မတ်လ ၂၀ ရက်ကနေ ၂၃ ရက်နေ့အတွင်း လေပြင်းတိုက်ပြီး မိုးထစ်ချုန်းရွာသွန်းမှု မိုးလေ၀လသတင်း
၂၀ ရက်နေ့မှာ အရှေ့တောင်ဘက်ကနေလေပြင်းတိုက်ခတ်မှုဖြစ်စဉ်က တစ်နာရီကို ၁၀ မိုင်ကနေ ၂၅ မိုင်ခန့်အထိရှိနိုင်ကာ မိုးအနည်းငယ်ရွာသွန်းနိုင်ကြောင်းသိရပါတယ်။၂၁ ရက်နဲ့ ၂၂ ရက်တွေမှာတော့ မွန်းလွဲပိုင်းနဲ့ ညနေပိုင်းတွေမှာ လေတိုက်ခတ်မှု မပြင်းထန်ပေမဲ့ မိုးရေချိန်၂၀ မီလီမီတာခန့်အထိ ရွာနိုင်ကြောင်း ကြိုတင်ခန့်မှန်းချက်မှာတွေ့ရှိရတယ်လို့ ဆိုပါတယ်။ ရန်ကုန်တိုင်းနဲ့ ပဲခူးတိုင်းတောင်ပိုင်းဒေသအချို့မှာ မတ်လ ၂၀ ရက်ကနေ ၂၂ ရက်အထိ လေပြင်းတိုက်ပြီး ထစ်ချုန်းမိုးရွာနိုင်တဲ့ အခြေအနေ ဖြစ်ပေါ်နိုင်ကာ အချိန်အခါမဟုတ်မိုးရွာသွန်းမှုတွေနဲ့အတူ မိုးတိမ်တောင်ဖြစ်ထွန်းမှု အားကောင်းတဲ့ဒေသတွေမှာ လေပြင်းတိုက်ခတ်တဲ့ မိုးလေဝသဖြစ်စဉ်တွေ ဖြစ်ပေါ်နိုင်လို့ စိုက်ဆင်းလေပြင်း အန္တရာယ်ကိုလည်း သတိပြုကြဖို့ လိုအပ်တယ်လို့ မိုးလေဝသနဲ့ ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်တွေကို စောင့်ကြည့်လေ့လာသူ ဦးဝင်းနိုင်က အသိပေးထားပါတယ်။ “ရန်ကုန်တိုင်းဒေသကြီးအတွင်းက တိုက်ကြီး၊ မှော်ဘီ၊ ရန်ကုန်မြို့၊ ခရမ်း၊ သုံးခွ၊ ဒါးပိန်နဲ့ ပဲခူးတိုင်းတောင် … Read more