးကျော်ခေါင်၏ ညာဉ်က ဇကလေး စပြလာသည်။ ကမ်းပေးလိုက်သည့် သူ့လက်ကို ပြန်လည် လက်ဆန့်ပြီး နှုတ်ဆက်သည့် သီတာဆွေ လက်ကလေးကို ခပ်ကြာကြာလေး ကိုင်ထားမိသည်။ ပြုံးပြုံလေး ဖြစ်နေသည့် သီတာဆွေ မျက်နှာလေး အိုးတိုးအမ်းတမ်း အမူအယာပြောင်းသွားမှ မလွှတ်ချင် လွှတ်ချင်နှင့် လွှတ်ပေးလိုက်သည်။

“သမီး .. အန်ကယ့်ကို မင်းအန်ကယ်ရဲ့ ရုံးခန်းလေး ပြပါဦး “

“အော် .. ဟုတ်ကဲ့ .. ရှင့် … သမီးနောက်က လိုက်ခဲ့ပါ အန်ကယ် “

နှစ်ယောက်သားကြား ပြောစရာ စကားမရှိသလို ရုတ်တရက် တိတ်ဆိတ်သွားမှုကို ဦးကျော်ခေါင်က ဦးဆောင်ဖြိုခွင်းလိုက်ပြီးနောက် သီတာဆွေနောက်မှ သူကပ်ကာ လိုက်သွားသည်။ အကျင့်ပါနေသည့် မျက်စိကမူ လမ်းလျှောက်လိုက်တိုင်း တစ်လုံးချင်း စွင့်ကာ လှုပ်ရှားနေသည့် ၃၆ လက်မထက် မနည်းနိုင်သည့် တင်အိုးလုံးတွေဆီက မခွာ။ ကောင်းလိုက်သည့် အိုး .. ငါတော့ ရတနာပုံ ဆိုက်ပြီ လား မသိ ..။ ရင်ထဲတွင် ဒိန်းတပ်တပ်နှင့်တောင် ကုလားဘုရားပွဲ လှည့်သလို ဖြစ်နေသည်။

ဦးကျော်ခေါင် စိတ်လှုပ်ရှားမည်ဆိုလည်း စိတ်လှုပ်ရှားစရာပင်။ ပီအေ ရာထူးပေးပြီး ခန့်ထားသည်ဆိုသော သီတာဆွေသည့် တကယ့်အပျံစားပင်။ ရုပ်ရည်က တော်တော်ချောပြီး ကိုယ်လုံးကိုယ်ပေါက်က ပြေပျစ်သည်။ အတိုင်းအထွာတွေက သူ့နေရာနှင့်သူ ဖွံ့ဖွံ့ဖြိုးဖြိုး ရှိသည်။ ဒီကြားထဲ ဆံပင်အုံကလည်း ကောင်းပြီး ဖြောင့်စင်းသည်။ ဒီခေတ်ကြီးထဲတွင် တွေ့ရခဲ့သည့် ဆံရှည်မလေး။ ကျောလည်ကို ကျော်ပြီး တင်ပါးအထိ ရောက်သည်။ ဦးကျော်ခေါင်တို့ အကြိုက်ပင်။ ပြောရမည်ဆိုလျှင် ဘာဆိုဘာမှ ပြောစရာ မလိုသည့် တကယ့် အမိစား။ အမိုက်စား ..။

အဲ .. သီတာဆွေနှင့် ပတ်သက်လျှင် ဘာမှ ပြောစရာ မရှိတာတော့ မဟုတ် ..။ တစ်ခုတော့ ပြောစရာ ရှိသည်။ အဲဒါကလည်း တစ်ခုဆို တစ်ခုဆိုသလောက်ပင်။ တခြားတော့ မဟုတ်။ သီတာဆွေသည် တော်တော်ကြီးကို နုံအသည့် မိန်းမတစ်ယောက် ဖြစ်နေခြင်းသာ …။

ဘာလိုလိုနှင့် ဦးစောမောင်၏ GMT ကုမ္ပဏီသို့ ဦးကျော်ခေါင် ရောက်နေသည်မှာ တစ်ပတ်ကြာသွားပြီ ဖြစ်သည်။ ဒီတစ်ပတ်အတွင်း ဦးကျော်ခေါင်ခင်မျာ သူ့စိတ်ကိုသူ မနည်းထိန်းနေရသည်။ မဟုတ်လျှင် ဦးစောမောင်က သူ့ပီအေအဖြစ် ခန့်ထားခဲ့သည့် သီတာဆွေကို အခန်းထဲခေါ်သွင်း၊ တံခါးပိတ်ပြီး၊ ရုံးစားပွဲပေါ်တင်ကာ ကောင်းကောင်းကြီး လိုးနေမိမှာ သေချာသည်။

ဒါတောင် သီတာဆွေကို လုံးဝကြီး လက်လွတ်ထားသည်တော့ မဟုတ်။ ထိကပါး ရိကပါး လုပ်တာ မဟုတ်သည့်တိုင် အကြောင်းအမျိုးမျိုးပြပြီး သီတာဆွေကို တစ်ခုမဟုတ်၊ တစ်ခု ခေါ်ခေါ်ခိုင်းနေမိသည်။ အဲဒီလို ခိုင်းခိုင်းနေမိလို့လည်း သီတာဆွေ အကြောင်းကို ဦးကျော်ခေါင် ပို၍ သိလာခြင်း ဖြစ်သည်။ ဘာကြောင့် ဦးစောမောင်က လုပ်ငန်းတွေကို သူမရှိလျှင် စိတ်မချသည်ကိုလည်း နားလည်လာသည်။

သီတာဆွေသည် ချောတာတော့ အတော်ချောသည်။ သူမပုံစံက နာမည်ကြီးမော်ဒယ်လ် သင်ဇင်ဝင့်ကျော်နှင့် အိချောပိုကို ပေါင်းစပ်ထားသလိုလို။ ရုပ်ရည်ရူပကာမှာ အခုခေတ်စကားသုံး ပြောရမည်ဆိုလျှင် နိုင်းထက် မနည်းပေ။ သို့သော် စဉ်းစားဆင်ခြင်ဉာဏ်နိုင်စွမ်းကတော့ သုံးလောက်တောင် ရှိရဲ့လားမသိ။ ကာတွန်းဆရာ အော်ပီကျယ်ဆွဲထားသည့် ကာတွန်းတစ်ကွက်နှင့် ကွက်တိကို တူနေသည့်သူသာ။

ကိစ္စတော်တော်များများကို ရိုးရှင်းစွာသာ တွေးပြီး၊ အယုံလည်း လွယ်တတ်သူဖြစ်သည်။ တခြား မကြည့်နှင့် . ဟိုတစ်နေ့က အဖြစ်အပျက်ကိုပဲ ကြည့်ဦး။ ဦးကျော်ခေါင်က ဖိုင်တစ်ခုကို သူ့ရုံးခန်းထဲက ဗီဒိုအပေါ်တင်ပေးဖို့ ခိုင်းသည်ကို သီတာဆွေက ရှည်ရှည်ဝေးဝေး မစဉ်းစားဘဲ ခိုင်းသည့်အတိုင်း လုပ်သည်။

သံဗီဒိုက အတော်မြင့်သည်။ သူမ အရပ်နှင့် မမှီသည့်နေရာမို့ ခုံတစ်လုံး ခုရယုံမက၊ ခြေဖျားတောင် ထောက်ရသေးသည်။ လက်မြှောက်၊ ခြေဖျားထောက်ထားသည့် သီတာဆွေ အနေအထားက ဦးကျော်ခေါင်အတွက်တော့ မယ်ဗမာပွဲကို ရှေ့ဆုံးတန်းမှ ကြည့်ရသည်နှင့် မခြား။ ပျော့ပျောင်းသည့် စကပ်ထဘီအနက်ရောင်အောက်မှ တင်းကားထွက်နေသည့် အိုးနှစ်လုံးကို နောက်ကကိုင်ပြီး တဖန်းဖန်း မြည်အောင်ကို အားရပါးရ ဆောင့်နေချင်မိတော့သည်။

ဒါတွေပဲလားဆိုတော့ မဟုတ်သေး။ ရုံးခန်းထဲတွင် ကော်ဖီခွက် မှောက်သွားလို့ သုတ်ပေးပါဆိုပြီး ခိုင်းတာက တစ်မျိုး၊ ဘောပင်အနီရောင် ပျောက်သွားလို့ ရှာပေးပါဆိုပြီး ခိုင်းတာက တစ်မျိုး၊ စသည်ဖြင့် သီတာဆွေကို အမျိုးမျိုး ခိုင်းကြည့်သည်။ သူခိုင်းသမျှ ဘာမှ သံသယမဝင်ဘဲ အကုန်လိုက်လုပ်ပေးသည်ကို တွေ့သည့်အခါ ဦးကျော်ခေါင်မှာ သဘောအကျကြီး ကျသလို၊ ရှေ့ဆက်ဖို့လည်း ဆင်ကြံကြံနေမိသည်။

ပြီးခဲ့သည့် သောကြာနေ့ကတော့ အကြံကောင်း တစ်ခု သူရသည်။ သို့သော်လည်း ထိုအကြံရသည့် အချိန်က ညနေဘက် ရုံးဆင်းချိန် ဖြစ်နေပြီမို့ ဦးကျော်ခေါင် ဘာမှ အကောင်အထည်ဖော်ခွင့်မရလိုက်။ အခု တနင်္လာနေ့ရောက်ပြီ။ ဒီနေ့တော့ သူ့အကြံအတိုင်း လှုပ်ရှားရမည်။ ဦးကျော်ခေါင် ကျေကျေနပ်နပ်ကြီး ပြုံးမိရင်း လက်ထဲတွင် ကိုင်ထားသည့် ရာဘာဘောလုံး အသေးလေးကို အားရပါးရ ဖြစ်ညှစ်နေမိသည်။

“ဂွတ်မောနင်း .. အန်ကယ် “

“မောနင်း … သီတာ “

စိတ်ဆောပြီး ရုံးကို စောရောက်နေသည့်မို့ သူ့အခန်းထဲကို ဝင်လာသည့် သီတာဆွေက အရင်စနှုတ်ဆက်သည်။ ဦးကျော်ခေါင် တန်ပြန်နှုတ်ဆက်လိုက်ပြီး လက်ထဲကိုင်ထားသည့် ရာဘာလုံးလေးကို သီတာဆွေမြင်အောင် တမင်တကာ ပြထားလိုက်သည်။ သူ့မျက်စိကတော့ သီတာဆွေ တကိုယ်လုံးကို အလွတ်မပေးဘဲ လိုက်ကြည့်နေမိသည်။

ဒီနေ့ သီတာဆွေ ဝတ်လာသည်က အပေါ်ဘက်တွင် ဗွီရှိတ်ပုံဖော်ထားသည့် ဘလောက်စ်အပြာနုလေးဖြစ်ပြီး၊ အောက်ဘက်တွင်တော့ စကင်နီစတိုင်လ်ဟုခေါ်ရမည့် ဘောင်းဘီအနက်ရောင် အရှည်ဖြစ်သည်။ ပြီးခဲ့သည့် တစ်ပတ်လုံး ထဘီ သို့မဟုတ် စကတ်အရှည်နှင့်တွေ့ရပြီး၊ ဒီနေ့တော့ စတိုင်လ်ဘောင်းဘီနှင့်မို့ သီတာဆွေ ပုံစံက တမူထူးခြားနေသည်။ အထူးသဖြင့် သွယ်လျသည့် ပေါင်တန်တွေ၏ အနေအထားကို အတိုင်းသားမြင်နေရသည်။

“စတိုင်လ်ဘောင်းဘီနဲ့ သီတာက တယ်လိုက်တာပဲ .. “

“အော် .. ဟုတ်လား .. အန်ကယ် .. အဟင်း .. ဟင်း “

ရမ္မက်လှိုင်းသံ ဟပ်ပြီး ချီးမွမ်းလိုက်သည့် ဦးကျော်ခေါင် စကားကို သီတာဆွေက သဘောရိုးနှင့် တွေးကာ ရယ်ပြုံး၍တောင် တုံ့ပြန်နေသေးသည်။ ဦးကျော်ခေါင် စိတ်ထဲတွင် ဖြစ်ပျက်နေသည့် အတွေးတွေကိုသာ သူမ သိလျှင်တော့ နေရာမှာပင် မေ့လဲသွားမလား မသိ။

“ဒီနေ့တော့ အလုပ်များမယ်နော် .. သီတာ ..။ နေ့လည်နှစ်နာရီထိုးမှာ အရေးကြီး မီတင်ရှိတယ် .. “

“ဟုတ် .. ဟုတ်ကဲ့ .. သမီးသေချာ ပြင်ဆင်ထားပါ့မယ် “

အလုပ်အကြောင်း ပြောလိုက်လို့လား မသိ။ သီတာဆွေ အသံက စိတ်လှုပ်ရှားသည့် အသံသို့ အနည်းငယ် ပြောင်းသွားသည်။ ဒါကို ဦးကျော်ခေါင် ချက်ချင်း ရိပ်မိသည်။ ခပ်ပြုံးပြုံး ဖြစ်နေသည့် မျက်နှာအမူအယာကို ချက်ချင်းတည်လိုက်ပြီး လက်ထဲကိုင်ထားသည့် ရာဘာလုံးကိုလည်း အဆက်မပြတ် ညှစ်နေလိုက်သည်။ ပြီးနောက် သီတာဆွေကို မကြည့်တော့ဘဲ စားပွဲပေါ်တွင် တင်ထားသည့် ဖိုင်တွဲတစ်ခုကို စိတ်ဝင်တစားနှင့် ဖတ်နေလိုက်သည်။

ရုံးခန်းဝတွင် မတ်တပ်ကလေး ရပ်နေသည့် သီတာဆွေ ခနတဖြုတ်တော့ ဘာလုပ်ရမှန်း မသိ။ သူများ ဘာပြောဦးမလဲဟု ရပ်စောင့်နေသည်ကို ဦးကျော်ခေါင် မျက်လုံးကို မသိမသာပင့်ကြည့်လိုက်၍ မြင်နေရသည်။ တအောင့်လောက်နေလို့ သူ့ဆီမှ ဘာစကားသံ မကြားသောအခါ တိတ်တိတ်လေး ကိုယ်ကိုယို့၍ ပြန်ထွက်သွားသည်ကို တွေ့ရသည်။ သူ့မြင်ကွင်းမှ သီတာဆွေ ပျောက်သွားသည်နှင့် ဦးကျော်ခေါင် ကြည့်နေသည် ဖိုင်ကို ဘေးသို့ ဖယ်ထားလိုက်သည်။ တည်ထားသည့် သူ့မျက်နှာသည် တဖြေးဖြေး ပြန်၍ ပြုံးလာခဲ့သည်။

နေ့လည်ခင်း မီတင်ပြီးသည်အထိတော့ ဦးကျော်ခေါင် တခြား အကြံအဖန် ဘာဆိုဘာမှ လုပ်ချိန်မရလိုက်။ မီတင်ကလည်း တကယ်ကို အရေးကြီးသည့် ကိစ္စမို့၊ အဲဒီထဲကို အာရုံနှစ်ထားရသည်။ အဆင်ပြေပြေနှင့် မီတင်ပြီးသွားလို့ ဖိတ်ခေါ်ထားသည့် လူတွေ ပြန်သွားတော့မှ ဦးကျော်ခေါင်လည်း အနားရတော့သည်။

လက်ထဲကိုင်ထားသည့် ရာဘာလုံးလေးကို ဆုပ်ယူပြီး ရုံးခန်းအပြင် သူထွက်လာတော့ (ရုံးဆင်းချိန် လွန်သွားပြီမို့) တစ်ရုံးလုံးတွင် သူနှင့် သီတာဆွေကလွဲလို့ တခြားသူ မရှိတော့။ သီတာဆွေသည်ပင် ပြန်ဖို့ ပြင်ဆင်နေချေပြီ။ သူမထိုင်ရာ စားပွဲရှိ အံဆွဲများကို တစ်ခုချင်း သော့ပိတ်နေသည်ကို တွေ့ရသည်။

ဦးကျော်ခေါင် ထွက်လာသည်ကို သီတာဆွေ မမြင်။ အောက်ဆုံးဘက်ရှိ အံဆွဲကို ကုန်း၍ သော့လှည့်ခတ်နေသည်။ ဦးကျော်ခေါင် သူ့ကိုယ်သူ သတိပေးကာ ထိန်းနေသည့်ကြားမှ ဒီတစ်ခါတော့ ဘယ်လိုမှ မရတော့။ သီတာဆွေနားက အဖြတ်တွင် ရာဘာလုံး မကိုင်ထားသည့် လက်က ဖြိုးစွင့်သည့် တင်ပါး တစ်ဖက်ကို သွားပုတ်မိသည်။ ခနဆိုမှ ခနလေး ဖြစ်သည့်တိုင် တင်းရင်းပြည့်ဖြိုးသည့် အတွေ့က ဦးကျော်ခေါင်လက်ကို ဖမ်းစားသွားသည်။

“အမေ့ .. အိုး .. အန်ကယ် “

အာမေဍိတ်သံပြုရင်း သီတာဆွေ ကိုယ်ကိုမတ်ကာ ဦးကျော်ခေါင်ဘက်သို့ လှည့်ကြည့်သည်။ သူမ မျက်နှာတွင် ထိတ်လန့်သွားမှု၊ အလိုမကျမှု၊ နားမလည်နိုင်မှုတို့က အစီအရီ ပေါ်လာသည်။ သီတာဆွေ အမူအယာကြောင့် ဦးကျော်ခေါင် တစ်ခုခု ပြောမှ ဖြစ်တော့မည်ဆိုတာ သိသည်။ အရိုးခံ မျက်နှာပေးကို အတတ်နိုင်ဆုံး ဖန်တီးလိုက်ပြီး

“ဘာမှ မဟုတ်ဘူး .. သီတာ ..။ ဒီနေ့ အလုပ်ကြီးတစ်ခုပြီးသွားတဲ့ အထိမ်းအမှတ်လုပ်တာ .. “

“ဟင် … အော် “

သီတာဆွေ မျက်နှာပေါ်တွင် စိတ်ရှုပ်ထွေးမှုက ပျောက်မသွား။ သူမ ပုံစံကို ကြည့်ပြီး ဦးကျော်ခေါင် အနည်းငယ်တောင် လန့်သွားသည်။ မျက်နှာအမူအယာ မပြောင်းအောင် ကြိုးစားထိန်းရင်း ဖြေရှင်းချက် ဆက်ပေးရသည်။

“ဘယ်လိုမှ မဖြစ်နဲ့ သီတာ ..။ အန်ကယ်တို့ နှစ်ယောက်ကို အားကစားအသင်းတစ်ခုလိုပဲ သဘောထား ..။ အန်ကယ်က နည်းပြ ..။ သီတာက အားကစားသမားပေါ့ ..။ အရေးကြီးတဲ့ပွဲတစ်ခု ပြီးသွားတဲ့အခါမှာ ကိုယ့်အသင်းသားကို ဒီလိုမျိုး ဂုဏ်ပြုတာ မဆန်းဘူး ..။ သီတာ နိုင်ငံတကာ သတင်းတွေ ကြည့်ရင် တွေ့နေမှာပဲလေ .. “

“အိုး .. ဟုတ်သားပဲ အန်ကယ် … သမီး သိတယ် .. သူတို့တွေ အဲဒီလို လုပ်ကြတာကို “

မျက်နှာလေး ကြည်လင်သွားပြီး သူ့စကားကို အပြည့်အဝ ထောက်ခံလိုက်သည့် သီတာဆွေ အသံကြားမှ ဦးကျော်ခေါင် သက်ပြင်းကို အသာလေး ခိုး၍ချရသည်။ ကံမကောင်းလျှင် ဆက်စ်ရှူရယ်ဟာရက်စ်မန့်ဆိုပြီး တရားစွဲခံရမည့် ကိစ္စက သီသီလေး လွတ်သွားသည် မဟုတ်လား။

“ဟုတ်ပြီ .. သီတာ ..။ ဒါဆို အန်ကယ် ပြန်ဦးမယ် ..။ မနက်ဖြန်မှ တွေ့မယ် .. ဖိုက်တင်း “

ပါးစပ်က ဖိုက်တင်းလို့ ပြောလိုက်ပေမယ့် ဦးကျော်ခေါင်လက်က လက်သီးဆုပ်ပြီး မြှောက်ပြသည် မဟုတ်။ သီတာဆွေ တင်ပါးရှိရာသို့ လှစ်ခနဲ ရောက်သွားပြီး ဖတ်ခနဲ မြည်အောင်ကို ပုတ်လိုက်သည်။ ထို့နောက်တော့ သီတာဆွေကို ပြန်လှည့်ကြည့်မနေတော့ဘဲ ရုံးခန်းပေါက်ရှိရာသို့ ခပ်သုတ်သုတ် လျှောက်လာခဲ့တော့သည်။

ထိုနေ့ညက ဦးကျော်ခေါင် စိတ်လှုပ်ရှားလွန်းသဖြင် အစောပိုင်းက အိပ်လို့တောင် မရ။ သီတာဆွေ၏ ပုံရိပ်များကို မြင်ယောင်ပြီး သူ့ဖွားဖက်တော်က မာမာကြီး ဖြစ်နေသည်။ နောက်ဆုံး မနေနိုင်တော့သည့်တွင် မကြီးမငယ်နှင့် ဂွင်းတိုက်လိုက်ရသည်။ ဒီတော့မှ စိတ်တွေ အနည်းငယ်ငြိမ်သွားပြီး အိပ်လို့ရသည်။ ဒါတောင်မှ မနက်ဘက်တွင် အစောကြီး ပြန်နိုးနေသဖြင့် အိပ်ရေး မဝတဝနှင့် ရုံးကို ထွက်လာခဲ့ရသည်။

ဦးကျော်ခေါင်အတွက် ကံကောင်းသည်ဟု ဆိုရမည်။ သီတာဆွေက ရုံးကို သူ့ထက် စောရောက်နေသည်။ မီးခိုးရောင် စလက်ခ်ဘောင်းဘီရှည်ကို အနက်ရောင်ဘလောက်စ်နှင့်တွဲ၍ ဝတ်ထားသည်။ စတိုင်လ်ကျသည့် အပြင် သူမကိုယ်အချိုးအစားနှင့် လိုက်ဖက်လှသည်။ နိုင်ငံခြားဇာတ်လမ်းကားတွေထဲမှာ တွေ့ရတတ်သော လုပ်ငန်းရှင် အမျိုးသမီး အသွင်မျိုးဖြစ်သည်။

ဒီနေ့လည်း မနေ့က ဇာတ်လမ်းကို ဆက်သည့်အနေနှင့် ထိုင်ရာမှ ထနှုတ်ဆက်သည့် သီတာဆွေနား အဖြတ်တွင် တင်ပါးတစ်ဖက်ကို လက်သရမ်းလိုက်သည်။ ဒီတစ်ခါတော့ သီတာဆွေ မျက်နှာ ပျက်မသွား။

Scroll to Top